ၾကားသိရသမွ်

ယနေ့ ဇွန်လ (၃၀) ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မေတိုးခိုင်

ယနေ့ ဇွန်လ (၃၀) ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မေတိုးခိုင်

အနုပညာရှင်တွေ အများစုကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။

ဒါ့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်းကုန်နေ့ရောညပါ soeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။

ဒီမနက်အစောပိုင်းလောက်မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေအပြင် အခြား နိုင်ငံရေးသမားများကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။ အားလုံးကလည်း ရင်ခုန်စွာနဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ဆို လွှတ်ပေးမယ့် နာမည်စာရင်းတွေပါ ကြိုသိနေကြသလို ပိုတောင် ရင်ခုန်နေကြတာတွေရှိနေပါတယ် ။

အခုလည်း တစ်မနက်လုံး အားလုံး မျှော်လင့် စောင့်စားနေကြတဲ့အတိုင်း မေတိုးခိုင်တော့ ပြန်လည်လွတ်မြောက်လာကာအိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။ မိသားစုနဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်မိတာကြောင့် ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Htein Htein Thar

ယေန႔ ဇြန္လ (၃၀) ရက္ ညေနပိုင္းမွာ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္တဲ့ ေမတိုးခိုင္

အႏုပညာရွင္ေတြ အမ်ားစုကေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြနဲ႔အတူ အျပည့္အဝရပ္တည္ခဲ့ၾကပါတယ္ ။ သူတို႔ရဲ႕ ေအာင္ျမင္ေတြ ေက်ာ္ၾကားမႈေတြကို ေမ့ကာ ျပည္သူေတြနဲ႔ တစ္သားတည္း လမ္းမေပၚအထိထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ ။

ဒါ့အျပင္ သူတို႔ရဲ႕အေကာင့္ေတြကေနလည္း အစြမ္းကုန္ေန႔ေရာညပါ soeak out ေတြလည္း လုပ္ခဲ့ၾကပါတယ္ ။ ဒါ့ၾကာင့္လည္း ပုဒ္မ (၅၀၅-က) နဲ႔ တရားစြဲဆိုခံရသူေတြ ရွိသလို တစ္ခ်ိဳ႕ နာမည္ႀကီး အႏုပညာရွင္ေတြဆို ကံမေကာင္းစြာနဲ႔ပဲ ဖမ္းဆီး ခံခဲ့ၾကပါတယ္ ။

ဒီမနက္အေစာပိုင္းေလာက္မွာေတာ့ ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္ေတြအျပင္ အျခား ႏိုင္ငံေရးသမားမ်ားကို လႊတ္ေပးမယ္ဆိုတဲ့ သတင္းေတြ ထြက္ရွိခဲ့ပါတယ္ ။ အားလုံးကလည္း ရင္ခုန္စြာနဲ႔ ေစာင့္ေနခဲ့ၾကသလို တစ္ခ်ိဳ႕ဆို လႊတ္ေပးမယ့္ နာမည္စာရင္းေတြပါ ႀကိဳသိေနၾကသလို ပိုေတာင္ ရင္ခုန္ေနၾကတာေတြရွိေနပါတယ္ ။

အခုလည္း တစ္မနက္လုံး အားလုံး ေမွ်ာ္လင့္ ေစာင့္စားေနၾကတဲ့အတိုင္း ေမတိုးခိုင္ေတာ့ ျပန္လည္လြတ္ေျမာက္လာကာအိမ္ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္ ။ မိသားစုနဲ႔ ထပ္တူ ဝမ္းသာေပ်ာ္႐ႊင္မိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ သတင္းေကာင္းေလးကို ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Htein Htein Thar