အဆိုတော်ချမ်းချမ်းလို့ဆိုလိုက်တာနဲ့ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းပေါင်းများစွာကို
ပရိတ်သတ်ရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ကြောင်းအားလုံးကသိကြပါတယ်။
သူမဟာ သူမရဲ့ ကောင်းမွန်လှတဲ့ အသံချိုချိုကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို
အခုထိတိုင်လက်ခံရရှိထားတဲ့ ပြည်သူ့အသည်းစွဲ အဆိုတော်လည်းဖြစ်ပါတယ်။
သူမဟာလက်ရှိမှာ အိမ်ထောင်ကျသွားပြီဖြစ်ပေမယ့် အနုပညာလုပ်ငန်းများကိုတော့
သူမ တတ်စွမ်းသလောက် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
သူမအနေနဲ့ အလွန်ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး
ပရိတ်သတ်ကလည်း သူမရဲ့ သမီးလေးတွေကိုဝိုင်းဝန်းချစ်ခင်ပေးကြတာမြင်ရမှာဖြစ်ပါတယ်။
လက်ရှိမှာလည်း သူမဟာ တခြားသောတိုင်းပြည်တစ်ခုမှာရှိနေပေမယ့်လည်း
ပရိတ်သတ်တွေအတွက် တတ်စွမ်းသလောက် အမြဲကြိုးစားပေးနေသူတစ်ဦးဖြစ်ပါတယ်။
သူမဟာ လက်ရှိမှာ နိုင်ငံခြားသားတစ်ဦးနှင့် လက်ထပ်ထားပြီး တခြားတိုင်းပြည်တစ်ခုမှာနေထိုင်နေတာပဲဖြစ်ပါတယ်။
သို့ပေမယ့် သူမဟာ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လို့ တကယ်ကို တတ်စွမ်းသမျှကြိုးစားဆောင်ရွက်ပေးနေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။
ယခုမှာလည်း သူမဟာ ဒလန်တစ်ယောက်ကြောင့် သူမအကောင့် အပိတ်ခံရတဲ့အကြောင်းလေးကို ခုလိုပဲ ပြောကြားလာပါတယ်။
“ဒီနေ့နေ့လယ် ဒလံတယောက်ကြောင့်ကျမရဲ့ အကောင့်ပိတ်ခံရပါတယ်
တတ်နိုင်သမျှစစ်ဆေးပေမဲ့ လူရင်းကပဲလုပ်သွားတာကြောင့် ဘာမှမတတ်နိုင်ပါဘူး
ကျမ အကောင့်ထဲ ငွေ ကိုးသိန်းကျော်ရှိနေပါပီ အခုထပ်လှူတာမရဘူးဖြစ်နေလို့
လာပြောကြတဲ့ အတွက်စိတ်မကောင်းပါဘူး
ကျမ အလှူငွေလက်ခံလို့မရတော့ပေမဲ့ အထည်တွေအစားအသောက်တေလက်ခံပေးနေပါတယ်
လက်မလျော့ဘူး မရရအောင်ကိုလှုမှာ
အခုလို ကုသိုလ်အလုပ်ကို အကုသိုလ်ဖြစ်အောင်လုပ်တဲ့ အတွက်ပြည်သူတွေမေတ္တာစူးမှာသေချာတယ်”
ဆိုပြီး သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။
ဖတ်ရှုအားပေးတဲ့ ပရိတ်သတ်တွေအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေနော်
(Zawgyi)
Source: Chan Chan