အလႉေငြေတြအလြဲသုံးစားလုပ္ေနတဲ့ ABIA စစ္ဦးစီးခ်ဳပ္အေၾကာင္းကို ပန္ဆယ္လိုေဖာ္ၿပီ
စစ္ဦးစီးခ်ဳပ္နာမည္ခံထားတဲ့ေကာင္အေၾကာင္း ေျပာမယ္။ အပုတ္နံ႔က လႈိင္ေနတာ ၾကာၿပီဆိုေပမယ့္ မနက္ကထိ ဒီပြဲထဲကို ခုန္ဝင္ဖို႔ စိတ္ကူးမရွိဘူး။ လုပ္စားလြန္းအားႀကီးလို႔ ေျပာရတာ။အာဏာသိမ္းစမွာ CDM ကူညီေငြေတြ ဘုံးတယ္။ ဧရာဝတီတိုင္းအေျခစိုက္ AIA ဆိုၿပီး စဖြဲ႕တယ္။ ေနာက္ေတာ့ ျပသနာေတြျဖစ္ၿပီး ABIA ဗမာ့တိုင္းမ်ား စစ္ဦးစီးခ်ဳပ္ဆိုၿပီး ထလုပ္တယ္။ စစ္ဦးစီးခ်ဳပ္ရာထူး ဘယ္သူေပးတာလဲဆိုေတာ့ ကိုယ့္ဖာသာ ေပးတာတဲ့။ ခပ္ေျပာင္ေျပာင္ပဲ။

စစ္အူးဇီးဂ်ဳပ္ႀကီးသာ ျဖစ္ေနတာ ၈ လပိုင္းထိ တပ္လက္ကိုင္မရွိဘူး။ မီဒီယာကေန စစ္အူးဇီးဂ်ဳပ္ဆိုၿပီး ေတာ္ကီရွယ္ဖုတ္ေတာ့ ေလးစားပါတယ္၊ ေလးစားပါတယ္နဲ႔ ဇြတ္ေလးစားသူေတြေၾကာင့္ အလႉေငြေတြဘာေတြနဲ႔ အိုေကလာတယ္။ အင္အားသုံးေလးငါးဆယ္နဲ႔ အဖြဲ႕ဆိုတာေလး ျဖစ္လာတယ္။
ဟိုအဖြဲ႕ ငါးသိန္းေပး၊ ဒီအဖြဲ႕ ဆယ္သိန္းေပးနဲ႔ ဂ႐ုခ်က္ေတြဖြဲ႕တယ္။ တိုက္ပြဲသတင္းေတြ၊ ဓါတ္ပုံေတြ ေတာင္းတယ္။ ၿပီးရင္ သူတို႔အဖြဲ႕လိုလို ဘာလိုလိုနဲ႔ ေဖ့စ္ဘုတ္မွာ ထထတင္တယ္။မိေပါင္းေတြလည္း မ်ားၿပီ။
ေျပာလိုက္ရင္ တစ္ႏိုင္ငံလုံးက သူ႔လက္ေအာက္ခံ အဖြဲ႕ေတြခ်ည္းပဲ။ အဖြဲ႕တစ္ခုက တစ္ခုခု ထျဖစ္ရင္ သူ႔လက္ေအာက္ခံအဖြဲ႕ ဘာပုလို႔ ညာပုလို႔ဆိုၿပီး ပုံေတြတင္ၿပီး ေငြအရင္ဖန္တာ။ တကယ္ျဖစ္တဲ့အဖြဲ႕က သူနဲ႔ ဘာမွမဆိုင္ဘူး။
ၿပီးခဲ့တဲ့ရက္ကမွာ စစ္ကိုင္းဘက္က အဖြဲ႕ စခန္းဖ်က္ခံရတယ္။ သူ႔လက္ေအာက္ခံအဖြဲ႕ဆိုၿပီး ထလုပ္တယ္။ ပကဖေတြ Local PDF ေတြကို သူ႔လက္ေအာက္ကအဖြဲ႕ေတြဆိုၿပီး ထထလုပ္ေနတာ မနည္းေတာ့ဘူး။စစ္အူးဇီးခ်ဳပ္ႀကီးက စြမ္းတယ္။ တစ္ႏိုင္ငံလုံးက နာမည္ႀကီး Mission မွန္သမွ် သူလုပ္တယ္ဆိုတာခ်ည္းပဲ။ အရမ္း Hot သြားတဲ့ ဗားဂရာကိစၥ ပစ္သြားတဲ့လူက သူ႔လူ။ အခုေသၿပီဆိုၿပီး ထလုပ္တယ္။
တကယ္လုပ္သြားတဲ့အဖြဲ႕က သူနဲ႔ဘာမွ မသက္ဆိုင္ေၾကာင္း လာျငင္းတယ္။ ေသတယ္ဆိုတဲ့ ရဲေဘာ္အေကာင့္ကို ABIA က ထိန္းခ်ဳပ္လိုက္ၿပီဆိုၿပီး သူပါတဲ့ပုံႀကီး Profile ထခ်ိန္းတယ္။ အဓိပၸါယ္မရွိလို႔ ေထာက္ျပသူေတြကို ေသသူအေကာင့္နဲ႔ ကက္ကက္လန္ ရန္ေတြ႕တယ္။
ျပည့္စုံသူ ေသၿပီဆိုၿပီး တင္တဲ့ ဓါတ္ပုံေတြက တာခ်ီလိတ္နာေရးကူညီမႈအသင္းက တင္ထားတဲ့ ကိုေဇာ္လတ္ဆိုသူရဲ႕ အေလာင္း။ ျပည့္စုံသူက ရန္ကုန္ကေန ပစ္ၿပီး က်ည္ဒဏ္ရာနဲ႔ မဲေဆာက္ကို ေျပးတယ္။ မဲေဆာက္မွာ ေသၿပီး တာခ်ီလိတ္ကို အေလာင္းျပန္သယ္တယ္တဲ့။
ပစ္တဲ့ေန႔မွာ ေစာက္တပ္ဘက္က ျပန္ပစ္ခတ္ႏိုင္စြမ္း မရွိဘူး။ ဘယ္နားက်ည္က ထထိလဲေတာ့ မသိ။ တစ္ရက္ႏွစ္ရက္အတြင္း က်ည္ဒဏ္ရာနဲ႔ အစစ္အေဆးၾကပ္ေနတဲ့ၾကားက ေျမလွ်ိဳးမိုးပ်ံ မဲေဆာက္ ေရာက္တာလား။

နာမည္ႀကီး Mission မွန္သမွ် ဆြဲစားေနေပါင္းမ်ားၿပီ။ တကယ္လုပ္သူေတြက လုံၿခဳံေရးအရ ထရွင္းမရတာကို အခြင့္ေကာင္းယူၿပီး မ်က္ရည္ျခဴ ဂြင္ဖန္ အလႉခံ။ေတာထဲမွာ အလႉေငြနဲ႔ ေဆးခ်၊ အတိုႏွစ္လက္ ခါးၾကားထိုးၿပီး မယားငယ္နဲ႔ ႏွပ္ေနတဲ့ ေကာင္က။ ေျပာလိုက္ရင္ ႏိုင္ငံျခားမေျပးဘူး ဘာဘူး၊ ဘယ္ေျပးမလဲ… ႏိုင္ငံျခားေရာက္ရင္ ဖန္စရာဂြင္မွ မရွိေတာ့တာ။ အိမ္ျပန္မရဘူး မရဘူး။ အိမ္ျပန္ရင္ မယားႀကီးက ဆီးသမမွာမို႔ ျပန္မရတာေလ။
အလႉရွင္ေတြက အလႉေငြစာရင္း ေမးလာေတာ့ ဂ႐ုခ်က္ထဲက ထြက္ေျပး၊ လက္နက္ေတြ မွာေပးမယ္ဆိုၿပီး ေငြယူ၊ လမ္းမွာ ဖမ္းမိတယ္ဆိုၿပီး ေျဖာင္၊ အလႉရွင္ေတြ ပို႔လိုက္တဲ့ ပစၥည္းကို ၾကားကပို႔ေပးရတာကို သူေပးလိုက္သလိုေတြ ထလုပ္။ ထိုင္ေျပာရင္ မုဆိုးမေလးဂဂၤါေတာင္ ဒင္းအရႈပ္ေလာက္ မရွည္ဘူး။
ရဲေဘာ္ရဲဘက္ေဟာင္းကို ေငြတစ္သိန္းေပးၿပီး မင္းသၿဂိဳလ္စရိတ္ဆိုၿပီး ရင့္ခဲ့တာ ထည့္ေျပာေပးရဦးမလား။ ပစၥတို ႏွစ္လက္ ခါးၾကားထိုးၿပီး ကိုယ့္ကိုယ္ကိုယ္ကင္းေစာင့္ေနတာ၊ အဖြဲ႕က လူသုံးေလးဆယ္မွာ ပစၥည္းေတာင္ မစုံလို႔ ျပန္တပ္ေခါက္လာတဲ့ အဖြဲ႕ဝင္ေတြအေၾကာင္းေရာ ထည့္ေျပာေပးရဦးမလား။ စစ္ဦးစီးခ်ဳပ္ႀကီးအဖြဲ႕က တစ္ခါမွ တိုက္ပြဲမတိုက္ဖူးတာေရာ ထည့္ေျပာေပးရဦးမလား။
ကနဦးက သူ႔ကိုယ္သူ NUG ကပါဆိုၿပီး ေလွ်ာက္ေဖာတယ္။ စစ္ဦးစီးခ်ဳပ္ဆိုတာ NUG မွာေတာင္ သက္သက္မရွိဘူး။ ႏိုင္ငံေတာ္သမၼတကပဲ စစ္ဦးစီးခ်ဳပ္တာဝန္ကို တြဲယူရမွာ။ ဒင္းက ဘယ္လို စစ္ဦးစီးခ်ဳပ္ ထျဖစ္လဲေတာ့ မေျပာတတ္။
သိေနေပမယ့္ မေျပာျဖစ္ဘူးဆိုတာက ယူနီေဖာင္းဝတ္ၿပီး စတိုင္ထြားျပရင္ ပစ္ၾကည္ညိဳတတ္တဲ့ဟာေတြက ေသြးကြဲမယ္ ေသြးကြဲမယ္ဆိုၿပီး ဇြတ္ဝင္ထိန္းၾကမွာ နားကေလာလို႔ ဝင္မေျပာျဖစ္တာ။ Online မွာ တက္မေရးတာနဲ႔ ေသြးမကြဲတာ မဟုတ္ဘူး။ အျပင္မွာ ငလိမ္ေကာင္ကို ေဘာင္ခ်ာစုတ္ခ်င္ေနတာ တစ္ပုံႀကီး။
credit
အလှူငွေတွေအလွဲသုံးစားလုပ်နေတဲ့ ABIA စစ်ဦးစီးချုပ်အကြောင်းကို ပန်ဆယ်လိုဖော်ပြီ
စစ်ဦးစီးချုပ်နာမည်ခံထားတဲ့ကောင်အကြောင်း ပြောမယ်။ အပုတ်နံ့က လှိုင်နေတာ ကြာပြီဆိုပေမယ့် မနက်ကထိ ဒီပွဲထဲကို ခုန်ဝင်ဖို့ စိတ်ကူးမရှိဘူး။ လုပ်စားလွန်းအားကြီးလို့ ပြောရတာ။အာဏာသိမ်းစမှာ CDM ကူညီငွေတွေ ဘုံးတယ်။ ဧရာဝတီတိုင်းအခြေစိုက် AIA ဆိုပြီး စဖွဲ့တယ်။ နောက်တော့ ပြသနာတွေဖြစ်ပြီး ABIA ဗမာ့တိုင်းများ စစ်ဦးစီးချုပ်ဆိုပြီး ထလုပ်တယ်။ စစ်ဦးစီးချုပ်ရာထူး ဘယ်သူပေးတာလဲဆိုတော့ ကိုယ့်ဖာသာ ပေးတာတဲ့။ ခပ်ပြောင်ပြောင်ပဲ။
စစ်အူးဇီးဂျုပ်ကြီးသာ ဖြစ်နေတာ ၈ လပိုင်းထိ တပ်လက်ကိုင်မရှိဘူး။ မီဒီယာကနေ စစ်အူးဇီးဂျုပ်ဆိုပြီး တော်ကီရှယ်ဖုတ်တော့ လေးစားပါတယ်၊ လေးစားပါတယ်နဲ့ ဇွတ်လေးစားသူတွေကြောင့် အလှူငွေတွေဘာတွေနဲ့ အိုကေလာတယ်။ အင်အားသုံးလေးငါးဆယ်နဲ့ အဖွဲ့ဆိုတာလေး ဖြစ်လာတယ်။
ဟိုအဖွဲ့ ငါးသိန်းပေး၊ ဒီအဖွဲ့ ဆယ်သိန်းပေးနဲ့ ဂရုချက်တွေဖွဲ့တယ်။ တိုက်ပွဲသတင်းတွေ၊ ဓါတ်ပုံတွေ တောင်းတယ်။ ပြီးရင် သူတို့အဖွဲ့လိုလို ဘာလိုလိုနဲ့ ဖေ့စ်ဘုတ်မှာ ထထတင်တယ်။မိပေါင်းတွေလည်း များပြီ။
ပြောလိုက်ရင် တစ်နိုင်ငံလုံးက သူ့လက်အောက်ခံ အဖွဲ့တွေချည်းပဲ။ အဖွဲ့တစ်ခုက တစ်ခုခု ထဖြစ်ရင် သူ့လက်အောက်ခံအဖွဲ့ ဘာပုလို့ ညာပုလို့ဆိုပြီး ပုံတွေတင်ပြီး ငွေအရင်ဖန်တာ။ တကယ်ဖြစ်တဲ့အဖွဲ့က သူနဲ့ ဘာမှမဆိုင်ဘူး။
ပြီးခဲ့တဲ့ရက်ကမှာ စစ်ကိုင်းဘက်က အဖွဲ့ စခန်းဖျက်ခံရတယ်။ သူ့လက်အောက်ခံအဖွဲ့ဆိုပြီး ထလုပ်တယ်။ ပကဖတွေ Local PDF တွေကို သူ့လက်အောက်ကအဖွဲ့တွေဆိုပြီး ထထလုပ်နေတာ မနည်းတော့ဘူး။စစ်အူးဇီးချုပ်ကြီးက စွမ်းတယ်။ တစ်နိုင်ငံလုံးက နာမည်ကြီး Mission မှန်သမျှ သူလုပ်တယ်ဆိုတာချည်းပဲ။ အရမ်း Hot သွားတဲ့ ဗားဂရာကိစ္စ ပစ်သွားတဲ့လူက သူ့လူ။ အခုသေပြီဆိုပြီး ထလုပ်တယ်။
တကယ်လုပ်သွားတဲ့အဖွဲ့က သူနဲ့ဘာမှ မသက်ဆိုင်ကြောင်း လာငြင်းတယ်။ သေတယ်ဆိုတဲ့ ရဲဘော်အကောင့်ကို ABIA က ထိန်းချုပ်လိုက်ပြီဆိုပြီး သူပါတဲ့ပုံကြီး Profile ထချိန်းတယ်။ အဓိပ္ပါယ်မရှိလို့ ထောက်ပြသူတွေကို သေသူအကောင့်နဲ့ ကက်ကက်လန် ရန်တွေ့တယ်။
ပြည့်စုံသူ သေပြီဆိုပြီး တင်တဲ့ ဓါတ်ပုံတွေက တာချီလိတ်နာရေးကူညီမှုအသင်းက တင်ထားတဲ့ ကိုဇော်လတ်ဆိုသူရဲ့ အလောင်း။ ပြည့်စုံသူက ရန်ကုန်ကနေ ပစ်ပြီး ကျည်ဒဏ်ရာနဲ့ မဲဆောက်ကို ပြေးတယ်။ မဲဆောက်မှာ သေပြီး တာချီလိတ်ကို အလောင်းပြန်သယ်တယ်တဲ့။
ပစ်တဲ့နေ့မှာ စောက်တပ်ဘက်က ပြန်ပစ်ခတ်နိုင်စွမ်း မရှိဘူး။ ဘယ်နားကျည်က ထထိလဲတော့ မသိ။ တစ်ရက်နှစ်ရက်အတွင်း ကျည်ဒဏ်ရာနဲ့ အစစ်အဆေးကြပ်နေတဲ့ကြားက မြေလျှိုးမိုးပျံ မဲဆောက် ရောက်တာလား။
နာမည်ကြီး Mission မှန်သမျှ ဆွဲစားနေပေါင်းများပြီ။ တကယ်လုပ်သူတွေက လုံခြုံရေးအရ ထရှင်းမရတာကို အခွင့်ကောင်းယူပြီး မျက်ရည်ခြူ ဂွင်ဖန် အလှူခံ။တောထဲမှာ အလှူငွေနဲ့ ဆေးချ၊ အတိုနှစ်လက် ခါးကြားထိုးပြီး မယားငယ်နဲ့ နှပ်နေတဲ့ ကောင်က။ ပြောလိုက်ရင် နိုင်ငံခြားမပြေးဘူး ဘာဘူး၊ ဘယ်ပြေးမလဲ… နိုင်ငံခြားရောက်ရင် ဖန်စရာဂွင်မှ မရှိတော့တာ။ အိမ်ပြန်မရဘူး မရဘူး။ အိမ်ပြန်ရင် မယားကြီးက ဆီးသမမှာမို့ ပြန်မရတာလေ။
အလှူရှင်တွေက အလှူငွေစာရင်း မေးလာတော့ ဂရုချက်ထဲက ထွက်ပြေး၊ လက်နက်တွေ မှာပေးမယ်ဆိုပြီး ငွေယူ၊ လမ်းမှာ ဖမ်းမိတယ်ဆိုပြီး ဖြောင်၊ အလှူရှင်တွေ ပို့လိုက်တဲ့ ပစ္စည်းကို ကြားကပို့ပေးရတာကို သူပေးလိုက်သလိုတွေ ထလုပ်။ ထိုင်ပြောရင် မုဆိုးမလေးဂင်္ဂါတောင် ဒင်းအရှုပ်လောက် မရှည်ဘူး။
ရဲဘော်ရဲဘက်ဟောင်းကို ငွေတစ်သိန်းပေးပြီး မင်းသဂြိုလ်စရိတ်ဆိုပြီး ရင့်ခဲ့တာ ထည့်ပြောပေးရဦးမလား။ ပစ္စတို နှစ်လက် ခါးကြားထိုးပြီး ကိုယ့်ကိုယ်ကိုယ်ကင်းစောင့်နေတာ၊ အဖွဲ့က လူသုံးလေးဆယ်မှာ ပစ္စည်းတောင် မစုံလို့ ပြန်တပ်ခေါက်လာတဲ့ အဖွဲ့ဝင်တွေအကြောင်းရော ထည့်ပြောပေးရဦးမလား။ စစ်ဦးစီးချုပ်ကြီးအဖွဲ့က တစ်ခါမှ တိုက်ပွဲမတိုက်ဖူးတာရော ထည့်ပြောပေးရဦးမလား။
ကနဦးက သူ့ကိုယ်သူ NUG ကပါဆိုပြီး လျှောက်ဖောတယ်။ စစ်ဦးစီးချုပ်ဆိုတာ NUG မှာတောင် သက်သက်မရှိဘူး။ နိုင်ငံတော်သမ္မတကပဲ စစ်ဦးစီးချုပ်တာဝန်ကို တွဲယူရမှာ။ ဒင်းက ဘယ်လို စစ်ဦးစီးချုပ် ထဖြစ်လဲတော့ မပြောတတ်။
သိနေပေမယ့် မပြောဖြစ်ဘူးဆိုတာက ယူနီဖောင်းဝတ်ပြီး စတိုင်ထွားပြရင် ပစ်ကြည်ညိုတတ်တဲ့ဟာတွေက သွေးကွဲမယ် သွေးကွဲမယ်ဆိုပြီး ဇွတ်ဝင်ထိန်းကြမှာ နားကလောလို့ ဝင်မပြောဖြစ်တာ။ Online မှာ တက်မရေးတာနဲ့ သွေးမကွဲတာ မဟုတ်ဘူး။ အပြင်မှာ ငလိမ်ကောင်ကို ဘောင်ချာစုတ်ချင်နေတာ တစ်ပုံကြီး။
credit



