ၾကားသိရသမွ်

လူေသ ကို မေၾကာက္ လူရွင္ကို ေၾကာက္သည့္ အမ်ိဳးသမီး သုဘရာဇာ မၾကည္ၾကည္၀င္း….

ပခုကၠဴ၏ ဇန္နဝါရီလ လယ္ ေဆာင္းတြင္း ေန႔လယ္သည္ အေအးဓာတ္ ေကာင္းေကာင္း မျပယ္ေသး။ ပခုကၠဴ-ၿမိဳင္လမ္းမ၏ အေရွ႕ဘက္ ေျမနီလမ္းကေလးတစ္ခု၏ အတြင္းဘက္ခပ္က်က်တြင္ သံုးမိုင္ကုန္း သုသာန္ရွိသည္။ သုသာန္သည္ လူသူကင္းရွင္း၍ ေက်းငွက္သံတုိ႔မွတစ္ပါး အရာအားလံုး တိတ္ဆိတ္ၿငိမ္ သက္ေနသည္။

ထိုအဝန္းအဝိုင္း ထဲတြင္ သြပ္မိုးထရံကာ အိမ္ကေလးတစ္လံုး ရွိေနေလသည္။ ထိုအိမ္ကေလးတြင္ မၾကည္ၾကည္ဝင္းတို႔ မိသားစုေနထိုင္ပါသည္။မၾကည္ၾကည္ဝင္းတို႔ အိမ္ တံခါးမႀကီးႏွင့္ မ်က္ႏွာခ်င္းဆုိင္၊ အိမ္ကေလး၏ အေနာက္ဘက္မွာ ေတာ့ ဇရပ္ႀကီးတစ္ခုရွိသည္။ ထို ဇရပ္မွာ နာေရးေတြ သရဏဂံု တင္ၾကသည္။

ဇရပ္ေဘးမွာ အုတ္ကန္ေလး တစ္ခုရွိၿပီး ထိုအုတ္ကန္ ထဲတြင္ သံအေခါင္းႀကီးတစ္ခု ထည့္ထားသည္။ ဇရပ္၏ တစ္ဖက္တြင္ေတာ့ မီးခိုးေခါင္းတုိင္ေတြ ထိုးထိုးေထာင္ေထာင္ျဖင့္ မီးသၿဂႋဳဟ္စက္ႏွစ္လံုး။ အိမ္ကေလး၏ ေတာင္ဘက္၊ အေရွ႕ဘက္၊ ေျမာက္ဘက္ေတြမွာေတာ့ ပတ္ ပတ္လည္ အုတ္ဂူမ်ား… ။

မၾကည္ၾကည္ဝင္းတို႔ မိသား စု၏ ေနအိမ္ဝန္းက်င္သည္ အမ်ားအတြက္ေတာ့ ထူးဆန္းေနလိမ့္ မည္။ သူတို႔အတြက္ေတာ့ မထူး ဆန္းေတာ့။ ပခုကၠဴသုသာန္သည္ မၾကည္ၾကည္ဝင္းတုိ႔ဘဝ။ မၾကည္ၾကည္ဝင္းက ဒီသုသာန္မွာ ဘုရင္ ျဖစ္သည္။ ဟုတ္သည္။ သူ႔အလုပ္ အမည္နာမမွာကိုက ဘုရင္လုိ႔ အတိအလင္း ဖြင့္ဆိုၿပီးသား။ နာ မည္ေလးကေတာ့ အေတာ္လွ သည္။ ဘာတဲ့ သုဘရာဇာတဲ့။

အရပ္အေမာင္း ငါးေပငါး လက္မခန္႔၊ မ်က္လံုး၊ မ်က္ခံုးေကာင္းေကာင္း၊ အသားအေရ ခပ္လတ္လတ္ျဖင့္ ရွင္မေတာင္ သနပ္ခါး အစစ္လိမ္းထားေသာ ႐ုပ္ရည္အေတာ္အသင့္ သန္႔ျပန္႔သည့္ အသက္(၄၃)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ေယာက္ကို သုဘရာဇာ လုပ္သည္ဟု မည္သူကထင္မည္နည္း။ မၾကည္ၾကည္ဝင္း လည္း ကိုယ့္ကိုယ္ကိုယ္ သုဘရာ ဇာတစ္ေယာက္ ျဖစ္လာ မည္ဟု မထင္ခဲ့ပါ။ ေတြးလည္း မေတြးခဲ့ ဖူးပါ။ သို႔ေသာ္ ကံဇာတ္ဆရာ ၫႊန္ၾကားလာေတာ့လည္း မကခ်င္ဘူးျငင္းေနလို႔မရ။ စိတ္ပါပါ၊ မပါပါအသံုးေတာ္ခံ ကျပရသည္ကိုက ဘဝမဟုတ္လား။

မၾကည္ၾကည္ဝင္းက ပခုကၠဴ ႏွင့္ သိပ္မေဝးသည့္ ေရစႀကိဳနယ္ ကျဖစ္သည္။ ေရစႀကိဳမွာ ေဈး ေရာင္းရင္း ပခုကၠဴသားတစ္ ေယာက္ႏွင့္ ရည္ငံမိသည္။ ႏွစ္ ေယာက္သား အေၾကာင္းပါေတာ့ ေရစႀကိဳမွာ ေနလိုက္ေသးသည္။ သို႔ေသာ္ စီးပြားေရးက သိပ္အဆင္ မေျပ။ ေရစႀကိဳကေန ပခုကၠဴကို ဟိုကူးလိုက္ ဒီကူးလိုက္။ သား သမီးေတြ လည္း တစ္ေယာက္ၿပီး တစ္ေယာက္ရသည္။ သားသမီး ငါးေယာက္ရၿပီးေတာ့ ပခုကၠဴမွာ ျပန္အေျခခ်သည္။ အမ်ိဳးသားက စည္ပင္သာယာမွာ အလုပ္ဝင္ ေလွ်ာက္သည္။ ရသည္။ သို႔ေသာ္ သူ တာဝန္က်သည့္ ေနရာက ပခုကၠဴသုသာန္တဲ့။

မၾကည္ၾကည္ဝင္း အမ်ိဳး သား၏ အလုပ္ေနရာကို လိုက္ မေနခ်င္။ ေန လည္းမေနရဲ။ တစ္ သက္နဲ႔တစ္ကိုယ္ သခ်ႋဳင္းေျမ မွာ ေနရဖို႔ စိတ္ေတာင္ကူးဖူး တာမဟုတ္။ မ်ိဳးထဲ႐ိုးထဲလည္း သုသာန္မွာ အလုပ္လုပ္ဖူးသူမရွိ။ ပထမေတာ့ သူနဲ႔အတူ လိုက္မေန ဘူး။ သို႔ေသာ္ ေအးအတူပူအမွ် ေနႏုိင္မွသာ မိသားစု လို႔ေခၚဆို ႏိုင္တာမဟုတ္လား။ ေနာက္ဆံုး ေတာ့ မၾကည္ၾကည္ဝင္း တစ္ ေယာက္ ကေလးေတြကို လက္ဆြဲ ၿပီးေတာ့သာ သုသာန္ထဲက အိမ္ ကေလးဆီ ေျပာင္းေရႊ႕လို႔လာခဲ့ရ ေတာ့သည္။

မၾကည္ၾကည္ဝင္းတုိ႔ မိသား စုေတြ ဒီသုသာန္ထဲ စေရာက္ခါစ က အိမ္ကေလးက ခုလိုမက်ယ္ ေသး။ ေနာက္ၿပီး ခု လို လွ်ပ္စစ္မီး လည္းမရေသး။ မၾကည္ၾကည္ဝင္းက ထမင္းဟင္းေတြကို ေစာေစာ ခ်က္ျပဳတ္ထားၿပီး ညေန ၄ နာရီ ေလာက္ဆို မိသားစု ေစာေစာစီး စီး ထမင္းစားၾကသည္။ သုသာန္ ေျမထဲတြင္ မေကာင္းဆိုးဝါးေတြ ေနေလ့ရွိၿပီး ထမင္းဟင္းေတြ လု စားတတ္သည္ဟု ၾကားဖူးထား ၍ျဖစ္သည္။ မျမင္ရသည့္ နာနာ ဘာဝေတြကို ေၾကာက္လန္႔ၿပီး ေစာေစာစီးစီး စားထားၾကျခင္း ျဖစ္သည္။

ထမင္းစားၿပီးေတာ့ တျဖည္းျဖည္း ေနေစာင္း လာသည္။ သုသာန္ သည္လည္း နာေရးခ်ခ်ိန္မွလြဲ၍ ဘာဆုိဘာသံမွ်မၾကားရ။ ေက်းငွက္သံေလးေတြသာ စိုးစီစိုးစီၾကားရသည္။ ငွက္ေတြ အိပ္တန္းျပန္ေခ်ၿပီ။ ေနမင္းလည္း ဝင္သြားေလၿပီ။ သုသာန္ေျမမွာ အေမွာင္ထုက ခ်င္းနင္းဝင္ေရာက္လာခဲ့သည္။ ညေရာက္သြားေလၿပီ။

ဖေယာင္းတုိင္ေလးကို ထြန္းကာ မိသားစု ကုပ္ေနၾကသည္။ ဖေယာင္းတုိင္ဖိုးကလည္း သိပ္မတတ္ႏုိင္သျဖင့္ ေစာေစာစီးစီး အိပ္ရာဝင္ၾကသည္။ ကေလးေတြကေတာ့ ေၾကာက္လြန္း၍ တစ္ေယာက္ႏွင့္တစ္ေယာက္ ပူးကပ္ကာ အိပ္ၾကသည္။ မၾကည္ၾကည္ဝင္းႏွင့္ ကေလးေတြ ေၾကာက္မည္ဆိုလည္း ေၾကာက္စရာ။ အိမ္ပတ္ ပတ္လည္မွာ သရဏဂံုတင္သည့္ ဇရပ္၊ မီးသၿဂႋဳဟ္စက္ႏွင့္ ေျမပံု ေတြ၊ အုတ္ဂူေတြက ဝိုင္းေနသည္ ေလ။

ထိုသို႔ေနလာခဲ့ရင္း တစ္လ ခြဲ၊ ႏွစ္လခန္႔ၾကာေတာ့ မၾကည္ ၾကည္ဝင္းတုိ႔ မိသားစုေတြ အသားက် လာခဲ့သည္။ သုသာန္ေျမသာ ဆိုေသာ္လည္း ဇာတ္ကားေတြထဲ ကလို ေျခာက္တာ၊ လွန္႔တာေတြ မႀကံဳရ။ မၾကည္ၾကည္ဝင္းက လည္း နံနက္ခင္း ၄၊ ၅ နာရီ ေလာက္ထကာ ဘုရားစင္သန္႔ရွင္းေရး လုပ္၊ ဘုရားပန္းလဲ၊ ဆြမ္းကပ္ ၿပီး အမွ်အတန္းေဝေလ့ရွိသည္။ ေနာက္ၿပီး သုသာန္မွာ တရားလာ ထုိင္သည့္ သံဃာေတာ္တစ္ပါးက လည္း မိန္႔ဖူးသည္။ ‘‘ဒကာမႀကီး လူေသေတြကို မေၾကာက္နဲ႔။ လူ ရွင္ေတြကိုသာ ေၾကာက္’’တဲ့။

ထုိ႔ေနာက္မွာေတာ့ မၾကည္ ၾကည္ဝင္းတစ္ေယာက္ တျဖည္း ျဖည္း နားလည္ လာခဲ့သည္။ သုသာန္ေျမဆိုတာ ေၾကာက္စရာ လုိ႔ သူ မျမင္မိေတာ့။ သူတင္ မဟုတ္။ သူ႔သားသမီးေတြက လည္း သူတုိ႔ေနရသည့္ သခ်ႋဳင္း ေျမအေပၚ အေၾကာက္အလန္႔မရွိ ေတာ့။ ထိုမွ်မက လူပ်ိဳေပါက္အ ရြယ္ သားႀကီးႏွစ္ေယာက္ ဆိုလွ်င္ နံနက္ ၅ နာရီထိုးလွ်င္ ဖေအႏွင့္ အတူ အိပ္ရာမွထၿပီး မေန႔က ႀကိဳ တင္စာရင္းေပးထားသည့္ နာေရး ေတြအတြက္ ေျမခ်ဖို႔ က်င္းေတြ ကူတူးေပးၾကသည္။

အေတာ္ ေလးေနျမင့္လုိ႔ က်င္းတူးသည့္ ကိစၥၿပီးၿပီဆိုမွ ေရမိုးခ်ိဳး နံနက္စာ စားကာ ေက်ာင္းသြားၾကသည္။ မၾကည္ၾကည္ဝင္းကလည္း အိမ္ မႈကိစၥတင္မက သူတုိ႔လိုအပ္ရာ ေတြ ဝိုင္းကူသည္။ တစ္ရက္မွာေတာ့ ေရနံေမွာ္ တစ္ခု မီးေလာင္ၿပီး အေလာင္း ေတြ အေတာ္မ်ားမ်ား ေရာက္လာ ခဲ့သည္။ မီးသၿဂႋဳဟ္စက္မွာလည္း မႏုိင္ေတာ့။

မၾကည္ၾကည္ဝင္း လည္း ဝင္ကူရေတာ့ သည္။ ထို႔ ေနာက္ပိုင္းမွာေတာ့ မၾကည္ ၾကည္ဝင္းလည္း ေယာက်္ားႏွင့္ အတူ ေျမက်င္းတူး၊ မီးသၿဂႋဳဟ္ စက္ကိုင္သည့္အလုပ္ေတြပါ ဝင္ လုပ္ျဖစ္ေတာ့သည္။

ေျခာက္ေယာက္ေျမာက္ အ ငယ္ဆံုးသားေလး ေမြးၿပီး သိပ္ မၾကာမီမွာ သူ႔အမ်ိဳးသား က်န္း မာေရးေတြ ခ်ိဳ႕ယြင္းလာ ခဲ့သည္။ ေဆး႐ံု တင္ရသည္။ မၾကည္ၾကည္ ဝင္းႏွင့္ သားသမီးေတြ ေဆး႐ံုေျပး လိုက္၊ သခ်ႋဳင္းေျပးလိုက္ျဖင့္ အ လုပ္ေတြမ်ားရသည္။ ေနာက္ဆံုး ေတာ့ ေဆး႐ံုေျပးရန္မလိုေတာ့ သည့္အေၾကာင္း ဖန္လာသည္။ သူ႔အမ်ိဳးသား ကြယ္လြန္သြားေလ ၿပီ။

သူ ့ေယာက်ား္ဆံုးေတာ့ မၾကည္ၾကည္ဝင္း အားေတာ့အေတာ္ ေလးေလ်ာ့သြားသည္။ သားသမီး ေျခာက္ေယာက္ႏွင့္ မုဆိုးမတစ္ ေယာက္ ဘဝခရီး ဘယ္လိုေရွ႕ ဆက္ရမလဲ။ သူ႔ေယာက်္ားနာေရးကိစၥ သားသမီးေျခာက္ေယာက္ ႏွင့္အတူ ျပင္ဆင္ၾကသည္။ မိုး ေတြ၊ ေလေတြလည္း လာလိုက္ ေသးသည္။ သားႏွစ္ေယာက္က ဖေအ့အေလာင္း ေျမျမႇဳပ္ဖုိ႔ က်င္း တူးရင္း မ်က္ရည္ေတြ က်ေနၾက သည္။

မၾကည္ၾကည္ဝင္းကေတာ့ မငို မိ။ သူငုိလွ်င္ သားသမီးေတြ ပိုၿပီး အားငယ္ေပလိမ့္မည္။ သား ႏွစ္ေယာက္က သူတို႔အေဖ ႐ုပ္အ ေလာင္းအား ဆီးပင္ေလးတစ္ပင္ ေအာက္မွာ သီးသန္႔ေလးေျမျမႇဳပ္ ေပးသည္။ အမွတ္တရအုတ္ဂူ လုပ္ခ်င္ေသာ္လည္း အုတ္ဂူလုပ္ လွ်င္ သိန္းခ်ီကုန္မည္ျဖစ္၍ မလုပ္ျဖစ္။

ေယာက်္ားဆံုးၿပီးေတာ့ မၾကည္ၾကည္ဝင္း ေရစႀကိဳျပန္ဖို႔ စဥ္းစားေသးသည္။ ရြာက အမ်ိဳး ေတြကလည္း ေခၚသည္။ ရြာမွာ တင္ေန၊ ေဈးေရာင္း၊ လိုတာဝိုင္းကူမယ္ဟု။ သို႔ေသာ္ မၾကည္ၾကည္ ဝင္း ျပန္စဥ္းစားသည္။ ဒီသုဘရာ ဇာအလုပ္က အမ်ားအျမင္သာ တစ္မ်ိဳးျဖစ္တာ တကယ္တမ္းက် ကုသိုလ္ေတာ င္ရေသးသည္။ နာ ေရးရွင္ေတြ ေသာကေတြမ်ားေန ခ်ိန္ တတ္ႏုိင္သေလာက္ ဝင္ကူ ေပးရသည္ဟု ယူဆ၍ျဖစ္သည္။

ၿပီးေတာ့ လူေသေတြကို သူ မေၾကာက္တတ္ေတာ့။ ေနာက္ ဆံုးေတာ့ မၾကည္ၾကည္ဝင္း ေရ စႀကိဳ မျပန္ျဖစ္ေတာ့ပါ။ သူ႔ ေယာက်္ား၏ အလုပ္ကို လက္လႊဲ ယူလိုက္ကာ သုဘရာဇာအမည္ ကို ခံယူလိုက္ပါေတာ့သည္။

တစ္ရက္တစ္ရက္ လာလိုက္တဲ့ လူေသအေလာင္းေတြကို ၾကည့္ရင္း မၾကည္ၾကည္ဝင္း သံ ေဝဂေတြရသည္။ ျဖစ္စဥ္ေတြက လည္း အမ်ိဳးစံု၊ အရြယ္စံု။ ႀကိဳးဆြဲ ခ်လို႔၊ ဓားနဲ႔အထိုးခံရလို႔၊ အက္ ဆီးဒင့္ျဖစ္လုိ႔ စသျဖင့္ အေၾကာင္းအရာေပါင္းစံုသည္။ ေမြးကင္းစ ကေလး အေလာင္းေတြကေတာ့ ေက်ာပူေအာင္ မထားရဘူးဆို သည့္ အယူအဆေၾကာင့္ ညႀကီး အခ်ိန္မေတာ္ လာခ်တာေတြ လည္း ရွိသည္။ ထိုအခါက် ညဥ့္ နက္သန္းေခါင္ က်င္းထတူးၿပီး ျမႇဳပ္ေပးရသည္။

မၾကည္ၾကည္ဝင္းက ေဘး ဝန္းက်င္ကို အမွ်အတန္းေပးေဝ ေလ့ရွိ၍ သူ႔အလုပ္ကို အေႏွာင့္ အယွက္ေပးတာမ်ိဳးေတြ မႀကံဳရ။ သားေတြကလည္း ဖေအႀကီးဆံုး သြားေတာ့ အငယ္ေတြကိုငဲ့ၿပီး ကိုးတန္းေတြ၊ ေျခာက္တန္းေတြ ေရာက္ခါမွ ေက်ာင္းထြက္ကာ အေမ့ကို ကူေတာ့သည္။ သား သမီးေျခာက္ေယာက္ စားဝတ္ေန ေရးအတြက္ မၾကည္ၾကည္ဝင္း တစ္ေယာက္ သုဘရာဇာအလုပ္ တင္မက အုတ္ပါဖုတ္သည္။ အုတ္ဂူလုပ္ခ်င္လွ်င္ ျပန္ေရာင္း သည္။ အလုပ္အားလွ်င္ အားသ လို အျခားၾကားေပါက္အလုပ္ေတြ ပါလုပ္ေတာ့ သားသမီးေျခာက္ ေယာက္ႏွင့္ မုဆုိးမ မၾကည္ၾကည္ ဝင္း အသက္႐ွဴေခ်ာင္ရသည္။

မၾကည္ၾကည္ဝင္း သုဘရာ ဇာအလုပ္ ကိုလုပ္၍ ပခုကၠဴက ဖယ္လား၊ ၾကဥ္လား မလုပ္ခဲ့ပါ။ ရပ္ကြက္ထဲမွာ အလွဴမဂၤလာ ေဆာင္တုိ႔မ်ားရွိလွ်င္ သူ႔ကို အမ်ားတန္းတူဖိတ္ၾကားသည္။ သြား၍လာ၍ သူက တြန္႔ဆုတ္တြန္႔ဆုတ္ ျဖစ္ေနလွ်င္ေတာင္ ‘ၾကည္ၾကည္ဝင္းရယ္ လာစမ္းပါေအ’ဟုဆိုကာ လက္တြဲခ်ိတ္ကာ ေခၚသူေတြရွိ သည္။ ေဘာ္ဒါတက္ေန သည့္ သမီးကေလးကေတာ့ အရြယ္ ေလးရလာ၍ ရွက္ခ်င္ခ်င္။ မၾကည္ၾကည္ဝင္း ရွင္းျပရသည္။ အေမတုိ႔က သူမ်ားဥစၥာ ခိုးဝွက္စားတာမဟုတ္။ ထို႔ေၾကာင့္ ဘာမွ်ရွက္ရန္မလို။ ခိုးစားသူေတြသာ ရွက္ရမွာဟု။

အခ်ိန္ကာလေတြ တျဖည္း ျဖည္း ကုန္ဆံုးလာခဲ့ေလၿပီ။ မၾကည္ၾကည္ဝင္း ေယာက်္ားဆံုး တာေတာင္ ရွစ္ႏွစ္ေက်ာ္ ခဲ့ၿပီ။ မၾကည္ၾကည္ဝင္း သားအႀကီးႏွစ္ ေယာက္လည္း အိမ္ေထာင္ေတြ ကိုယ္စီက်သြားခဲ့ၾကသည္။ သမီး ႏွစ္ေယာက္က ဆယ္တန္းႏွင့္ ခုနစ္ တန္း၊ သားလတ္ေလးကေတာ့ သူ႔အလုပ္ႏွင့္သူ။ အငယ္ဆံုးသား ေလးေတာင္ သံုးတန္းေက်ာင္း သားႀကီးျဖစ္ေနေလၿပီ။ သားေတြ၊ သမီးေတြက သူတုိ႔အေမ မုဆိုးမ သုဘရာဇာႀကီး ကို သိပ္ခ်စ္ၾက သည္။ အိမ္ေထာင္က်ၿပီးသည့္ သားႏွစ္ေယာက္ကလည္း အား လွ်င္အားသလို အေမ့အလုပ္ ဝင္ ကူၾကသည္။ မၾကည္ၾကည္ဝင္း ေက်နပ္ရပါသည္။

သူမ်ားမလုပ္သည့္ သုဘရာ ဇာအလုပ္ကိုလုပ္ရင္း မၾကည္ ၾကည္ဝင္း လူေတြအေၾကာင္းကို ပိုလို႔သိ လာခဲ့သည္။ ရွိတုန္းက ဂ႐ုမစိုက္ဘဲ ေသမွ၊ ေျမက်င္းထဲ ေရာက္ၿပီဆိုမွ က်ဴက်ဴပါေအာင္ငို၊ လိုက္ေသပါမယ္ တကဲကဲလုပ္သူေတြလည္း ေတြ႕ရသည္။ မၾကည္ၾကည္ဝင္း သက္ျပင္းကို သာ အခါခါခ်မိပါသည္။

ဆီးပင္ေအာက္မွာေတာ့ သူ႔ အမ်ိဳးသား ႐ုပ္ အေလာင္းေျမပံု ေလးရွိသည္။ ပိုက္ဆံေလးအဆင္ ေျပရင္ေတာ့ ထိုေနရာမွာ သံဃာ ေတာ္ေတြ တရားထိုင္လို႔ရေအာင္ သမံတလင္းေလးခင္းဖို႔ သူ စဥ္း စားထားသည္။ တစ္ရက္ေတာ့ အ ေကာင္အထည္ ေဖာ္ျဖစ္ပါလိမ့္ မည္။ အေကာင္အထည္မေပၚ စရာလည္း အေၾကာင္းမရွိ။ ဘာ လို႔ဆို သူ ဒီသုသာန္ကေန ထြက္ သြား ဖို႔ ဘယ္ေတာ့မွ စဥ္းစား မထား။ ထီေပါက္ လည္း လုပ္ေန ဦးမည္။ မၾကည္ၾကည္ဝင္း လူေသေတြကို မေၾကာက္ေတာ့ပါ။ လူ ရွင္ေတြကိုသာ… ။ ။

Unicode ျဖင့္ဖတ္ရန္

လူသေ ကို မကြောက် လူရှင်ကို ကြောက်သည့် အမျိုးသမီး သုဘရာဇာ မကြည်ကြည်ဝင်း

ပခုက္ကူ၏ ဇန်နဝါရီလ လယ် ဆောင်းတွင်း နေ့လယ်သည် အအေးဓာတ် ကောင်းကောင်း မပြယ်သေး။ ပခုက္ကူ-မြိုင်လမ်းမ၏ အရှေ့ဘက် မြေနီလမ်းကလေးတစ်ခု၏ အတွင်းဘက်ခပ်ကျကျတွင် သုံးမိုင်ကုန်း သုသာန်ရှိသည်။ သုသာန်သည် လူသူကင်းရှင်း၍ ကျေးငှက်သံတို့မှတစ်ပါး အရာအားလုံး တိတ်ဆိတ်ငြိမ် သက်နေသည်။

ထိုအဝန်းအဝိုင်း ထဲတွင် သွပ်မိုးထရံကာ အိမ်ကလေးတစ်လုံး ရှိနေလေသည်။ ထိုအိမ်ကလေးတွင် မကြည်ကြည်ဝင်းတို့ မိသားစုနေထိုင်ပါသည်။မကြည်ကြည်ဝင်းတို့ အိမ် တံခါးမကြီးနှင့် မျက်နှာချင်းဆိုင်၊ အိမ်ကလေး၏ အနောက်ဘက်မှာ တော့ ဇရပ်ကြီးတစ်ခုရှိသည်။ ထို ဇရပ်မှာ နာရေးတွေ သရဏဂုံ တင်ကြသည်။

ဇရပ်ဘေးမှာ အုတ်ကန်လေး တစ်ခုရှိပြီး ထိုအုတ်ကန် ထဲတွင် သံအခေါင်းကြီးတစ်ခု ထည့်ထားသည်။ ဇရပ်၏ တစ်ဖက်တွင်တော့ မီးခိုးခေါင်းတိုင်တွေ ထိုးထိုးထောင်ထောင်ဖြင့် မီးသြင်္ဂိုဟ်စက်နှစ်လုံး။ အိမ်ကလေး၏ တောင်ဘက်၊ အရှေ့ဘက်၊ မြောက်ဘက်တွေမှာတော့ ပတ် ပတ်လည် အုတ်ဂူများ… ။

မကြည်ကြည်ဝင်းတို့ မိသား စု၏ နေအိမ်ဝန်းကျင်သည် အများအတွက်တော့ ထူးဆန်းနေလိမ့် မည်။ သူတို့အတွက်တော့ မထူး ဆန်းတော့။ ပခုက္ကူသုသာန်သည် မကြည်ကြည်ဝင်းတို့ဘဝ။ မကြည်ကြည်ဝင်းက ဒီသုသာန်မှာ ဘုရင် ဖြစ်သည်။ ဟုတ်သည်။ သူ့အလုပ် အမည်နာမမှာကိုက ဘုရင်လို့ အတိအလင်း ဖွင့်ဆိုပြီးသား။ နာ မည်လေးကတော့ အတော်လှ သည်။ ဘာတဲ့ သုဘရာဇာတဲ့။

အရပ်အမောင်း ငါးပေငါး လက်မခန့်၊ မျက်လုံး၊ မျက်ခုံးကောင်းကောင်း၊ အသားအရေ ခပ်လတ်လတ်ဖြင့် ရှင်မတောင် သနပ်ခါး အစစ်လိမ်းထားသော ရုပ်ရည်အတော်အသင့် သန့်ပြန့်သည့် အသက်(၄၃)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို သုဘရာဇာ လုပ်သည်ဟု မည်သူကထင်မည်နည်း။ မကြည်ကြည်ဝင်း လည်း ကိုယ့်ကိုယ်ကိုယ် သုဘရာ ဇာတစ်ယောက် ဖြစ်လာ မည်ဟု မထင်ခဲ့ပါ။ တွေးလည်း မတွေးခဲ့ ဖူးပါ။ သို့သော် ကံဇာတ်ဆရာ ညွှန်ကြားလာတော့လည်း မကချင်ဘူးငြင်းနေလို့မရ။ စိတ်ပါပါ၊ မပါပါအသုံးတော်ခံ ကပြရသည်ကိုက ဘဝမဟုတ်လား။

မကြည်ကြည်ဝင်းက ပခုက္ကူ နှင့် သိပ်မဝေးသည့် ရေစကြိုနယ် ကဖြစ်သည်။ ရေစကြိုမှာ ဈေး ရောင်းရင်း ပခုက္ကူသားတစ် ယောက်နှင့် ရည်ငံမိသည်။ နှစ် ယောက်သား အကြောင်းပါတော့ ရေစကြိုမှာ နေလိုက်သေးသည်။ သို့သော် စီးပွားရေးက သိပ်အဆင် မပြေ။ ရေစကြိုကနေ ပခုက္ကူကို ဟိုကူးလိုက် ဒီကူးလိုက်။ သား သမီးတွေ လည်း တစ်ယောက်ပြီး တစ်ယောက်ရသည်။ သားသမီး ငါးယောက်ရပြီးတော့ ပခုက္ကူမှာ ပြန်အခြေချသည်။ အမျိုးသားက စည်ပင်သာယာမှာ အလုပ်ဝင် လျှောက်သည်။ ရသည်။ သို့သော် သူ တာဝန်ကျသည့် နေရာက ပခုက္ကူသုသာန်တဲ့။

မကြည်ကြည်ဝင်း အမျိုး သား၏ အလုပ်နေရာကို လိုက် မနေချင်။ နေ လည်းမနေရဲ။ တစ် သက်နဲ့တစ်ကိုယ် သင်္ချိုင်းမြေ မှာ နေရဖို့ စိတ်တောင်ကူးဖူး တာမဟုတ်။ မျိုးထဲရိုးထဲလည်း သုသာန်မှာ အလုပ်လုပ်ဖူးသူမရှိ။ ပထမတော့ သူနဲ့အတူ လိုက်မနေ ဘူး။ သို့သော် အေးအတူပူအမျှ နေနိုင်မှသာ မိသားစု လို့ခေါ်ဆို နိုင်တာမဟုတ်လား။ နောက်ဆုံး တော့ မကြည်ကြည်ဝင်း တစ် ယောက် ကလေးတွေကို လက်ဆွဲ ပြီးတော့သာ သုသာန်ထဲက အိမ် ကလေးဆီ ပြောင်းရွှေ့လို့လာခဲ့ရ တော့သည်။

မကြည်ကြည်ဝင်းတို့ မိသား စုတွေ ဒီသုသာန်ထဲ စရောက်ခါစ က အိမ်ကလေးက ခုလိုမကျယ် သေး။ နောက်ပြီး ခု လို လျှပ်စစ်မီး လည်းမရသေး။ မကြည်ကြည်ဝင်းက ထမင်းဟင်းတွေကို စောစော ချက်ပြုတ်ထားပြီး ညနေ ၄ နာရီ လောက်ဆို မိသားစု စောစောစီး စီး ထမင်းစားကြသည်။ သုသာန် မြေထဲတွင် မကောင်းဆိုးဝါးတွေ နေလေ့ရှိပြီး ထမင်းဟင်းတွေ လု စားတတ်သည်ဟု ကြားဖူးထား ၍ဖြစ်သည်။ မမြင်ရသည့် နာနာ ဘာဝတွေကို ကြောက်လန့်ပြီး စောစောစီးစီး စားထားကြခြင်း ဖြစ်သည်။

ထမင်းစားပြီးတော့ တဖြည်းဖြည်း နေစောင်း လာသည်။ သုသာန် သည်လည်း နာရေးချချိန်မှလွဲ၍ ဘာဆိုဘာသံမျှမကြားရ။ ကျေးငှက်သံလေးတွေသာ စိုးစီစိုးစီကြားရသည်။ ငှက်တွေ အိပ်တန်းပြန်ချေပြီ။ နေမင်းလည်း ဝင်သွားလေပြီ။ သုသာန်မြေမှာ အမှောင်ထုက ချင်းနင်းဝင်ရောက်လာခဲ့သည်။ ညရောက်သွားလေပြီ။

ဖယောင်းတိုင်လေးကို ထွန်းကာ မိသားစု ကုပ်နေကြသည်။ ဖယောင်းတိုင်ဖိုးကလည်း သိပ်မတတ်နိုင်သဖြင့် စောစောစီးစီး အိပ်ရာဝင်ကြသည်။ ကလေးတွေကတော့ ကြောက်လွန်း၍ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ကာ အိပ်ကြသည်။ မကြည်ကြည်ဝင်းနှင့် ကလေးတွေ ကြောက်မည်ဆိုလည်း ကြောက်စရာ။ အိမ်ပတ် ပတ်လည်မှာ သရဏဂုံတင်သည့် ဇရပ်၊ မီးသြင်္ဂိုဟ်စက်နှင့် မြေပုံ တွေ၊ အုတ်ဂူတွေက ဝိုင်းနေသည် လေ။

ထိုသို့နေလာခဲ့ရင်း တစ်လ ခွဲ၊ နှစ်လခန့်ကြာတော့ မကြည် ကြည်ဝင်းတို့ မိသားစုတွေ အသားကျ လာခဲ့သည်။ သုသာန်မြေသာ ဆိုသော်လည်း ဇာတ်ကားတွေထဲ ကလို ခြောက်တာ၊ လှန့်တာတွေ မကြုံရ။ မကြည်ကြည်ဝင်းက လည်း နံနက်ခင်း ၄၊ ၅ နာရီ လောက်ထကာ ဘုရားစင်သန့်ရှင်းရေး လုပ်၊ ဘုရားပန်းလဲ၊ ဆွမ်းကပ် ပြီး အမျှအတန်းဝေလေ့ရှိသည်။ နောက်ပြီး သုသာန်မှာ တရားလာ ထိုင်သည့် သံဃာတော်တစ်ပါးက လည်း မိန့်ဖူးသည်။ ‘‘ဒကာမကြီး လူသေတွေကို မကြောက်နဲ့။ လူ ရှင်တွေကိုသာ ကြောက်’’တဲ့။

ထို့နောက်မှာတော့ မကြည် ကြည်ဝင်းတစ်ယောက် တဖြည်း ဖြည်း နားလည် လာခဲ့သည်။ သုသာန်မြေဆိုတာ ကြောက်စရာ လို့ သူ မမြင်မိတော့။ သူတင် မဟုတ်။ သူ့သားသမီးတွေက လည်း သူတို့နေရသည့် သင်္ချိုင်း မြေအပေါ် အကြောက်အလန့်မရှိ တော့။ ထိုမျှမက လူပျိုပေါက်အ ရွယ် သားကြီးနှစ်ယောက် ဆိုလျှင် နံနက် ၅ နာရီထိုးလျှင် ဖအေနှင့် အတူ အိပ်ရာမှထပြီး မနေ့က ကြို တင်စာရင်းပေးထားသည့် နာရေး တွေအတွက် မြေချဖို့ ကျင်းတွေ ကူတူးပေးကြသည်။

အတော် လေးနေမြင့်လို့ ကျင်းတူးသည့် ကိစ္စပြီးပြီဆိုမှ ရေမိုးချိုး နံနက်စာ စားကာ ကျောင်းသွားကြသည်။ မကြည်ကြည်ဝင်းကလည်း အိမ် မှုကိစ္စတင်မက သူတို့လိုအပ်ရာ တွေ ဝိုင်းကူသည်။ တစ်ရက်မှာတော့ ရေနံမှော် တစ်ခု မီးလောင်ပြီး အလောင်း တွေ အတော်များများ ရောက်လာ ခဲ့သည်။ မီးသြင်္ဂိုဟ်စက်မှာလည်း မနိုင်တော့။

မကြည်ကြည်ဝင်း လည်း ဝင်ကူရတော့ သည်။ ထို့ နောက်ပိုင်းမှာတော့ မကြည် ကြည်ဝင်းလည်း ယောကျ်ားနှင့် အတူ မြေကျင်းတူး၊ မီးသြင်္ဂိုဟ် စက်ကိုင်သည့်အလုပ်တွေပါ ဝင် လုပ်ဖြစ်တော့သည်။

ခြောက်ယောက်မြောက် အ ငယ်ဆုံးသားလေး မွေးပြီး သိပ် မကြာမီမှာ သူ့အမျိုးသား ကျန်း မာရေးတွေ ချို့ယွင်းလာ ခဲ့သည်။ ဆေးရုံ တင်ရသည်။ မကြည်ကြည် ဝင်းနှင့် သားသမီးတွေ ဆေးရုံပြေး လိုက်၊ သင်္ချိုင်းပြေးလိုက်ဖြင့် အ လုပ်တွေများရသည်။ နောက်ဆုံး တော့ ဆေးရုံပြေးရန်မလိုတော့ သည့်အကြောင်း ဖန်လာသည်။ သူ့အမျိုးသား ကွယ်လွန်သွားလေ ပြီ။

သူ့ယောကျာ်းဆုံးတော့ မကြည်ကြည်ဝင်း အားတော့အတော် လေးလျော့သွားသည်။ သားသမီး ခြောက်ယောက်နှင့် မုဆိုးမတစ် ယောက် ဘဝခရီး ဘယ်လိုရှေ့ ဆက်ရမလဲ။ သူ့ယောကျ်ားနာရေးကိစ္စ သားသမီးခြောက်ယောက် နှင့်အတူ ပြင်ဆင်ကြသည်။ မိုး တွေ၊ လေတွေလည်း လာလိုက် သေးသည်။ သားနှစ်ယောက်က ဖအေ့အလောင်း မြေမြှုပ်ဖို့ ကျင်း တူးရင်း မျက်ရည်တွေ ကျနေကြ သည်။

မကြည်ကြည်ဝင်းကတော့ မငို မိ။ သူငိုလျှင် သားသမီးတွေ ပိုပြီး အားငယ်ပေလိမ့်မည်။ သား နှစ်ယောက်က သူတို့အဖေ ရုပ်အ လောင်းအား ဆီးပင်လေးတစ်ပင် အောက်မှာ သီးသန့်လေးမြေမြှုပ် ပေးသည်။ အမှတ်တရအုတ်ဂူ လုပ်ချင်သော်လည်း အုတ်ဂူလုပ် လျှင် သိန်းချီကုန်မည်ဖြစ်၍ မလုပ်ဖြစ်။

ယောကျ်ားဆုံးပြီးတော့ မကြည်ကြည်ဝင်း ရေစကြိုပြန်ဖို့ စဉ်းစားသေးသည်။ ရွာက အမျိုး တွေကလည်း ခေါ်သည်။ ရွာမှာ တင်နေ၊ ဈေးရောင်း၊ လိုတာဝိုင်းကူမယ်ဟု။ သို့သော် မကြည်ကြည် ဝင်း ပြန်စဉ်းစားသည်။ ဒီသုဘရာ ဇာအလုပ်က အများအမြင်သာ တစ်မျိုးဖြစ်တာ တကယ်တမ်းကျ ကုသိုလ်တော င်ရသေးသည်။ နာ ရေးရှင်တွေ သောကတွေများနေ ချိန် တတ်နိုင်သလောက် ဝင်ကူ ပေးရသည်ဟု ယူဆ၍ဖြစ်သည်။

ပြီးတော့ လူသေတွေကို သူ မကြောက်တတ်တော့။ နောက် ဆုံးတော့ မကြည်ကြည်ဝင်း ရေ စကြို မပြန်ဖြစ်တော့ပါ။ သူ့ ယောကျ်ား၏ အလုပ်ကို လက်လွှဲ ယူလိုက်ကာ သုဘရာဇာအမည် ကို ခံယူလိုက်ပါတော့သည်။

တစ်ရက်တစ်ရက် လာလိုက်တဲ့ လူသေအလောင်းတွေကို ကြည့်ရင်း မကြည်ကြည်ဝင်း သံ ဝေဂတွေရသည်။ ဖြစ်စဉ်တွေက လည်း အမျိုးစုံ၊ အရွယ်စုံ။ ကြိုးဆွဲ ချလို့၊ ဓားနဲ့အထိုးခံရလို့၊ အက် ဆီးဒင့်ဖြစ်လို့ စသဖြင့် အကြောင်းအရာပေါင်းစုံသည်။ မွေးကင်းစ ကလေး အလောင်းတွေကတော့ ကျောပူအောင် မထားရဘူးဆို သည့် အယူအဆကြောင့် ညကြီး အချိန်မတော် လာချတာတွေ လည်း ရှိသည်။ ထိုအခါကျ ညဉ့် နက်သန်းခေါင် ကျင်းထတူးပြီး မြှုပ်ပေးရသည်။

မကြည်ကြည်ဝင်းက ဘေး ဝန်းကျင်ကို အမျှအတန်းပေးဝေ လေ့ရှိ၍ သူ့အလုပ်ကို အနှောင့် အယှက်ပေးတာမျိုးတွေ မကြုံရ။ သားတွေကလည်း ဖအေကြီးဆုံး သွားတော့ အငယ်တွေကိုငဲ့ပြီး ကိုးတန်းတွေ၊ ခြောက်တန်းတွေ ရောက်ခါမှ ကျောင်းထွက်ကာ အမေ့ကို ကူတော့သည်။ သား သမီးခြောက်ယောက် စားဝတ်နေ ရေးအတွက် မကြည်ကြည်ဝင်း တစ်ယောက် သုဘရာဇာအလုပ် တင်မက အုတ်ပါဖုတ်သည်။ အုတ်ဂူလုပ်ချင်လျှင် ပြန်ရောင်း သည်။ အလုပ်အားလျှင် အားသ လို အခြားကြားပေါက်အလုပ်တွေ ပါလုပ်တော့ သားသမီးခြောက် ယောက်နှင့် မုဆိုးမ မကြည်ကြည် ဝင်း အသက်ရှူချောင်ရသည်။

မကြည်ကြည်ဝင်း သုဘရာ ဇာအလုပ် ကိုလုပ်၍ ပခုက္ကူက ဖယ်လား၊ ကြဉ်လား မလုပ်ခဲ့ပါ။ ရပ်ကွက်ထဲမှာ အလှူမင်္ဂလာ ဆောင်တို့များရှိလျှင် သူ့ကို အများတန်းတူဖိတ်ကြားသည်။ သွား၍လာ၍ သူက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလျှင်တောင် ‘ကြည်ကြည်ဝင်းရယ် လာစမ်းပါအေ’ဟုဆိုကာ လက်တွဲချိတ်ကာ ခေါ်သူတွေရှိ သည်။ ဘော်ဒါတက်နေ သည့် သမီးကလေးကတော့ အရွယ် လေးရလာ၍ ရှက်ချင်ချင်။ မကြည်ကြည်ဝင်း ရှင်းပြရသည်။ အမေတို့က သူများဥစ္စာ ခိုးဝှက်စားတာမဟုတ်။ ထို့ကြောင့် ဘာမျှရှက်ရန်မလို။ ခိုးစားသူတွေသာ ရှက်ရမှာဟု။

အချိန်ကာလတွေ တဖြည်း ဖြည်း ကုန်ဆုံးလာခဲ့လေပြီ။ မကြည်ကြည်ဝင်း ယောကျ်ားဆုံး တာတောင် ရှစ်နှစ်ကျော် ခဲ့ပြီ။ မကြည်ကြည်ဝင်း သားအကြီးနှစ် ယောက်လည်း အိမ်ထောင်တွေ ကိုယ်စီကျသွားခဲ့ကြသည်။ သမီး နှစ်ယောက်က ဆယ်တန်းနှင့် ခုနစ် တန်း၊ သားလတ်လေးကတော့ သူ့အလုပ်နှင့်သူ။ အငယ်ဆုံးသား လေးတောင် သုံးတန်းကျောင်း သားကြီးဖြစ်နေလေပြီ။ သားတွေ၊ သမီးတွေက သူတို့အမေ မုဆိုးမ သုဘရာဇာကြီး ကို သိပ်ချစ်ကြ သည်။ အိမ်ထောင်ကျပြီးသည့် သားနှစ်ယောက်ကလည်း အား လျှင်အားသလို အမေ့အလုပ် ဝင် ကူကြသည်။ မကြည်ကြည်ဝင်း ကျေနပ်ရပါသည်။

သူများမလုပ်သည့် သုဘရာ ဇာအလုပ်ကိုလုပ်ရင်း မကြည် ကြည်ဝင်း လူတွေအကြောင်းကို ပိုလို့သိ လာခဲ့သည်။ ရှိတုန်းက ဂရုမစိုက်ဘဲ သေမှ၊ မြေကျင်းထဲ ရောက်ပြီဆိုမှ ကျူကျူပါအောင်ငို၊ လိုက်သေပါမယ် တကဲကဲလုပ်သူတွေလည်း တွေ့ရသည်။ မကြည်ကြည်ဝင်း သက်ပြင်းကို သာ အခါခါချမိပါသည်။

ဆီးပင်အောက်မှာတော့ သူ့ အမျိုးသား ရုပ် အလောင်းမြေပုံ လေးရှိသည်။ ပိုက်ဆံလေးအဆင် ပြေရင်တော့ ထိုနေရာမှာ သံဃာ တော်တွေ တရားထိုင်လို့ရအောင် သမံတလင်းလေးခင်းဖို့ သူ စဉ်း စားထားသည်။ တစ်ရက်တော့ အ ကောင်အထည် ဖော်ဖြစ်ပါလိမ့် မည်။ အကောင်အထည်မပေါ် စရာလည်း အကြောင်းမရှိ။ ဘာ လို့ဆို သူ ဒီသုသာန်ကနေ ထွက် သွား ဖို့ ဘယ်တော့မှ စဉ်းစား မထား။ ထီပေါက် လည်း လုပ်နေ ဦးမည်။ မကြည်ကြည်ဝင်း လူသေတွေကို မကြောက်တော့ပါ။ လူ ရှင်တွေကိုသာ… ။ ။