အမြဲတမ်းငွေမပြတ်စေတဲ့“ယတြာ”ဆရာကြီးမင်းသိင်္ခရဲ့ပညာရပ်များထဲကတင်ပြလိုက်တာဖြစ်ပါတယ်။အမြဲတမ်းငွေမပြ တ်စေတဲ့ယတြာနှင့်ဈေးဆိုင်အရောင်းဆိုင်မှာဧည့်သည်စည်ကားစေရန်ယတြာတွေ။
ငွေဖလားဒါမှမဟုတ်ကြေးဖလားတစ်လုံးထဲမှာငွေစက္ကူထဲကတန်ဖိုးအကြီးဆုံးငွေစက္ကူတစ်ရွက်ကိုဖြန့်ခင်းထားလို က်ပါကိုယ်တတ်နိုင်တဲ့ ငွေစက္ကူအတိုင်းအတာနဲ့တွက်ပြီးထည့်နိုင်ပါတယ်တတ်နိုင်တဲ့လူအတွက်ကတော့
တစ်သောင်းတန်ပေါ့၊ဒေါ်လာနဲ့အလုပ်လုပ်နေသူဆိုရင်တော့ဒေါ်လာထည့်ပေါ့ပြီးရင်အဲဒီငွေစက္ကူထည့်ထားတဲ့ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်းထည့်ပါ။ရေစက်ခွက်ထဲကိုရေစက်ချတဲ့အခါလောင်းသလိုမျိုး လောင်းထည့်ပါ
ရေလောင်းနေတဲ့အချိုန်မှာဂုဏ်တော်၉ပါးကို၉ခေါက်ပြည့်အောင်ရွတ်နေပါ၊ပြီးတာနဲ့ရေမြုပ်နေတဲ့ငွေစက္ကူပေါ်ကိုခေါင်း လောင်းတစ်လုံးတင်ထားလိုက်ပါမကြာခဏအဲဒီခေါင်းလောင်းကိုယူပြီးတီးပါ
ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်းဂုဏ်တော် ၉ပါးကို ၉ခေါက်ပြည့်အောင်ရွတ်ပါ။အဲဒီဓါတ်ဆင်ထားတဲ့ ငွေစက္ ကူထည့်ထားသောဖလားနဲ့ခေါင်းလောင်းကိုဘုရားစင်ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာတင်ထားပါ။
အဲဒီငွေဓါတ်ဆင်တာကိုလုပ်ရမယ့်အချိန်ကတနင်္လာနဝင်းစီးနေတဲ့အချိန်မှာလုပ်ရပါမယ်တနင်္လာနဝင်းစီးတဲ့အချိန်တွေကတော့။တနင်္ဂနွေနေ့ဆိုရင်နေ့လည်၁နာရီခွဲမှ၃နာရီအတွင်း။တနင်္လာနေ့ဆိုရင်နံနက်၉နာရီမှ၁၀နာရီခွဲအတွင်း။
အင်္ဂါနေ့ဆိုရင်ညနေ၃နာရီမှ၄နာရီခွဲအတွင်း။ဗုဒ္ဓဟူးနေ့ဆိုရင်နံနက်၁၀နာရီခွဲမှ၁၂နာရီအတွင်း၊ကြာသပတေးနေ့ဆိုရင်နံနက်၆နာရီမှ၇နာရီခွဲအတွင်းသောကြာနေ့ဆိုရင်မွန်းလွဲ၁၂နာရီမှ၁နာရီခွဲအတွင်း။
စနေနေ့ဆိုရင်နံနက်၇နာရီခွဲမှ၉နာရီအတွင်း။တနင်္လာနဝင်းစီးတဲ့အချိန်ဟာအချို့နေ့တွေမှာဆိုရင်ညနေစောင်းနဲ့ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့်လည်းနေရောင်ရှိသောအချိန်များမှာသာ လုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ
ထက်ကျော်ပြီးမလုပ်သင့်ပါ၊ ဒါဆို ငွေနဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့အားလုံးငွေမပြတ်ဝင်ပြီးအဆင်ပြေကြပါစေ။ဈေး ဆိုင်အရောင်းဆိုင်မှာ ဧည့်သည်စည်ကားစေရန် အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင
ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့မျက်နှာစာကို ဖျန်းပတ်ပါက ဧည့်သည်စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်းလာလိမ့်မည်။ ခရက်ဒစ်
Published June 29, 2021