ၾကားသိရသမွ်

တက္ကသိုလ်ကဆရာတစ်ဦးဖြစ်ပေမယ့်လည်း အခုချိန်မှာ ဆိုင်ကယ်ပေါ်နွားနို့ပုံးလေးတင်ပြီး သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့မြင်ကွင်း

ပြည်သူလူထုကတော့ ဖေဖော်ဝါရီလကတည်းက ဒီအခြေအနေကို ရင်ဆိုင်လာခဲ့တာ (၅)လကျော် ကြာသွားပေမယ့်အားတင်းထားကြဆဲပဲဖြစ်ပါတယ်။

ဒီ(၅)လကျော်အတွင်းမှာ ပြည်သူတွေဘက်ကလည်း ပေးဆပ်လိုက်ရတဲ့ပမာဏက ကြီးမားလွန်းလှပါတယ်။

အစိုးရဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေဆိုရင်လည်း မိမိတို့ မိသားစုစားဝတ်နေရေးကို ဘေးချိတ်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တာကြောင့် CDM ဝင်လိုက်ကြတာဖြစ်ပါတယ်။

အလုပ်ရပ်နားထားတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူတွေက လက်လှမ်းမှီသလောက် စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။

တချို့ CDM ဝန်ထမ်းတွေဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး သမာအာဇီဝကျတဲ့စီးပွါးရေးကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

စိတ်ဓာတ်ခိုင်မာပြီး ကိုယ်တတ်နိုင်သလောက်ဝန်ကို ထမ်းရွက်နေကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကလေးစားဖို့ကောင်းပါတယ်။အခုဆိုရင်လည်း မန္တလေး၊ရတနာပုံတက္ကသိုလ်မှာ စာသင်ကြားပေးတဲ့ ဆရာတစ်ဦးက အလုပ်မှရပ်နားထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ရဲ့မိသားစုစားဝတ်နေရေးအတွက် ဆိုင်ကယ်ပေါ်မှာ နွားနို့ပုံးလေးကိုတင်ပြီး လှည့်လည်ရောင်းချနေတာဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေးလုပ်ကိုင်နေတဲ့ ဆရာ့ကို ပြည်သူတွေကလည်းရောင်းကောင်းပါစေလို့ ဆုတောင်းပေးကြတာဖြစ်ပါတယ်။

ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုလျှောက်လှမ်းပြီးအခက်အခဲမှန်သမျှကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ တက္ကသိုလ်ဆရာတစ်ဦးရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:Original Uploder