က်မၼာေရး ဗဟုသုတ

ဆား(သို့မဟုတ်) ဆားငံရည်ဖြင့် ဘာလို့ ပလုတ်ကျင်းခိုင်းရတာလဲ

ဆား(သို့မဟုတ်) ဆားငံရည်ဖြင့် ဘာလို့ ပလုတ်ကျင်းခိုင်းရတာလဲ

ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်းသန့်ရှင်းပေးတယ်။

သွားကိုက်၊သွားနာ၊အနာပေါက်တာ၊ခံတွင်းအနံ့ဆိုးဖြစ်တာ၊လည်ချောင်းနာတာ၊သွားနှုတ်ပြီးချိန်မှာသွားဖုံးထဲပိုးမဝင်စေဖို့နဲ့အနာကျက်မြန်စေဖို့ဆားငန်ရည်နဲ့ပလုတ်ကျင်းတတ်ကြပါတယ်ဆားငန်ရည်နဲ့ပလုတ်ကျင်းဖို့သွားနဲ့ခံတွင်းဆရာဝန်တိုင်းဘာလို့အကြံပြုတာလဲအလွယ်ကူဆုံးနဲ့ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသလိုအိမ်တိုင်းမှာလည်းဆားတွေအလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့သုံးဖို့လည်းအဆင်ပြေစေပါတယ်။

ကုန်ကျစရိတ်လည်းနည်းတယ်။လုပ်ဖို့အတွက်အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်

ဆားငန်ရည်ဟာခံတွင်းကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုပေးနိုင်လဲ

၁။ပါးစပ်ထဲမှာရှိနေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသန့်စင်ပေးတယ်။သွားတိုက်တံနဲ့အလွယ်တကူမရောက်နိုင်တဲ့သွားကြားထဲကပိုးမွှားတွေကိုလည်းဖယ်ရှားပေးနိုင်တယ်

၂။သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ်

၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်သွားတိုက်ပြီးတိုင်းဆားငန်ရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့်ခံတွင်းအနံ့ဆိုးကိုသက်သာစေတယ်။အယ်လ်ကိုဟောပါဝင်တဲ့ခံတွင်းသန့်စင်ဆေးရည်နဲ့မတည့်တဲ့သူတွေဆိုရင်ဆားငန်ရည်နဲ့ပလုတ်ကျင်းပေးလို့ရပါတယ်

၄။လည်ချောင်းနာတဲ့သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့်လည်ချောင်းနာဝေဒနာကို အမြန်သက်သာစေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ်

၅။ပါးစပ်မှာUlcerကဲ့သို့အဖြူရောင်အနာကွက်လေးတွေပေါက်နေတဲ့အခါဆားငန်ရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့်ပိုးသေစေတယ်။ဆေးဆိုင်ကနေအနာပျောက်လိမ်းဆေးတွေကိုလိမ်းပေးပြီးသွားရင်လည်းအရောင်ကျစေနိုင်ပြီးအနာကိုသေးစေကာမြန်မြန်ပျောက်စေနိုင်ပါတယ်

၆။သွားဖုံးရောင်ခြင်း၊သွားဖုံးသွေးယိုခြင်း၊ရေစီးကမ်းပြိုဖြစ်ခြင်း၊သွားပိုးပေါက်ဖြစ်ခြင်း၊သွားပိုးစားခြင်းကိုလည်းကာကွယ်ပေးနိုင်တယ်

၇။သွားနှုတ်ပြီး၂၄နာရီနောက်ပိုင်းမှာဆားငန်ရည်နဲ့ပလုတ်ကျင်းပေးမယ်ဆိုရင်အနာကျက်မြန်စေပြီးအနာမရင်းအောင်လည်းကာကွယ်ပေးနိုင်ပါတယ်သတိထားရမှာကသွားနဲ့ခံတွင်းဆရာဝန်ရဲ့ဆေးပညာအတည်ပြုချက်ရမှသာလုပ်သင့်ပါတယ်။အထူးသဖြင့်အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ်

၈။အအေးမိ၊ဖျားနာ၊တုပ်ကွေးဖြစ်နေချိန်မှာလည်းပလုတ်ကျင်းလို့ရပါတယ်။ခံတွင်းနဲ့လည်ချောင်းထဲမှာရှိနေတဲ့ချွဲသလိပ်တွေကိုကြေစေပြီးဘက်တီးရီးယားပိုးတွေကိုလည်းလျော့နည်းစေနိုင်ပါတယ်သွားနဲ့ခံတွင်းကျန်းမာရေးအတွက်ဒီနည်းလမ်းတွေကိုလိုက်နာပါ

၁။ဖလိုရိုဒ်ပါတဲ့သွားတိုက်ဆေးနဲ့မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်ပေးပါ။သွားတိုက်တဲ့အခါမှာလည်းနည်းမှန်လမ်းမှန်နဲ့စနစ်တကျသွားတိုက်ဖို့ အရေးကြီးပါတယ်

၂။သွားတိုက်ပြီးရင်လျှာခြစ်ပါ။လျှာခြစ်ဖို့အတွက်လျှာခြစ်တံအပျော့စားလေးသို့မဟုတ်သွားပွတ်တံနဲ့အသုံးပြုလို့ရပါတယ်

၃။အားလုံးလုပ်ပြီးသွားရင်ပါးစပ်ကိုခံတွင်းသန့်စင်ဆေးရည်သို့မဟုတ်ဆားငန်ရည်နဲ့ပလုတ်ကျင်းပေးပါ

၄။ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။

၁၀ စက္ကန့်မှ ၁၂စက္ကန့်ထိအကြာဆုံးဆားငန်ရည်နဲ့ပလုတ်ကျင်းပြီးသွားရင်ထွေးထုတ်ပစ်ပါ။မမျိုချပါနဲ့။လည်ချောင်းမှာဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီးပလုတ်ကျင်းကာထွေးထုတ်ပစ်ပါ

၅။တစ်ပတ်ကို၃ကြိမ်မှ၄ကြိမ်ထိလုပ်ပေးနိုင်ရင်လုံလောက်ပါတယ်

၆။အစာစားပြီးတဲ့အခါရေနဲ့ပလုတ်ကျင်းပါ။သွားပွတ်ကြိုးသုံးပြီးသွားကြားထဲညှပ်နေတဲ့စားကြွင်းစားကျန်တွေကိုရှင်းထုတ်ပစ်ပါ

၇။သွားနဲ့ခံတွင်းဆေးခန်းကို၆လတစ်ကြိမ်ပုံမှန်သွားပြပေးပါကိုယ့်ရဲ့ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ်အများကြီးသက်ရောက်မှုရှိစေတာကြောင့်ခုပြောပြခဲ့တဲ့နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအကြံပြုပါရစေ

Credit

ဆား(သို႔မဟုတ္) ဆားငံရည္ျဖင့္ ဘာလို႔ ပလုတ္က်င္းခိုင္းရတာလဲ

ဆားငန္ရည္ဆိုတာ ခံတြင္းက်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ေပးစြမ္းႏိုင္တဲ့ အိမ္တြင္းေဆးဝါးတစ္လက္ပါပဲ သြား၊ လွ်ာ၊ သြားဖုံး၊ လည္ေခ်ာင္းကိုလည္းသန႔္ရွင္းေပးတယ္။

သြားကိုက္၊သြားနာ၊အနာေပါက္တာ၊ခံတြင္းအနံ႔ဆိုးျဖစ္တာ၊လည္ေခ်ာင္းနာတာ၊သြားႏႈတ္ၿပီးခ်ိန္မွာသြားဖုံးထဲပိုးမဝင္ေစဖို႔နဲ႔အနာက်က္ျမန္ေစဖို႔ဆားငန္ရည္နဲ႔ပလုတ္က်င္းတတ္ၾကပါတယ္ဆားငန္ရည္နဲ႔ပလုတ္က်င္းဖို႔သြားနဲ႔ခံတြင္းဆရာဝန္တိုင္းဘာလို႔အႀကံျပဳတာလဲအလြယ္ကူဆုံးနဲ႔ေဘးထြက္ဆိုးက်ိဳးမရွိသေလာက္နည္းသလိုအိမ္တိုင္းမွာလည္းဆားေတြအလြယ္တကူေဆာင္ထားတတ္ၾကတာဆိုေတာ့သုံးဖို႔လည္းအဆင္ေျပေစပါတယ္။

ကုန္က်စရိတ္လည္းနည္းတယ္။လုပ္ဖို႔အတြက္အခ်ိန္စကၠန႔္ပိုင္းေလာက္ပဲ ေပးရတာေၾကာင့္ ဆားငန္ရည္နဲ႔ အၿမဲပလုတ္က်င္းဖို႔ အႀကံျပဳရျခင္း ျဖစ္ပါတယ္

ဆားငန္ရည္ဟာခံတြင္းက်န္းမာေရးအတြက္ဘယ္လိုအက်ိဳးျပဳေပးႏိုင္လဲ

၁။ပါးစပ္ထဲမွာရွိေနတဲ့ဘက္တီးရီးယားပိုးမႊားေတြကိုသန႔္စင္ေပးတယ္။သြားတိုက္တံနဲ႔အလြယ္တကူမေရာက္ႏိုင္တဲ့သြားၾကားထဲကပိုးမႊားေတြကိုလည္းဖယ္ရွားေပးႏိုင္တယ္

၂။သြားေသခ်ာမတိုက္ျခင္းေၾကာင့္ အေပၚယံသြားေႂကြလႊာေပၚ အက်ိအခြၽဲတက္ျခင္းကို ေႏွးေကြးေစတယ္

၃။ ခံတြင္းအနံ႔ဆိုး ထြက္တတ္တဲ့သူေတြဆိုရင္ တစ္ေန႔ကို တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္သြားတိုက္ၿပီးတိုင္းဆားငန္ရည္နဲ႔ပလုတ္က်င္းေပးျခင္းျဖင့္ခံတြင္းအနံ႔ဆိုးကိုသက္သာေစတယ္။အယ္လ္ကိုေဟာပါဝင္တဲ့ခံတြင္းသန႔္စင္ေဆးရည္နဲ႔မတည့္တဲ့သူေတြဆိုရင္ဆားငန္ရည္နဲ႔ပလုတ္က်င္းေပးလို႔ရပါတယ္

၄။လည္ေခ်ာင္းနာတဲ့သူေတြဆိုရင္ ပါးစပ္ပတ္ပတ္လည္ကို တစ္ႀကိမ္၊ အာေခါင္စပ္ ေရာက္တဲ့အထိ ေခါင္းကိုအနည္းငယ္ေမာ့ၿပီး တစ္ႀကိမ္ ၂ႀကိမ္တိတိ ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးျခင္းျဖင့္လည္ေခ်ာင္းနာေဝဒနာကို အျမန္သက္သာေစႏိုင္သလို ေပ်ာက္တာလည္း ျမန္ေစပါတယ္

၅။ပါးစပ္မွာUlcerကဲ့သို႔အျဖဴေရာင္အနာကြက္ေလးေတြေပါက္ေနတဲ့အခါဆားငန္ရည္နဲ႔ပလုတ္က်င္းေပးျခင္းျဖင့္ပိုးေသေစတယ္။ေဆးဆိုင္ကေနအနာေပ်ာက္လိမ္းေဆးေတြကိုလိမ္းေပးၿပီးသြားရင္လည္းအေရာင္က်ေစႏိုင္ၿပီးအနာကိုေသးေစကာျမန္ျမန္ေပ်ာက္ေစႏိုင္ပါတယ္

၆။သြားဖုံးေရာင္ျခင္း၊သြားဖုံးေသြးယိုျခင္း၊ေရစီးကမ္းၿပိဳျဖစ္ျခင္း၊သြားပိုးေပါက္ျဖစ္ျခင္း၊သြားပိုးစားျခင္းကိုလည္းကာကြယ္ေပးႏိုင္တယ္

၇။သြားႏႈတ္ၿပီး၂၄နာရီေနာက္ပိုင္းမွာဆားငန္ရည္နဲ႔ပလုတ္က်င္းေပးမယ္ဆိုရင္အနာက်က္ျမန္ေစၿပီးအနာမရင္းေအာင္လည္းကာကြယ္ေပးႏိုင္ပါတယ္သတိထားရမွာကသြားနဲ႔ခံတြင္းဆရာဝန္ရဲ႕ေဆးပညာအတည္ျပဳခ်က္ရမွသာလုပ္သင့္ပါတယ္။အထူးသျဖင့္အံဆုံးသြားႏႈတ္တဲ့သူဆိုရင္ေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္ ဆားငန္ရည္နဲ႔ ပလုတ္မက်င္းခင္ အရင္ေမးဖို႔လိုအပ္ပါတယ္

၈။အေအးမိ၊ဖ်ားနာ၊တုပ္ေကြးျဖစ္ေနခ်ိန္မွာလည္းပလုတ္က်င္းလို႔ရပါတယ္။ခံတြင္းနဲ႔လည္ေခ်ာင္းထဲမွာရွိေနတဲ့ခြၽဲသလိပ္ေတြကိုေၾကေစၿပီးဘက္တီးရီးယားပိုးေတြကိုလည္းေလ်ာ့နည္းေစႏိုင္ပါတယ္သြားနဲ႔ခံတြင္းက်န္းမာေရးအတြက္ဒီနည္းလမ္းေတြကိုလိုက္နာပါ

၁။ဖလို႐ိုဒ္ပါတဲ့သြားတိုက္ေဆးနဲ႔မနက္တစ္ႀကိမ္၊ညတစ္ႀကိမ္သြားတိုက္ေပးပါ။သြားတိုက္တဲ့အခါမွာလည္းနည္းမွန္လမ္းမွန္နဲ႔စနစ္တက်သြားတိုက္ဖို႔ အေရးႀကီးပါတယ္

၂။သြားတိုက္ၿပီးရင္လွ်ာျခစ္ပါ။လွ်ာျခစ္ဖို႔အတြက္လွ်ာျခစ္တံအေပ်ာ့စားေလးသို႔မဟုတ္သြားပြတ္တံနဲ႔အသုံးျပဳလို႔ရပါတယ္

၃။အားလုံးလုပ္ၿပီးသြားရင္ပါးစပ္ကိုခံတြင္းသန႔္စင္ေဆးရည္သို႔မဟုတ္ဆားငန္ရည္နဲ႔ပလုတ္က်င္းေပးပါ

၄။ဆားငန္ရည္ျပဳလုပ္တဲ့ေနရာမွာ အိမ္သုံးဆား လက္ဖက္ရည္ဇြန္းတစ္ဝက္ကို ေရက်က္ေႏြးတစ္ခြက္နဲ႔ ေရာေမႊေပးရပါမယ္။

၁၀ စကၠန႔္မွ ၁၂စကၠန႔္ထိအၾကာဆုံးဆားငန္ရည္နဲ႔ပလုတ္က်င္းၿပီးသြားရင္ေထြးထုတ္ပစ္ပါ။မမ်ိဳခ်ပါနဲ႔။လည္ေခ်ာင္းမွာဆားေတြကပ္ေနရင္ ေရနည္းနည္းငုံၿပီးပလုတ္က်င္းကာေထြးထုတ္ပစ္ပါ

၅။တစ္ပတ္ကို၃ႀကိမ္မွ၄ႀကိမ္ထိလုပ္ေပးႏိုင္ရင္လုံေလာက္ပါတယ္

၆။အစာစားၿပီးတဲ့အခါေရနဲ႔ပလုတ္က်င္းပါ။သြားပြတ္ႀကိဳးသုံးၿပီးသြားၾကားထဲညႇပ္ေနတဲ့စားႂကြင္းစားက်န္ေတြကိုရွင္းထုတ္ပစ္ပါ

၇။သြားနဲ႔ခံတြင္းေဆးခန္းကို၆လတစ္ႀကိမ္ပုံမွန္သြားျပေပးပါကိုယ့္ရဲ႕႐ုပ္နဲ႔ခႏၶာက်န္းမာေရးအေပၚအမ်ားႀကီးသက္ေရာက္မႈရွိေစတာေၾကာင့္ခုေျပာျပခဲ့တဲ့နည္းလမ္းေတြကို ေသခ်ာလိုက္နာၿပီး ကိုယ့္ရဲ႕ခံတြင္းကို သန႔္ရွင္းေအာင္ထားဖို႔ ထပ္မံအႀကံျပဳပါရေစ

Credit