ၾကားသိရသမွ်

ျပည္တြင္း ၿပိဳင္ပြဲဝင္ အဆိုေတာ္တစ္ဦး ပုဒ္မ ၃၇၇ နဲ႔ဖမ္းဆီးခံထားရ

ျပည္တြင္း ၿပိဳင္ပြဲဝင္ အဆိုေတာ္တစ္ဦး ပုဒ္မ ၃၇၇ နဲ႔ဖမ္းဆီးခံထားရ

ျပည္တြင္းနာမည္ႀကီး အဆိုၿပိဳင္ပြဲတစ္ခုမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္လက္ခံအားေပးမႈအတိုင္းအတာတစ္ခုထိရရွိထားတဲ့ လူငယ္အဆိုေတာ္တစ္ဦးကို ပုဒ္မ ၃၇၇ နဲ႔ ၾသဂုတ္ ၂၅ ရက္က ဖမ္းဆီးထားတယ္လို႔ သူ႔ကို ဖမ္းဆီးထားတဲ့ ေဒါပုံၿမိဳ႕နယ္ရဲစခန္းက တာဝန္က်အရာရွိတစ္ဦးက ဘီဘီစီကို ဒီကေန႔ ၾသဂုတ္လ ၂၇ ရက္မနက္မွာ အတည္ျပဳပါတယ္။

ဒီအဆိုေတာ္ကို အမ်ိဳးသမီးတစ္ဦးက တရားလိုျပဳလုပ္တိုင္ၾကားထားတာျဖစ္ၿပီး စက္တင္ဘာ ၄ ရက္မွာ ပထမအႀကိမ္ ႐ုံးထုတ္စစ္ေဆးသြားဖို႔ရွိတယ္လို႔ အဲဒီအရာရွိကေျပာပါတယ္။“ကြၽန္ေတာ္တို႔ ေဒါပုံတရား႐ုံးမွာ ရမန္ႏွစ္ပတ္ယူတာေပါ့။ ဒါေပမဲ့ တရား႐ုံးျပင္ေနလို႔ ၿမိဳ႕ထဲက ေက်ာက္တံတားတရား႐ုံးမွာ ေခတၱရမန္သြားယူရပါတယ္။

စက္တင္ဘာ ၄ ရက္ ႐ုံးခ်ိန္းလည္း အဲဒီမွာပဲ ထုတ္ဖို႔ရွိပါမယ္” လို႔ သူက ေျပာပါတယ္။အမႈဖြင့္ထားတဲ့ျပစ္မႈက ဘာျပစ္မႈလဲလို႔ ဘီဘီစီကေမးတဲ့အခါ အဲဒီအရာရွိက”ဓမၼတာနဲ႔ဆန႔္က်င္လို႔ေပါ့ေနာ္။ ပုဒ္မ ၃၇၇ ေပါ့” လို႔ သူကေျပာတယ္။

ရာဇသတ္ႀကီး ပုဒ္မ ၃၇၇ ဟာ ဓမၼတာနဲ႔ ဆန႔္က်င္တဲ့ ကာမစပ္ယွက္မႈ ျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ တသက္တကြၽန္းျဖစ္ေစ၊ ေထာင္ဒဏ္ ၁၀ ႏွစ္ တမ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္လို႔ ျပဌာန္းထားတယ္။

ဘီဘီစီျမန္မာပိုင္း

ဓာတ္ပုံ- J Paing/MPA

မွတ္ခ်က္-ေဒါပုံတရား႐ုံးကို ေက်ာက္တံတားတရား႐ုံးမွာ ေခတၱဖြင့္လွစ္ထားတာျဖစ္ပါတယ္။

Unicode

ပြည်တွင်း ပြိုင်ပွဲဝင် အဆိုတော်တစ်ဦး ပုဒ်မ ၃၇၇ နဲ့ဖမ်းဆီးခံထားရ

ပြည်တွင်းနာမည်ကြီး အဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုအတိုင်းအတာတစ်ခုထိရရှိထားတဲ့ လူငယ်အဆိုတော်တစ်ဦးကို ပုဒ်မ ၃၇၇ နဲ့ သြဂုတ် ၂၅ ရက်က ဖမ်းဆီးထားတယ်လို့ သူ့ကို ဖမ်းဆီးထားတဲ့ ဒေါပုံမြို့နယ်ရဲစခန်းက တာဝန်ကျအရာရှိတစ်ဦးက ဘီဘီစီကို ဒီကနေ့ သြဂုတ်လ ၂၇ ရက်မနက်မှာ အတည်ပြုပါတယ်။

ဒီအဆိုတော်ကို အမျိုးသမီးတစ်ဦးက တရားလိုပြုလုပ်တိုင်ကြားထားတာဖြစ်ပြီး စက်တင်ဘာ ၄ ရက်မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားဖို့ရှိတယ်လို့ အဲဒီအရာရှိကပြောပါတယ်။“ကျွန်တော်တို့ ဒေါပုံတရားရုံးမှာ ရမန်နှစ်ပတ်ယူတာပေါ့။ ဒါပေမဲ့ တရားရုံးပြင်နေလို့ မြို့ထဲက ကျောက်တံတားတရားရုံးမှာ ခေတ္တရမန်သွားယူရပါတယ်။

စက်တင်ဘာ ၄ ရက် ရုံးချိန်းလည်း အဲဒီမှာပဲ ထုတ်ဖို့ရှိပါမယ်” လို့ သူက ပြောပါတယ်။အမှုဖွင့်ထားတဲ့ပြစ်မှုက ဘာပြစ်မှုလဲလို့ ဘီဘီစီကမေးတဲ့အခါ အဲဒီအရာရှိက”ဓမ္မတာနဲ့ဆန့်ကျင်လို့ပေါ့နော်။ ပုဒ်မ ၃၇၇ ပေါ့” လို့ သူကပြောတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဟာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု ဖြစ်ပြီး ပြစ်မှုထင်ရှားရင် တသက်တကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ပြဌာန်းထားတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- J Paing/MPA

မှတ်ချက်-ဒေါပုံတရားရုံးကို ကျောက်တံတားတရားရုံးမှာ ခေတ္တဖွင့်လှစ်ထားတာဖြစ်ပါတယ်။