Zawgyi
ပထမဆုံးCDM တရားသူႀကီး NUG တရားေရးဝန္ႀကီးဌာန၏အျမဲတမ္းအတြင္းဝန္ျဖစ္လာ
အာဏာသိမ္းစစ္ေကာင္စီအားတရားေရးမ႑ိဳင္တြင္
ပထမဆုံးအာဏာဖိဆန္ကာ CDM ျပဳလုပ္ခဲ့သည့္ တရားသူႀကီး ဦးမင္းေနာင္ခိုင္သည္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ တရားေရးဝန္ႀကီးဌာန၏ အျမဲတမ္းအတြင္းဝန္ျဖစ္လာသည္။
“အမ်ိဳးသားညီညြတ္ေရးအစိုးရ၊တရားေရးဝန္ႀကီးဌာန၏
အျမဲတမ္းအတြင္းဝန္ (အစမ္းခန္႔) အျဖစ္၇.၁.၂၀၂၂ ရက္ေန႔တြင္စတင္ တာဝန္ထမ္းေဆာင္သည္” ဟု ဦးမင္းေနာင္ခိုင္ကဇန္နဝါရီ ၈ ရက္တြင္သူ၏ ေဖစ္ဘြခ္မွတစ္ဆင့္ အသိ့ေပးသည္။
အသက္ ၃၀အရြယ္ဦးမင္းေနာင္ခိုင္သည္ မိုးညိဳၿမိဳ့နယ္ ဒုတိယၿမိဳ့နယ္တရားသူႀကီးအျဖစ္ တာဝန္းထမ္းေဆာင္ေနစဥ္ စစ္တပ္က နိုင္ငံေတာ္အာဏာသိမ္းသည့္အခါ CDM ျပဳလုပ္ေၾကာင္း ပထမဆုံး ေၾကျငာခဲ့သည့္ တရားသူႀကီး ျဖစ္သည္။
CDMျပဳလုပ္ေၾကာင္းေၾကျငာၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီကပုဒ္မ၅၀၅-က ျဖင့္ ဖမ္းဆီးတရားစြဲဆိုကာ ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခဲ့သည္။ လြတ္ၿငိမ္းျဖင့္ျျပန္လြတ္ေျမာက္ခဲ့ၿပီးေနာက္ဦးမင္းေနာင္ခိုင္သည္လြတ္ေျမာက္
နယ္ေျမသို့ ထြက္လာကာ အမ်ိဳးသားညီညြတ္ေရးအစိုးရႏွင့္ ခ်ိတ္ဆက္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ဆက္လက္ေဆာင္ရြက္ေနသည္။
ယခုအခါတြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ တရားေရးဝန္ႀကီးဌာန၏ အျမဲတမ္းအတြင္းဝန္အျဖစ္ ခန႔္အပ္တာဝန္ေပးခံရျခင္းျဖစ္သည္။
“ဖြဲ႕စည္းပုံအေျခခံဥပေဒ၊အျခားေသာဥပေဒနဲ႔မညီတဲ့ လုပ္ရပ္ေတြကိုလက္မခံျခင္းသည္ ကၽြန္ေတာ္တို့နိုင္ငံသားေတြရဲ့တာဝန္ပဲ”ဟု CDM ျပဳလုပ္ခဲ့သည့္ ဆုံးျဖတ္ခ်က္ကို ဦးမင္းေနာင္ခိုင္က ေျပာၾကားထားသည္။
Unicode
ပထမဆုံးCDM တရားသူကြီး NUG တရားရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ
အာဏာသိမ်းစစ်ကောင်စီအားတရားရေးမဏ္ဍိုင်တွင်
ပထမဆုံးအာဏာဖိဆန်ကာ CDM ပြုလုပ်ခဲ့သည့် တရားသူကြီး ဦးမင်းနောင်ခိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏
အမြဲတမ်းအတွင်းဝန် (အစမ်းခန့်) အဖြစ်၇.၁.၂၀၂၂ ရက်နေ့တွင်စတင် တာဝန်ထမ်းဆောင်သည်” ဟု ဦးမင်းနောင်ခိုင်ကဇန်နဝါရီ ၈ ရက်တွင်သူ၏ ဖေစ်ဘွခ်မှတစ်ဆင့် အသိ့ပေးသည်။
အသက် ၃၀အရွယ်ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန်းထမ်းဆောင်နေစဉ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်အခါ CDM ပြုလုပ်ကြောင်း ပထမဆုံး ကြေငြာခဲ့သည့် တရားသူကြီး ဖြစ်သည်။
CDMပြုလုပ်ကြောင်းကြေငြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီကပုဒ်မ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။ လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်ခဲ့ပြီးနောက်ဦးမင်းနောင်ခိုင်သည်လွတ်မြောက်
နယ်မြေသို့ ထွက်လာကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆောင်ရွက်နေသည်။
ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံသားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဦးမင်းနောင်ခိုင်က ပြောကြားထားသည်။