ၾကားသိရသမွ်

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းကျခံရသူများ Oct 18 စတင်လွတ်မြောက်..”

အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြမှုများတွင်ပါဝင်ခဲ့ပြီး

အချုပ်ထောင်/အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော

အကျဉ်းသူ အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို

ယနေ့ အောက်တိုဘာ ၁၈ရက်တွင်ကြေညာခဲ့ပြီးနောက်

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ညနေ၆နာရီခွဲခန့်တွင်

စတင်၍လွှတ်ပေးခဲ့ရာ ပြန်လည်လွတ်မြောက်လာသူများကို

ယင်းတို့၏ ဆွေမျိုးသားချင်းများက အကျဉ်းထောင်ဝတွင် လာရောက်ကြိုဆိုကြသည်။

ထို့နောက်နေရပ်အသီးသီးသို့ ဘတ်စ်ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးသည်ကိုမြင်တွေရသည်။

(ရုပ်သံ)Yangon Media Group

Zawgyi








