(၁) ကိုလက္စထေရာလုံး၀ မပါရွိျခင္း ေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ထိန္းသိမ္းလိုသူမ်ားအတြက္ အထူးသင့္ေတာ္ပါသည္။
(၂) ဗီတာမင္စီ၊ အက္စ္ေကာဘစ္အက္ဆစ္ ႏွင့္ poly-phenolic (ေခၚ) ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားပါရွိၾကရာ အစာအိမ္၊ အသည္း၊ ရင္သား၊ မ်ိဳးဥ အိမ္၊ သားအိမ္၊ အူမႀကီး ႏွင့္ အဆုတ္ကင္ဆာဆဲလ္မ်ား ႀကီးထြားလာျခင္းကို ဟန႔္တားေပးႏိုင္ပါသည္။
(၃) အူသိမ္၊အူမ တို႔စြမ္းရည္ကိုျမႇင့္တင္ေပးေသာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးႏိုင္၏။
(၄) ဗီတာမင္ေကႂကြယ္ဝေသာ ေဂၚရခါးသီးကိုစားေပးျခင္းျဖင့္ အ႐ိုးပြျခင္းမွကာကြယ္ေပး ႏိုင္ပါသည္။
(၅)နာတာရွည္အိပ္မေပ်ာ္သူမ်ားအတြက္၊ အထူးသင့္ေတာ္ၿပီး ပင္ပန္း ႏြမ္းနယ္မႈမ်ားကိုလည္း သက္သာလာေစပါသည္။
(၆) သြားဖုံးက်န္းမာေရး၊ သြားက်န္းမာေရး၊ ခံတြင္းအပူေလာင္ျခင္း၊ အဆုတ္က်န္းမာေရး ႏွင့္ ေက်ာ႐ိုးက်န္းမာေရးတို႔ကို တိုးတက္ေကာင္းမြန္ေစ၏။
(၇) အပူဖ်ား၊ အေအးဖ်ား နာျခင္း ႏွင့္ ကူးစက္တုပ္ေကြးေရာဂါမ်ားကို ႀကိဳတင္ကာကြယ္ေပးႏိုင္ပါသည္။
(၈) ေဂၚရခါးသီးထဲတြင္ မဂၢနီဆီယမ္ဓါတ္ ပါရွိေသာေၾကာင့္ မွန္မွန္စားေပးျခင္းျဖင့္ ေျခသလုံးႂကြက္သားမ်ား ႂကြက္တက္ျခင္း မွ ကာကြယ္ေပးႏိုင္၏။
(၉) ႏွလုံးေရာဂါေဝဒနာရွင္မ်ားကို ေဂၚရခါးသီးေကြၽး၍ေဆးသုေတသနျပဳလုပ္ခဲ့ရာ၊ အသီးထဲတြင္ပါရွိေသာ ေဖာလိပ္/ပိုတက္ စီယမ္ႏွင့္မဂၢနီစီယမ္ဓာတ္ေပါင္းစုမ်ားသည္ ေသြးထဲရွိ homocysteine ပမာဏကို ေလ်ာ့ခ်ေပးႏိုင္သျဖင့္ ႏွလုံးေရာဂါ သာမက၊ ႏွလုံးေရာဂါႏွင့္ဆက္စပ္သည့္ေလျဖတ္ျခင္းမ်ားကိုပါ မျဖစ္ေစႏိုင္ဟုဆိုပါသည္။
(၁၀) ေဂၚရခါးသီးသာမက၊ ေဂၚရခါးပင္၏ အ႐ြက္/အၫြန႔္တို႔သည္လဲ လြန္စြာေဆးဘက္ေသာေၾကာင့္ အ႐ြက္ေၾကာ္/ဟင္းခ်ိဳ /ေၾကာ္ခ်က္ဟင္း/အ႐ြက္ျပဳတ္လုပ္၍ စားသုံးသင့္ပါသည္။ အ႐ြက္/အၫြန႔္တို႔ကို အစိမ္း(သို႔မဟုတ္) အေျခာက္ခံၿပီး လက္ဘက္ရည္ၾကမ္းအျဖစ္ မွန္မွန္ေသာက္သုံးသြားပါက၊ ေသြးတိုးေရာဂါကိုက်ေစျခင္း၊ ေသြးေၾကာမႀကီးမ်ား ပိတ္ဆို႔ တင္းမာမႈကို ေျပေလ်ာ့ေစႏိုင္ျခင္း၊ ဆီး႐ႊင္ေစျခင္း၊ ေက်ာက္ကပ္ထဲရွိ ဆီးေက်ာက္မ်ားကိုေက်ေစျခင္း စသည္ျဖင့္ ေဆးစြမ္းထက္ျမက္လွပါသည္။
သတိျပဳရန္***
(၁)ရင့္ေသာအသီး၏ အေပၚယံအခြံသည္ လက္သည္းႏွင့္ဆိတ္ၾကည့္၍ မရႏိုင္ေအာင္ ၾကမ္းတမ္းမာေက်ာၿပီး၊ အသား မွာဖြယ္၍ အရသာလည္းမေကာင္းပါ။ အေ႐ြးမမွားဘို႔လိုပါသည္။
(၂) ပိုးသတ္ေဆးအႏၲာရာယ္မွ ကင္းေဝေအာင္ ေဂၚရခါးသီးကို မလွီးခြၽတ္ခင္ ေရွးဦးစြာ ေရစင္စင္ေဆးေပးရပါမည္။ အခြံႏႊာေသာအခါတြင္ အေစးမ်ားလက္ကို ကပ္ေစးေစတတ္သျဖင့္ ေရဘုံပိုင္ ဖြင့္၍ အခြံႏႊာျခင္းက ပိုမိုအဆင္ေျပေစ၏။ ေဂၚရခါးသီးေလးမ်ားသည္ လူတန္းေစ့စားႏိုင္ေအာင္ေဈးႏႈန္းခ်ိဳသာသေလာက္ အရသာလဲခ်ိဳကာ၊ ေဘးထြက္ဆိုးက်ိဳး ကင္းလွပါ သည္။
ဒါေၾကာင့္လက္တကမ္းမွ အလြယ္တကူရႏိုင္ေသာ ေဂၚရခါးသီးေလးမ်ားကို အစာလည္းေဆး၊ ေဆးလည္းအစာ ဆိုသလို စားသုံးေပးၾကဖို႔ အႀကံျပဳလိုက္ရပါတယ္။
[ Unicode ]
(၁) ကိုလက်စထရောလုံး၀ မပါရှိခြင်း ကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများအတွက် အထူးသင့်တော်ပါသည်။
(၂) ဗီတာမင်စီ၊ အက်စ်ကောဘစ်အက်ဆစ် နှင့် poly-phenolic (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိကြရာ အစာအိမ်၊ အသည်း၊ ရင်သား၊ မျိုးဥ အိမ်၊ သားအိမ်၊ အူမကြီး နှင့် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားလာခြင်းကို ဟန့်တားပေးနိုင်ပါသည်။
(၃) အူသိမ်၊အူမ တို့စွမ်းရည်ကိုမြှင့်တင်ပေးသောကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်၏။
(၄) ဗီတာမင်ကေကြွယ်ဝသော ဂေါ်ရခါးသီးကိုစားပေးခြင်းဖြင့် အရိုးပွခြင်းမှကာကွယ်ပေး နိုင်ပါသည်။
(၅)နာတာရှည်အိပ်မပျော်သူများအတွက်၊ အထူးသင့်တော်ပြီး ပင်ပန်း နွမ်းနယ်မှုများကိုလည်း သက်သာလာစေပါသည်။
(၆) သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေး နှင့် ကျောရိုးကျန်းမာရေးတို့ကို တိုးတက်ကောင်းမွန်စေ၏။
(၇) အပူဖျား၊ အအေးဖျား နာခြင်း နှင့် ကူးစက်တုပ်ကွေးရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
(၈) ဂေါ်ရခါးသီးထဲတွင် မဂ္ဂနီဆီယမ်ဓါတ် ပါရှိသောကြောင့် မှန်မှန်စားပေးခြင်းဖြင့် ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်း မှ ကာကွယ်ပေးနိုင်၏။
(၉) နှလုံးရောဂါဝေဒနာရှင်များကို ဂေါ်ရခါးသီးကျွေး၍ဆေးသုတေသနပြုလုပ်ခဲ့ရာ၊ အသီးထဲတွင်ပါရှိသော ဖောလိပ်/ပိုတက် စီယမ်နှင့်မဂ္ဂနီစီယမ်ဓာတ်ပေါင်းစုများသည် သွေးထဲရှိ homocysteine ပမာဏကို လျော့ချပေးနိုင်သဖြင့် နှလုံးရောဂါ သာမက၊ နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းများကိုပါ မဖြစ်စေနိုင်ဟုဆိုပါသည်။
(၁၀) ဂေါ်ရခါးသီးသာမက၊ ဂေါ်ရခါးပင်၏ အရွက်/အညွန့်တို့သည်လဲ လွန်စွာဆေးဘက်သောကြောင့် အရွက်ကြော်/ဟင်းချို /ကြော်ချက်ဟင်း/အရွက်ပြုတ်လုပ်၍ စားသုံးသင့်ပါသည်။ အရွက်/အညွန့်တို့ကို အစိမ်း(သို့မဟုတ်) အခြောက်ခံပြီး လက်ဘက်ရည်ကြမ်းအဖြစ် မှန်မှန်သောက်သုံးသွားပါက၊ သွေးတိုးရောဂါကိုကျစေခြင်း၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ပြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကိုကျေစေခြင်း စသည်ဖြင့် ဆေးစွမ်းထက်မြက်လှပါသည်။
သတိပြုရန်***
(၁)ရင့်သောအသီး၏ အပေါ်ယံအခွံသည် လက်သည်းနှင့်ဆိတ်ကြည့်၍ မရနိုင်အောင် ကြမ်းတမ်းမာကျောပြီး၊ အသား မှာဖွယ်၍ အရသာလည်းမကောင်းပါ။ အရွေးမမှားဘို့လိုပါသည်။
(၂) ပိုးသတ်ဆေးအန္တာရာယ်မှ ကင်းဝေအောင် ဂေါ်ရခါးသီးကို မလှီးချွတ်ခင် ရှေးဦးစွာ ရေစင်စင်ဆေးပေးရပါမည်။ အခွံနွှာသောအခါတွင် အစေးများလက်ကို ကပ်စေးစေတတ်သဖြင့် ရေဘုံပိုင် ဖွင့်၍ အခွံနွှာခြင်းက ပိုမိုအဆင်ပြေစေ၏။ ဂေါ်ရခါးသီးလေးများသည် လူတန်းစေ့စားနိုင်အောင်ဈေးနှုန်းချိုသာသလောက် အရသာလဲချိုကာ၊ ဘေးထွက်ဆိုးကျိုး ကင်းလှပါ သည်။
ဒါကြောင့်လက်တကမ်းမှ အလွယ်တကူရနိုင်သော ဂေါ်ရခါးသီးလေးများကို အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို စားသုံးပေးကြဖို့ အကြံပြုလိုက်ရပါတယ်။
Ref; goodhealth