Zawgyi
စစ္ေကာင္စီအေကာင္းျမင္ဝါဒျဖန္႔ဇာတ္ကားမ်ားအတြက္ သ႐ုပ္ေဆာင္ေတြရဖို့ ခက္ခဲေနသည္ဟုဆို
(ေတာ္လွန္ေရးမွာ ပါဝင္တဲ့ နာမည္ေက်ာ္ ဝါရင့္သ႐ုပ္ေဆာင္ေတြကို စစ္ေကာင္စီက အမွု့ဖြင့္ ဖမ္းဆီးေနတာေၾကာင့္ စစ္ေကာင္ ဝါဒျဖန္႔ ဇာတ္ကားမွာ သ႐ုပ္ေဆာင္မယ့္သူမရွိ)
စစ္ေကာင္စီ က တပ္မေတာ္ေန႔မွာ ျပသဖို့အတြက္ ဝါဒျဖန္႔ဇာတ္ကားရိုက္ဖို့ စီစဥ္ေနရာ ဝါရင့္နာမည္ႀကီးသ႐ုပ္ေဆာင္ေတြရရွိဖို့ ခက္ခဲေနတယ္လို့ သိရွိရပါသည္။
စစ္ေကာင္စီ ဝါဒျဖန္႔ဇာတ္ကားေတြ ရိုက္ကူးတဲ့ နာမည္ႀကီး ဒါရိုက္တာ ဗိုလ္မွူးတင္ေအာင္စိုး (ပန္းၿမိဳ့ေတာ္) က အခုရိုက္ၼည့္ စစ္ေကာင္စီ ဝါဒျဖန္႔ဇာတ္ကားရဲ့ ဇာတ္ေကာင္စရိုက္ေတြက ခက္ခဲလြန္းတာေၾကာင့္ အရည္အေသြးျမင့္ ဝါရင့္သ႐ုပ္ေဆာင္ေတြရဖို့ စိတ္ပူေနရတယ္ဆိုၿပီး သူရဲ့ လူမွု့ကြန္ရက္မွာ မၽွေဝထားတာျဖစ္ပါသည္။
စစ္ေကာင္စီ အာဏာရယူတာကို လက္ၼခံေၾကာင္း ျပည္သူလူထုနဲ႔တစ္ကြ နာမည္ေက်ာ္ဝါရင့္ သ႐ုပ္ေဆာင္ေတြလည္း ဆန္႔က်င္ဆႏၵျပခဲ့ရာမွာ ပါဝင္တာျဖစ္ၿပီး စစ္ေကာင္စီ က နာမည္ေက်ာ္ သ႐ုပ္ေဆာင္ ေတာ္ေတာ္မ်ားမ်ားကိုဖမ္းဆီးကာအမွု့ဖြင့္ထားတာ ျဖစ္ပါသည္။
အဲဒါေၾကာင့္ အခုရိုက္ကူးမယ့္ စစ္ေကာင္စီ ဝါဒျဖန္႔ကားမွာ ပါဝင္ရိုက္ကူးမယ့္ ဝါရင့္နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ရရွိဖို့ ခက္ခဲေနတာ ျဖစ္ပါသည္။
ဒါ႐ိုက္တာ ဗိုလ္မြဴးတင္ေအာင္စိုး (ပန္းၿမိဳ့ေတာ္) က အညတရမိုးေကာင္းကင္ (၂၀၁၆)၊ ျပည္ေထာင္စုသစၥာ (၂၀၁၇)၊ စစ္ကိုမုန္း၍တိုက္ခဲ့သည္ (၂၀၁၈)၊ နာရီတစ္ရာ့တစ္ဆယ္ (၂၀၁၉) နဲ႔ တစစ္တမက္ ကိုယ္ႏွင္႕သက္ကို (Legends Of Warriors -၂၀၂၀) စတဲ့ စစ္ေကာင္စီ ဝါဒျဖန္႕ကားေတြ ႐ိုက္ကူးထားတာျဖစ္သည္။
ပုံစာ-အရင္ကရိုက္ကူးခဲ့တဲ့ စစ္ေကာင္စီဝါဒျဖန္႔ဇာတ္ကားေတြမွာ ပါ၀င္ခဲ့တဲ့ သ႐ုပ္ေဆာင္မ်ား
Unicode
စစ်ကောင်စီအကောင်းမြင်ဝါဒဖြန့်ဇာတ်ကားများအတွက် သရုပ်ဆောင်တွေရဖို့ ခက်ခဲနေသည်ဟုဆို
(တော်လှန်ရေးမှာ ပါဝင်တဲ့ နာမည်ကျော် ဝါရင့်သရုပ်ဆောင်တွေကို စစ်ကောင်စီက အမှု့ဖွင့် ဖမ်းဆီးနေတာကြောင့် စစ်ကောင် ဝါဒဖြန့် ဇာတ်ကားမှာ သရုပ်ဆောင်မယ့်သူမရှိ)
စစ်ကောင်စီ က တပ်မတော်နေ့မှာ ပြသဖို့အတွက် ဝါဒဖြန့်ဇာတ်ကားရိုက်ဖို့ စီစဉ်နေရာ ဝါရင့်နာမည်ကြီးသရုပ်ဆောင်တွေရရှိဖို့ ခက်ခဲနေတယ်လို့ သိရှိရပါသည်။
စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးတဲ့ နာမည်ကြီး ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်) က အခုရိုက်္မည့် စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားရဲ့ ဇာတ်ကောင်စရိုက်တွေက ခက်ခဲလွန်းတာကြောင့် အရည်အသွေးမြင့် ဝါရင့်သရုပ်ဆောင်တွေရဖို့ စိတ်ပူနေရတယ်ဆိုပြီး သူရဲ့ လူမှု့ကွန်ရက်မှာ မျှဝေထားတာဖြစ်ပါသည်။
စစ်ကောင်စီ အာဏာရယူတာကို လက်္မခံကြောင်း ပြည်သူလူထုနဲ့တစ်ကွ နာမည်ကျော်ဝါရင့် သရုပ်ဆောင်တွေလည်း ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ပါဝင်တာဖြစ်ပြီး စစ်ကောင်စီ က နာမည်ကျော် သရုပ်ဆောင် တော်တော်များများကိုဖမ်းဆီးကာအမှု့ဖွင့်ထားတာ ဖြစ်ပါသည်။
အဲဒါကြောင့် အခုရိုက်ကူးမယ့် စစ်ကောင်စီ ဝါဒဖြန့်ကားမှာ ပါဝင်ရိုက်ကူးမယ့် ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ရရှိဖို့ ခက်ခဲနေတာ ဖြစ်ပါသည်။
ဒါရိုက်တာ ဗိုလ်မွူးတင်အောင်စိုး (ပန်းမြို့တော်) က အညတရမိုးကောင်းကင် (၂၀၁၆)၊ ပြည်ထောင်စုသစ္စာ (၂၀၁၇)၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် (၂၀၁၈)၊ နာရီတစ်ရာ့တစ်ဆယ် (၂၀၁၉) နဲ့ တစစ်တမက် ကိုယ်နှင့်သက်ကို (Legends Of Warriors -၂၀၂၀) စတဲ့ စစ်ကောင်စီ ဝါဒဖြန့်ကားတွေ ရိုက်ကူးထားတာဖြစ်သည်။
ပုံစာ-အရင်ကရိုက်ကူးခဲ့တဲ့ စစ်ကောင်စီဝါဒဖြန့်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်များ