ၾကားသိရသမွ်

ကမ္ဘာ့အပူဆုံးလအဖြစ် မှတ်တမ်းဝင်သွားသော ဇူလိုင် ၂၀၂၁

ဥတ္တရယဉ်စွန်းချိန်ဖြစ်တဲ့ ဇွန်လ ၂၁ ရက် မှ ဆောင်းကူးချိန် စက်တင်ဘာလ ၂၀ ရက်နေ့အထိဟာ ကမ္ဘာ့မြောက်ခြမ်းရဲ့ နွေဥတုဖြစ်ပြီး၊ ကမ္ဘာ့တောင်ခြမ်းအတွက်တော့ ဆောင်းဥတုပဲ ဖြစ်ပါတယ်။

အမေရီကန်အခြေစိုက် မိုးလေဝသဌာနတစ်ခုဖြစ်တဲ့ အမျိုးသား အဏ္ဏဝါ နှင့် လေထုဆိုင်ရာ အစည်းအရုံး (National Oceanic and Atmospheric Administration ) (NOAA) ရဲ့ မှတ်တမ်းမှာတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လဟာ ကမ္ဘာမှာ တိုင်းတာခဲ့သမျှတွင် အပူတကာ့ အပူဆုံးလအဖြစ် သမိုင်းတွင်သွားခဲ့ပြီဖြစ်သည်။

ကိန်းဂဏန်းများဖြင့် ဖော်ပြရလျှင်.. ပင်လယ် သမုဒ္ဒရာရေမျက်နှာပြင် အပူချိန်ဟာ ၂၀ ရာစု ပျမ်းမျှအပူချိန်ထက် ၁.၆၇ ဒီဂရီဖာရင်ဟိုက် (၀.၉၃ ဒီဂရီ စင်တီဂရိတ်) ပိုမိုခဲ့ပြီး..

ဒါဟာ….. တိုင်းတာဖူးသမျှ ၁၄၂ နှစ်အတွင်း အပူဆုံး ဇူလိုင်လဖြစ်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ရမှတ်တူနေတဲ့ ခုနှစ်များကတော့.. ၂၀၁၆၊ ၂၀၁၉ နဲ့ ၂၀၂၀ တို့ ဖြစ်ကြပါတယ်။ (၀.၀၁ ဒီဂရီ စင်တီဂရိတ်သာ ကွာပါတယ်။)

၂၀၂၁ ဇူလိုင်လမှာ အပူဆုံးဒေသဟာ အာရှတိုက်မှာဖြစ်ခဲ့ပြီး ဥရောပကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ထို့အတူပဲ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက နဲ့ အခြားကမ္ဘာ့မြောက်ခြမ်းဒေသတို့မှာလည်း ဒေသအလိုက် အပူဆုံးဇူလိုင်လအဖြစ် မှန်တမ်းဝင်ခဲ့ပါတယ်။ နှစ်စဉ်တိုးပွားလာတဲ့ အပူချိန်များကြောင့် ၂၁ ရာစုနှစ်များဟာ ကမ္ဘာ့အပူဆုံးနှစ်များအဖြစ် ချံပီယံနေရာ လုနေကြပါတယ်။

အပူချိန်ကို လေထုထဲမှာရှိတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့များက တိုးပွားစေပါတယ်။ ဖန်လုံအိမ်ဓါတ်ငွေ့တွေကိုတော့.. လူသားတွေက တိုးပွားစေပါတယ်။ ဖန်လုံအိမ်ဓါတ်ငွေ့ထဲမှာ လူတို့ နေ့စဉ် အသုံးပြုနေတဲ့ ယာဉ်၊ အသုံးအဆောင် နဲ့ စက်ရုံအလုပ်ရုံများစွာက ထုတ်လွှတ်နေတဲ့ ကာဗွန်ဓါတ်ငွေ့တွေ အများဆုံး ပါဝင်ကြပါတယ်။ ဒီလိုအချိန်မှာ ကမ္ဘာစစ်တစ်ခုခုဖြစ်လို့ အဏုမြူလို လက်နက်တွေ ထုတ်သုံးကြလျှင်တော့.. မတွေးဝံ့စရာပါပဲ…။

လူသားတွေအတွက် နေရာထိုင်ခင်းပေးခဲ့တဲ့ ကမ္ဘာကြီးဟာ.. လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်ပဲ နာမကျန်း ဖြစ်လို့နေပါပြီ။ အနာဂတ် ကလေးငယ်များအတွက် လှပသော ကမ္ဘာကြီးကို ဖန်တီးပေးခဲ့ရမှာ လူသားတိုင်းရဲ့ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ အသိဉာဏ်ပညာဟာ ဆင်ခြင်တုံတရားကို ဖန်တီးပေးနိုင်မည့် အရာတစ်ခုသာ ဖြစ်ပါတော့တယ်။

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

————————-

ဥတၱရယဥ္စြန္းခ်ိန္ျဖစ္တဲ့ ဇြန္လ ၂၁ ရက္ မွ ေဆာင္းကူးခ်ိန္ စက္တင္ဘာလ ၂၀ ရက္ေန႔အထိဟာ ကမာၻ႔ေျမာက္ျခမ္းရဲ႕ ေႏြဥတုျဖစ္ၿပီး၊ ကမာၻ႔ေတာင္ျခမ္းအတြက္ေတာ့ ေဆာင္းဥတုပဲ ျဖစ္ပါတယ္။

အေမရီကန္အေျခစိုက္ မိုးေလဝသဌာနတစ္ခုျဖစ္တဲ့ အမ်ိဳးသား အဏၰဝါ ႏွင့္ ေလထုဆိုင္ရာ အစည္းအ႐ုံး (National Oceanic and Atmospheric Administration ) (NOAA) ရဲ႕ မွတ္တမ္းမွာေတာ့ ၂၀၂၁ ခုႏွစ္ ဇူလိုင္လဟာ ကမာၻမွာ တိုင္းတာခဲ့သမွ်တြင္ အပူတကာ့ အပူဆုံးလအျဖစ္ သမိုင္းတြင္သြားခဲ့ၿပီျဖစ္သည္။

ကိန္းဂဏန္းမ်ားျဖင့္ ေဖာ္ျပရလွ်င္.. ပင္လယ္ သမုဒၵရာေရမ်က္ႏွာျပင္ အပူခ်ိန္ဟာ ၂၀ ရာစု ပ်မ္းမွ်အပူခ်ိန္ထက္ ၁.၆၇ ဒီဂရီဖာရင္ဟိုက္ (၀.၉၃ ဒီဂရီ စင္တီဂရိတ္) ပိုမိုခဲ့ၿပီး..

ဒါဟာ….. တိုင္းတာဖူးသမွ် ၁၄၂ ႏွစ္အတြင္း အပူဆုံး ဇူလိုင္လျဖစ္ခဲ့ပါတယ္။ ဒုတိယေနရာမွာ ရမွတ္တူေနတဲ့ ခုႏွစ္မ်ားကေတာ့.. ၂၀၁၆၊ ၂၀၁၉ နဲ႔ ၂၀၂၀ တို႔ ျဖစ္ၾကပါတယ္။ (၀.၀၁ ဒီဂရီ စင္တီဂရိတ္သာ ကြာပါတယ္။)

၂၀၂၁ ဇူလိုင္လမွာ အပူဆုံးေဒသဟာ အာရွတိုက္မွာျဖစ္ခဲ့ၿပီး ဥေရာပကေတာ့ ဒုတိယေနရာမွာ ရွိေနပါတယ္။ ထို႔အတူပဲ ေျမာက္အေမရိက၊ ေတာင္အေမရိက၊ အာဖရိက နဲ႔ အျခားကမာၻ႔ေျမာက္ျခမ္းေဒသတို႔မွာလည္း ေဒသအလိုက္ အပူဆုံးဇူလိုင္လအျဖစ္ မွန္တမ္းဝင္ခဲ့ပါတယ္။ ႏွစ္စဥ္တိုးပြားလာတဲ့ အပူခ်ိန္မ်ားေၾကာင့္ ၂၁ ရာစုႏွစ္မ်ားဟာ ကမာၻ႔အပူဆုံးႏွစ္မ်ားအျဖစ္ ခ်ံပီယံေနရာ လုေနၾကပါတယ္။

အပူခ်ိန္ကို ေလထုထဲမွာရွိတဲ့ ဖန္လုံအိမ္ဓါတ္ေငြ႕မ်ားက တိုးပြားေစပါတယ္။ ဖန္လုံအိမ္ဓါတ္ေငြ႕ေတြကိုေတာ့.. လူသားေတြက တိုးပြားေစပါတယ္။ ဖန္လုံအိမ္ဓါတ္ေငြ႕ထဲမွာ လူတို႔ ေန႔စဥ္ အသုံးျပဳေနတဲ့ ယာဥ္၊ အသုံးအေဆာင္ နဲ႔ စက္႐ုံအလုပ္႐ုံမ်ားစြာက ထုတ္လႊတ္ေနတဲ့ ကာဗြန္ဓါတ္ေငြ႕ေတြ အမ်ားဆုံး ပါဝင္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ ကမာၻစစ္တစ္ခုခုျဖစ္လို႔ အဏုျမဴလို လက္နက္ေတြ ထုတ္သုံးၾကလွ်င္ေတာ့.. မေတြးဝံ့စရာပါပဲ…။

လူသားေတြအတြက္ ေနရာထိုင္ခင္းေပးခဲ့တဲ့ ကမာၻႀကီးဟာ.. လူသားေတြရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟ ေတြေၾကာင့္ပဲ နာမက်န္း ျဖစ္လို႔ေနပါၿပီ။ အနာဂတ္ ကေလးငယ္မ်ားအတြက္ လွပေသာ ကမာၻႀကီးကို ဖန္တီးေပးခဲ့ရမွာ လူသားတိုင္းရဲ႕ တာဝန္တစ္ရပ္ပဲျဖစ္ပါတယ္။ အသိဉာဏ္ပညာဟာ ဆင္ျခင္တုံတရားကို ဖန္တီးေပးႏိုင္မည့္ အရာတစ္ခုသာ ျဖစ္ပါေတာ့တယ္။

အနာဂတ္ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)