ၾကားသိရသမွ်

ပူတင်၏ တရားမဝင်မယားကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်…see more

ပူတင်၏ တရားမဝင်မယားကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်…see more

ယူကရိန်း၊ ရုရှနှင့် ဘီလာရုစ်နိုင်ငံတို့မှ ဗလာဒီမာ ပူတင်အား ဆန့်ကျင်သူများသည် သဘောထားတင်းမာသော

ပူတင်၏ ချစ်သူဖြစ်သော အလီနာ ကာဘီဗာကို တိုင်းပြည်မှ နှင်ထုတ်ရန် ဆွစ်ဇာလန်နိုင်ငံအား စုပေါင်းတောင်းဆိုကြသည်။

အလီနာ ကာဘီဗာသည် ၎င်းတို့၏ ကလေးများကို ဇိမ်ခံအိမ်ကြီးတစ်လုံး၌ သိုဝှက်ထားရှိသည်ဆိုသော ပြောဆိုချက်များလည်း ထွက်ပေါ်နေခြင်း ဖြစ်သည်။

အသက် ၃၈ နှစ်ရှိ ကာဘီဗာသည် အိုလံပစ် ကျွမ်းဘားမယ်ဟောင်းဖြစ်ကာ ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပြီး

ပူတင်၏ အငယ်အနှောင်း ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြခြင်းဖြစ်သည်။

သူသည် ပူတင်နှင့် ရသော ကလေးများကို လျှို့ဝှက်ထားရှိသည်ဟု ယူဆထားကြခြင်းလည်းဖြစ်ကာ

ပူတင်ကမူ ယင်း ကလေးများအား ဘယ်တုန်းကမျှ တရားဝင် အသိအမှတ်ပြုခြင်း မရှိပေ။

ယူကရိန်းနိုင်ငံအား ကျူးကျော်ပြီးနောက် ယခုလ အစောပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံက တောင်ပေါ်သစ်လုံးအိမ်သို့

ကာဘီဗာအား ပို့ဆောင်ထားသည်ဟု သတင်းများ ထွက်လာပြီးနောက်တွင် ယခုကဲ့သို့ မေတ္တာရပ်ခံ တောင်းဆိုချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

“အခုအချိန်ဟာ အီဗာဘလွန်း(ဟစ်တလာ၏ ချစ်သူ)၊ ခင်ဗျားက ခင်ဗျားရဲ့ ဖာသာ(ဟစ်တလာ) နဲ့

ပြန်ပေါင်းစည်းရမယ့် အချိန်ပဲ”ဟု ပြင်းထန်သော စကားလုံးများဖြင့် ပန်ကြားလွှာတွင် ရေးသားထားသည်။

“လက်ရှိ စစ်ဖြစ်နေတဲ့ကြားကပဲ ဆွစ်ဇာလန်ဟာ ပူတင်အစိုးရရဲ့ ကြံရာပါတစ်ဦးကို ဆက်လက် လက်ခံထားတယ်”ဟု ယင်း ပန်ကြားလွှာ၌ ဆိုထားသည်။

ပူတင်နှင့် ကာဘီဗာတို့ စုံတွဲသည် အချို့သော အခမ်းအနားများ၌ အတူတကွ ဓာတ်ပုံရိုက်ထားမှုများလည်း ရှိသည်။

ပူတင်အား ဆန့်ကျင်သည့် ထောင်ချခံ နာဗယ်နီ တည်ထောင်သော အကျင့်ပျက်ခြစားမှု

တိုက်ဖျက်ရေး ဖောင်ဒေးရှင်းက ထုတ်ဖော်ရာတွင် ရုရှအစိုးရအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ကာဘီဗာတို့

မိသားစုအား အိမ်ခြံမြေ၊ ငွေကြေးနှင့် အခြားသော ပိုင်ဆိုင်မှုများ လက်ဆောင်ပေးကြသည်ဟု ဖော်ပြထားသည်။

ကျွမ်းဘားမယ်ဟောင်း ကာဘီဗာကို လူမြင်ကွင်း၌ တွေ့ရခဲသော်လည်း ရုရှက ယူကရိန်းအား ကျူးကျော်မည့်

သီတင်းပတ်များအလို ဒီဇင်ဘာလအတွင်း မော်စကိုရှိ Divine Grace ကျွမ်းဘားတံခွန်စိုက်ပြိုင်ပွဲ အကဗီဒီယို၌ မြင်တွေ့ခဲ့ရသည်။

“ကျွန်တော်တို့ ရုရှ၊ ဘီလာရုစ်နဲ့ အခု စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ဆွစ်ဇာလန်အာဏာပိုင်တွေကို

စုပေါင်းမေတ္တာရပ်ခံတာ ဖြစ်ပါတယ်”ဟု ပြန်ကြားလွှာတွင် ဖော်ပြထားသည်။

အဆိုပါ ပန်ကြားလွှာကို change.org ၌ ဂျာမနီ၊ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် တင်ထားခြင်းဖြစ်ကာ

လက်ရှိအထိ ပါဝင်လက်မှတ်ထိုးသူပေါင်း ၅၅၀၀၀ နီးပါး ရှိပြီ ဖြစ်သည်။

ဓာတ်ပုံ- ဗလာဒီမာပူတင်၏ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားကစားမယ် အလီနာ ကာဘီဗာ (ညာဘက်)

သည် ပူတင်နှင့်ရသောကလေးများနှင့်အတူ ဆွစ်ဇာလန်တွင် ပုန်းအောင်းနေသည်ဟု စွပ်စွဲပြောဆိုကြသည်။

Ref Mizzima

zawgyi,

ပူတင္၏ တရားမဝင္မယားကို တိုင္းျပည္မွ ႏွင္ထုတ္ရန္ ဆြစ္…see more

ယူကရိန္း၊ ႐ုရွႏွင့္ ဘီလာ႐ုစ္ႏိုင္ငံတို႔မွ ဗလာဒီမာ ပူတင္အား ဆန႔္က်င္သူမ်ားသည္ သေဘာထားတင္းမာေသာ

ပူတင္၏ ခ်စ္သူျဖစ္ေသာ အလီနာ ကာဘီဗာကို တိုင္းျပည္မွ ႏွင္ထုတ္ရန္ ဆြစ္ဇာလန္ႏိုင္ငံအား စုေပါင္းေတာင္းဆိုၾကသည္။

အလီနာ ကာဘီဗာသည္ ၎တို႔၏ ကေလးမ်ားကို ဇိမ္ခံအိမ္ႀကီးတစ္လုံး၌ သိုဝွက္ထားရွိသည္ဆိုေသာ ေျပာဆိုခ်က္မ်ားလည္း ထြက္ေပၚေနျခင္း ျဖစ္သည္။

အသက္ ၃၈ ႏွစ္ရွိ ကာဘီဗာသည္ အိုလံပစ္ ကြၽမ္းဘားမယ္ေဟာင္းျဖစ္ကာ ေ႐ႊတံဆိပ္ဆုရွင္လည္း ျဖစ္ၿပီး

ပူတင္၏ အငယ္အေႏွာင္း ျဖစ္သည္ဟု က်ယ္က်ယ္ျပန႔္ျပန႔္ ယုံၾကည္ထားၾကျခင္းျဖစ္သည္။

သူသည္ ပူတင္ႏွင့္ ရေသာ ကေလးမ်ားကို လွ်ိဳ႕ဝွက္ထားရွိသည္ဟု ယူဆထားၾကျခင္းလည္းျဖစ္ကာ

ပူတင္ကမူ ယင္း ကေလးမ်ားအား ဘယ္တုန္းကမွ် တရားဝင္ အသိအမွတ္ျပဳျခင္း မရွိေပ။

ယူကရိန္းႏိုင္ငံအား က်ဴးေက်ာ္ၿပီးေနာက္ ယခုလ အေစာပိုင္းတြင္ ဆြစ္ဇာလန္ႏိုင္ငံက ေတာင္ေပၚသစ္လုံးအိမ္သို႔

ကာဘီဗာအား ပို႔ေဆာင္ထားသည္ဟု သတင္းမ်ား ထြက္လာၿပီးေနာက္တြင္ ယခုကဲ့သို႔ ေမတၱာရပ္ခံ ေတာင္းဆိုခ်က္ ထြက္ေပၚလာျခင္းပဲ ျဖစ္သည္။

“အခုအခ်ိန္ဟာ အီဗာဘလြန္း(ဟစ္တလာ၏ ခ်စ္သူ)၊ ခင္ဗ်ားက ခင္ဗ်ားရဲ႕ ဖာသာ(ဟစ္တလာ) နဲ႔

ျပန္ေပါင္းစည္းရမယ့္ အခ်ိန္ပဲ”ဟု ျပင္းထန္ေသာ စကားလုံးမ်ားျဖင့္ ပန္ၾကားလႊာတြင္ ေရးသားထားသည္။

“လက္ရွိ စစ္ျဖစ္ေနတဲ့ၾကားကပဲ ဆြစ္ဇာလန္ဟာ ပူတင္အစိုးရရဲ႕ ႀကံရာပါတစ္ဦးကို ဆက္လက္ လက္ခံထားတယ္”ဟု ယင္း ပန္ၾကားလႊာ၌ ဆိုထားသည္။

ပူတင္ႏွင့္ ကာဘီဗာတို႔ စုံတြဲသည္ အခ်ိဳ႕ေသာ အခမ္းအနားမ်ား၌ အတူတကြ ဓာတ္ပုံ႐ိုက္ထားမႈမ်ားလည္း ရွိသည္။

ပူတင္အား ဆန႔္က်င္သည့္ ေထာင္ခ်ခံ နာဗယ္နီ တည္ေထာင္ေသာ အက်င့္ပ်က္ျခစားမႈ

တိုက္ဖ်က္ေရး ေဖာင္ေဒးရွင္းက ထုတ္ေဖာ္ရာတြင္ ႐ုရွအစိုးရအသိုင္းအဝိုင္းမွ ပုဂၢိဳလ္အခ်ိဳ႕က ကာဘီဗာတို႔

မိသားစုအား အိမ္ၿခံေျမ၊ ေငြေၾကးႏွင့္ အျခားေသာ ပိုင္ဆိုင္မႈမ်ား လက္ေဆာင္ေပးၾကသည္ဟု ေဖာ္ျပထားသည္။

ကြၽမ္းဘားမယ္ေဟာင္း ကာဘီဗာကို လူျမင္ကြင္း၌ ေတြ႕ရခဲေသာ္လည္း ႐ုရွက ယူကရိန္းအား က်ဴးေက်ာ္မည့္

သီတင္းပတ္မ်ားအလို ဒီဇင္ဘာလအတြင္း ေမာ္စကိုရွိ Divine Grace ကြၽမ္းဘားတံခြန္စိုက္ၿပိဳင္ပြဲ အကဗီဒီယို၌ ျမင္ေတြ႕ခဲ့ရသည္။

“ကြၽန္ေတာ္တို႔ ႐ုရွ၊ ဘီလာ႐ုစ္နဲ႔ အခု စစ္ဒဏ္ခံေနရတဲ့ ယူကရိန္းႏိုင္ငံသားေတြအေနနဲ႔ ဆြစ္ဇာလန္အာဏာပိုင္ေတြကို

စုေပါင္းေမတၱာရပ္ခံတာ ျဖစ္ပါတယ္”ဟု ျပန္ၾကားလႊာတြင္ ေဖာ္ျပထားသည္။

အဆိုပါ ပန္ၾကားလႊာကို change.org ၌ ဂ်ာမနီ၊ ျပင္သစ္ႏွင့္ အဂၤလိပ္ဘာသာတို႔ျဖင့္ တင္ထားျခင္းျဖစ္ကာ

လက္ရွိအထိ ပါဝင္လက္မွတ္ထိုးသူေပါင္း ၅၅၀၀၀ နီးပါး ရွိၿပီ ျဖစ္သည္။

ဓာတ္ပုံ- ဗလာဒီမာပူတင္၏ အိုလံပစ္ ေ႐ႊတံဆိပ္ဆုရွင္ ကြၽမ္းဘားကစားမယ္ အလီနာ ကာဘီဗာ (ညာဘက္)

သည္ ပူတင္ႏွင့္ရေသာကေလးမ်ားႏွင့္အတူ ဆြစ္ဇာလန္တြင္ ပုန္းေအာင္းေနသည္ဟု စြပ္စြဲေျပာဆိုၾကသည္။

Ref Mizzima