ၾကားသိရသမွ်

ကျောင်းသားတွေ အများကြီး လာဖြေတယ်ဆိုပြီးဂျင်းထည့်ခဲ့သမျှ အောင်စာရင်းထွက်လာတော့ပါ်ကုန်ပြီ

စကစရဲ့ ၃ လပြတ် အခြေခံပညာစာမေးပွဲတွေရဲ့ အော င်စာရင်း ယနေ့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

စကစရဲ့ ဝါဒဖြန့် သတင်းတွေမှာတော့ ကျောင်းသားလူငယ်တွေ အများအပြားဟာ ၃ လပြတ် အခြေခံပညာ အတန်းတင် စာမေးပွဲကြီးကိုအများအပြား ဝင်ဖြေခဲ့တယ်လို့ ပြောပေမယ့်လည်း

ယခု အောင်စာရင်းမှာတော့ အတန်းတတန်းကို လူအနည်းငယ်ပဲ ဖြေခဲ့တာကို တွေ့ရပါတယ်။အောင်စာရင်းတွေကို ကျောင်းတွေမှာ ကပ်ပေးထားတာကြောင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တဲ့

ကျောင်းသားဦးရေကို ညာလို့ မရတော့ဘဲ ရှင်းရှင်း လင်းလင်း ပေါ်လာတာပဲ ဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အောင်စာ ရင်းတွေကတော့ အထက (၁) ပုဇွန်တောင်မှာ ကပ်ထားတဲ့ အောင်စာရင်းစာရွက်တွေပဲ ဖြစ်ပါတယ်။

စကစရဲ့ လက်အောက်ခံ ဆရာ၊ဆရာမတွေရဲ့ မအောင်မရှိ ငါ့တပည့် အစီအစဉ်အရ “ခုံနံပါတ်ထိုး ၃၉ ဘေးမျဉ်းဆွဲချ ၁ မှတ်ရ” ဆိုတဲ့ စာစစ်နည်းအတိုင်း အကုန်အ အောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယခင်က အခြေခံ ပညာအဆင့်ကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေကို နှစ်ဆန်းနှစ်ရက်နေ့မှာ ထုတ်ပြန်နေကြဖြစ်ပေမယ့် ဒီနှစ်မှာတော့ အမှတ်ခြစ်မယ့် ဆရာ ဆရာမအရေအတွက် လုံလောက်အောင် မရှိတာကြောင့် နောက်ကျပြီးမှ ကြေညာရတာ ဖြစ်ပါတယ်။

Zawgyi