(၃)လပြည့်အလွမ်း

ဒီနေ့(၂၇.၆.၂၀၂၁)တွင် ကျွန်မရဲ့သားဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တာ၃လပြည့်ပါပြီ။ဒီ၃လဟာကျွန်မတို့မိသားစုအတွက်အလွန်ခက်ခဲပင်ပန်းတဲ့ကာလရှည်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီ၃လအတွင်းမှာကျွန်မစိတ်ထဲ…ဒီအချိန်သားသာရှိနေသေးရင်….ဆိုပြီးတမ်းတမိ၊မြင်ယောင်မိတဲ့အကြိမ်ပေါင်းလည်းမရေမတွက်နိုင်အောင်ပါပဲ။သက်ရှိထင်ရှားမရှိတော့ပေမဲ့တော်လှန်ရေးမအောင်မခြင်းကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ကျွန်မသားကိုတော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်။လူကိုသာသတ်နိုင်မယ်၊ပြင်းထန်လှတဲ့သူ့ရဲ့စိတ်ကိုတော့ဘယ်သူမှဖိနှိပ်ချုပ်ကိုင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။



