ဗဟုသုတ

အ၀တ္္္အစားႏွင္႔ တျခားေနရာေတြဆီီက ေရာဂါကူးစက္နိုင္သလား

အ၀တ္္္အစားႏွင္႔ တျခားေနရာေတြဆီီက ေရာဂါကူးစက္နိုင္သလား

COVID-19 က အဝတ္အစား၊ လက္သုုတ္ပုဝါနဲ႔ တျခားအထည္အလိိပ္ေတြက ကူးစက္နိုင္လား။

သုေတသီေတြရဲ့ ေတြ႕ရွိခ်က္အရ ဗိုိင္းရပ္စ္ပိုးက အခ်ိဳ႕မ်က္ႏွာျပင္ေတြေပၚမွာ ၇၂ နာရီအထိိ ဆက္လက္ရွိေနနိုင္ပါတယ္။ ဒီေလ့လာမွုမွာ အထည္ မပါဝင္ခဲ့ပါ။

အခုထိိ သက္ေသအေထာက္အထားေတြအရ ဗိုင္းရ္ပ္စ္ကို ႏူးညံ့တဲ့ မ်က္ႏွာျပင္္ (ဥပမာ – အဝတ္အထည္)ေတြေပၚမွာ ေတြ႕ဖို႔ ခက္ခဲေၾကာင္း သက္ေသျပထားပါတယ္။

ဒါေပမယ့္ မၾကာခဏထိေတြ႕ရတဲ့ ဓာတ္ေလွကား ခလုတ္္ ၊တံခါးလက္ကိုင္ေတြလို မာေက်ာတဲ့မ်က္ႏွာျပင္ေတြမွာ ဗိုင္းရပ္စ္က ၃ ရက္အထိ ေနနိုင္ေၾကာင္း Johns Hopkins Health System ရဲ့ ကူးစက္ေရာဂါကာကြယ္ေရး အႀကီးတန္းညႊန္ၾကားေရးမွူးLi sa M ara gakisက ေရးသားခဲ့ပါတယ္။

ကၽြမ္းက်င္သူေတြြ လက္ခံထားတာတစ္ခုက ပိုးကူးစက္ပ်ံ႕ပြားတာအမ်ားစုက မ်က္ႏွာျပင္ေတြ၊ အဝတ္ေတြက မဟုတ္ဘဲ ေရာဂါပိုးရွိသူနဲ႔ အနီးကပ္ထိေတြ႕မွုကေန ကူးစက္ခံရတာပါ။ ေရာဂါ ကာကြယ္ဖို႔ လုပ္နိုင္တဲ့ အေကာင္းဆုံးနည္းက အိမ္မွာ ေနတာပဲ ျဖစ္ပါတယ္။

အျပင္ထြြက္ရင္ တျခားလူေတြနဲ႔ ခပ္ခြာခြာ(၆ေပ) အကြာမွာေနပါ။ Mask ကို စနစ္တက် တပ္ပါ။

လက္ကိုိ ေရ၊ဆပ္ျပာနဲ႔၂၀ စကၠန႔္ေဆးပါ။ Hand Gel ေဆာင္ထားပါ။ အိပ္ေရးဝဝအိပ္ပါ။ အာဟာရ ျပည့္ျပည့္ဝဝ စားပါ။

မွတ္ခ်က္။ ယခု ဗီဇေျပာင္းလဲ သြားတဲ့ ပိုးက ပိုးေကာင္ေရ ပိုမိုပြားမ်ားၿပီး ကူးစက္တာ ပိုလြယ္လာေပမဲ့ ေရာဂါလကၡဏာ၊ ခံစားရတဲ့ ေဝဒနာေတြ ပိုမို ဆိုးရြားလာတာ အခုထိ မေတြ႕ရေသးပါ။

တခ်ိဳ႕ဆိုိ ဘာလကၡဏာမွ မျပၾကပါ။ ဒီဗီဇေျပာင္း ပိုးေၾကာင့္ ေသဆုံးႏွုန္း က်ဆင္းမယ္လို႔ ပညာရွင္ေတြက ယူဆထားၾကပါတယ္။

စည္းကမ္းလိုက္နာ ေဘးကင္းကြာ။

ဟမ္စိုင္္း

Unicode

အဝတ်အစားနှင့် တခြားနေရာတွေဆီက ရောဂါကူးစက်နိုင်သလား

COVID-19 က အဝတ်အစား၊ လက်သုတ်ပုဝါနဲ့ တခြားအထည်အလိပ်တွေက ကူးစက်နိုင်လား။

သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုးက အချို့မျက်နှာပြင်တွေပေါ်မှာ ၇၂ နာရီအထိ ဆက်လက်ရှိနေနိုင်ပါတယ်။ ဒီလေ့လာမှုမှာ အထည် မပါဝင်ခဲ့ပါ။

အခုထိ သက်သေအထောက်အထားတွေအရ ဗိုင်းရ်ပ်စ်ကို နူးညံ့တဲ့ မျက်နှာပြင် (ဥပမာ – အဝတ်အထည်)တွေပေါ်မှာ တွေ့ဖို့ ခက်ခဲကြောင်း သက်သေပြထားပါတယ်။

ဒါပေမယ့် မကြာခဏထိတွေ့ရတဲ့ ဓာတ်လှေကား ခလုတ် ၊တံခါးလက်ကိုင်တွေလို မာကျောတဲ့မျက်နှာပြင်တွေမှာ ဗိုင်းရပ်စ်က ၃ ရက်အထိ နေနိုင်ကြောင်း Johns Hopkins Health System ရဲ့ ကူးစက်ရောဂါကာကွယ်ရေး အကြီးတန်းညွှန်ကြားရေးမှူးLi sa M ara gakisက ရေးသားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေ လက်ခံထားတာတစ်ခုက ပိုးကူးစက်ပျံ့ပွားတာအများစုက မျက်နှာပြင်တွေ၊ အဝတ်တွေက မဟုတ်ဘဲ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မှုကနေ ကူးစက်ခံရတာပါ။ ရောဂါ ကာကွယ်ဖို့ လုပ်နိုင်တဲ့ အကောင်းဆုံးနည်းက အိမ်မှာ နေတာပဲ ဖြစ်ပါတယ်။

အပြင်ထွက်ရင် တခြားလူတွေနဲ့ ခပ်ခွာခွာ(၆ပေ) အကွာမှာနေပါ။ Mask ကို စနစ်တကျ တပ်ပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့၂၀ စက္ကန့်ဆေးပါ။ Hand Gel ဆောင်ထားပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရ ပြည့်ပြည့်ဝဝ စားပါ။

မှတ်ချက်။ ယခု ဗီဇပြောင်းလဲ သွားတဲ့ ပိုးက ပိုးကောင်ရေ ပိုမိုပွားများပြီး ကူးစက်တာ ပိုလွယ်လာပေမဲ့ ရောဂါလက္ခဏာ၊ ခံစားရတဲ့ ဝေဒနာတွေ ပိုမို ဆိုးရွားလာတာ အခုထိ မတွေ့ရသေးပါ။

တချို့ဆို ဘာလက္ခဏာမှ မပြကြပါ။ ဒီဗီဇပြောင်း ပိုးကြောင့် သေဆုံးနှုန်း ကျဆင်းမယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

စည်းကမ်းလိုက်နာ ဘေးကင်းကွာ။

ဟမ်စိုင်း