News

တက်ရိပ်ပြနေတဲ့ ဒေါ်လာနဲ့ ပြည်တွင်းရွှေစျေး ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာ ပြန်ဆင်းလာ

နိုင်ငံခြားငွေဈေး ရွှေဈေးတွေအကုန်လုံးဟာ ဒီအပတ်ထဲမှာ ဆက်တိုက်မြင့်တက်လာခဲ့ပေမယ့် ဗဟိုဘဏ်ဘက်က

ဒေါ်လာနဲ့ ဘတ်ငွေ ရောင်းချအပြီး ဒီကနေ့မှာတော့ ပြန်လည်ကျဆင်းလာပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ ကန်ဒေါ်လာ သန်း ၂၀ နှင့် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၀၀ အတိအား ဗဟိုဘဏ်ဘက်က ထုတ်ရောင်းခဲ့ပြီဖြစ်ပါတယ်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဒေါ်လာစျေး အတက်ရပ်ပြီး ၄၄၂၀-၄၅၂၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ထိုင်းဘတ်ဈေး ၁၃၀ အောက်သို့ ပြန်လည်ကျဆင်းလာပါတယ်။

ပြည်တွင်းရွှေစျေးတွေဟာ ၆၂ သိန်းအထက်မှာ ရှိနေပေမယ့် ဒီကနေ့ ညပိုင်းမှာတော့ ၆၁-၆၂ သိန်းကြားကို ပြန်ရောက်လာပါတယ်။ ပြည်ပရွှေစျေး ၆၂ သိန်းအထက်မှာ ရှိမနေတော့ပါဘူး။

ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေစျေးဟာ လက်ရှိစျေးတန်းမှာ ငြိမ်နေသေးဖွယ်ရှိပြီး ဗဟိုဘဏ်ရဲ့ ရောင်းချမှုအပေါ် မူတည်ကာ စျေးနှုန်း ဆက်ဆင်းမလား ပြန်တက်မလား သက်ရောက်မှုရှိလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *