၂၀၂၂ခုနှစ် မတ်လ ဟောစာတမ်း
တနဂ်နွေသားသမီးများ
ယခုလ မတ်လတွင် တနဂ်နွေသားသမီးများ အကောင်းနှင့်အဆိုးပြစ်ကို ဒွန်းတွဲနေလိမ့်မည်။
၁ရက်နေ့ စ၍ ၁၃ရက်ထိအတွင်းနှင့် ၂၀ရက်မှ ၂၇ရက်အတွင်း ငွေကံရွင်၍ အလုပ်အကိုင်များအဆင်ပြေ၊ အလုပ်မရှိသူများ အလုပ်ရပြီး၊ အင်တာဗျူခြင်း၊အလုပ်သစ်လျှောက်ခြင်းတို့နှင့် ပြည်ပရပ်ခြားသွားရန် အခွင့်အလမ်းများရရှိမည်။
၁၄ရက်မှ ၁၉ရက်အတွင်း အတိုက်အခံများ၊ မိသာစုအပူ၊သားသမီးအပူ၊ အပြင်”ပတ်ဝန်ချင်းမှ တစ်ပါးသူတစ်ဦးကြောင့် မိမိအိမ်တွင်းရေးသောကများ ကြုံတွေ့ရမည်။
ခြေနှစ်ချောင်းမကယ်ကောင်း။
ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။
အိမ်ခြံမြေအကျိူးဆောင်များ၊ ကား၊ဆိုင်ကယ်အရောင်းနှင့်အကျိူးဆောင်များ တစ်ပါးသူတစ်ဦး ရန်လိုခြင်း၊ ကုန်းချောခြင်း၊ အလုပ်အကိုင်အဆင်မပြေမှုတွေ့ အလုပ်မှထွက်ရတတ်၏။
အိမ်တွင်း အဖိုးတန်းပစ္စည်းပျောက်ခြင်းနှင့် အိမ်တွင်း မသာမသူတွေ့ဝင်ရောက်ပျက်စီးခြင်း၊ ခိုးခံဖောက်ထွင်များ လုယှက်မှု ကြုံတွေ့ရတတ်၍ အထူးသတိထား ဂရုစိုက်ပါ။
စီးပွားရေး…အဆောက်အဦးလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်၊အုတ်ဖို့လုပ်ငန်း၊ စတီးလုပ်ငန်း၊ထီ၊ဖိနပ်၊ဓါး၊ကြေးနီ၊ လဘ္ဘရည်ဆိုင်၊ နွားနို့.နို့ဆီ၊ နွားမွေးမြူရေးလုပ်ငန်း၊ ပဲရုံ၊မီးဖို့၊ပိုးထည် အကျိူးဖြစ်အံ့။
စပ်တူ လုပ်ငန်းများ အဆင်ပြေ ဖြစ်ထွန်း မည်။
အလုပ်ကိုင် အခွင့်လမ်းကောင်းများ ရွေးချယ်စရာများ အကူညီများ ရတတ်သည်။
ဝန်ထမ်းလုပ်ကိုင်သူများအနေနဲ့အထက်ဖားအောက် ဖိတွေကြောင့် အတော်လေး စိတ်သောက ရောက်နေရတတ်ပါတယ်။
ကျန်းမာရေး… ဆေးမှား၊ အစားအသောက် ဒုက္ခပေးအံ့။ မမျော်လင့်ဘဲ ငွေကြေးကုန်ကျစရာများပေါ်လာတတ်၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး…
အချစ်ကြောင့် မိသားစု အတွင်းစိတ်ဝမ်းကွဲရမည်။ အချစ်ရေးရာတွေအတွက်ကုန်ကျစရာ လေးတွေရှိမည်။
အိမ်ထောင်ရှင်များ သားသမီးများ၏ မဂ်လာသတင်းကောင်းများကြားရမည်။
အိမ်ထောင်ရေးသုခတွေပါပြည့်စုံ ပျော်ရွှင်ရလိမ့်မည်။
လူယုံတွေနဲ့ အိမ်နီးခြင်း၊ အလုပ်ဝန်းကျင်မှ မျက်နှာစိမ်းများကို သတိထားပါ။
အထူးသဖြင့်….. တနဂ်နွေသားသမီးများ စီးပွားရေး၊ပညာရေး၊ အချစ်ရေး နှင့်အိမ်ထောင်ရေးတွေ့ မှ ၁၁.၂၀.၂၉ရက် နှင့် ၆.၁၅.၂၄ ဤရက်မွေးဖွားသူများကတော့ အထူးညံလိမ့်မည်။
ဖြတ်လမ်းလိုက်လျှင် ဆုံးရှုံး ရတတ်၏ ငွေနောက် လိုက်လျှင် မိမိ ပိုင်ဆိုင်ထား သော အရာ များ ပါ ဆုံးရှုံး တတ်သောကြောင့် သတိထားပါ။
တစ်ခုလပ်၊တလင့်ကွ၊မုဆိုးမ ရန်လိုမှု၊မကောင်းကြံခြင်း၊ ငွေအလျော့အစား၊ ကိုယ်ဝန်အကြောင်းပြ အကြပ်ကိုင်ခြင်း၊ အလုပ်အကိုင်နှင့်အချစ်ရေး၊အိမ်ထောင်ရေးမှ စိတ်မအေး ပူပင်သောက ကြုံတွေ့ရတတ်၏။
အိမ်ထောင်ရှင်များ ခဲအိုနှင့်ခယ်မ ညီစွန်းမှု အိမ်တွင်းရေးပြဿနာဖြစ်တတ်၏။
အိမ်ထောင်ရေးတွင့် လတ်တလော မိဘနှင့်ယောက်ခမ (သို့) တစ်ဖက်မောင်နှမတွေ့နဲ့ အဆင်မပြေမှုတွေ့ ရန်လိုမှု၊ပြဿနာရှာအပြစ်ပုံချခြင်း အစွတ်အစွဲများ ခံရမည်။
မိမိအိမ်တွင် အိမ်မွေးတိရိစ္ဆာန်အသေပျောက်ဖြစ်အံ့။ မိမိသာစုလုံး တစ်ဦးပြိးတစ်ဦး ကျန်းမာရေး လည်ပတ်ညံအံ့။
ရုတ်တရက်ကျန်းမာရေးလည်း ညံ့သွားတတ်ပါတယ်။
ကံယတြာ၊ ဘုရားတရား၊ ဘာသာရေး အားထုတ်၊ အဓိဌာန်ဝင်ခြင်း လုပ်ဆောင်ပါ။