ၾကားသိရသမွ်
ဆီစျေးတွေကြီးနေချိန်မှာ ဆီကုန်သက်သာစေမယ့် နည်းလမ်းနဲ့ ကျောင်းတက်နေရတဲ့ ကလေး(၃)ယောက်
Unicode
ထိုင်းနိုင်ငံ Surin ပြည်နယ်ရှိ Banyawuek School မှ ဆရာမတစ်ဦးက ဆင်တစ်ကောင်ဖြင့် ကျောင်းသို့ရောက်ရှိ
လာခဲ့တဲ့ ကျောင်းသားသုံးဦးရဲ့ဓာတ်ပုံများကို မျှဝေပေးခဲ့ပြီး Caption မှာ “ ကျောင်းသားတွေကို ကျောင်းပို့ဖို့အဆုံး
စွန်ဆုံးနည်းလမ်း လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။နောက်ပိုင်းဆင်စီးပြီး ကျောင်းတက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ကျောင်း
သား၃ ယောက်ရဲ့ပုံတွေက Facebook မှာ ရေပန်းစားသွားခဲ့ပြီး ကျောင်းမြေထဲမဝင်ခင်ထိုဆင်ကဆရာမ
တစ်ယောက်အားနှုတ်ဆက်နေတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ထို့ပြင် ကျောင်းသားတစ်ဦးရဲ့ဖခင်လို့
ယူဆရတဲ့ဆင်ဦးစီးတစ်ဦးလည်းလိုက်ပါသွားခဲ့ကြောင်း Daily News ရဲ့ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။ဒီဆင်
တစ်ကောင်ဟာ ၎င်းတို့တိုင်းပြည်ရဲ့အမှတ်အသားဖြစ်တဲ့ ဘုရင့်နိုင်ငံမှာတောင် ကျောင်းသားများကို ကျောင်းသို့
ပို့ဆောင်းပေးနေတာက တကယ့်ကို ရှားပါးတဲ့ မြင်ကွင်းတစ်ခုဘဲဖြစ်ပါတယ် လို့ရေးသားခဲ့တဲ့ Daily News ရဲ့ပို့စ်မှာ
မျှဝေသူ 11,00 ကျော်ရှိပြီး အင်တာနက်အသုံးပြုသူများထံမှရယ်မောတဲ့ မှတ်ချက်များစွာရရှိခဲ့ပါတယ်။ တော်တော်
များများက ဆင်အကောင်လေးတွေဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို မြန်မြန်ဆန်ဆန် မှတ်ချက်ပေးခဲ့
ကြပေမယ့်တခြားသူများကတော့ရယ်စရာလေးတွေနဲ့ ပို့စ်ကို ဖြည့်ပေးနေခဲ့ကြပါတယ်။ထို့ပြင် အင်တာနက်အသုံးပြု
သူတစ်ဦးက ဓာတ်ငွေ့ဈေးနှုန်းကြီးမြင့်မှုကြောင့် အသွားအလာအတွက် ဆင်တစ်ကောင်ဖြင့် ရွေးချယ်တာဖြစ်နိုင်
တယ်လို့မှတ်ချက်ပေးခဲ့ပြီး အခြားမှတ်ချက်ပေးသူတစ်ဦးကလမ်းစည်းကမ်းနှင့် ပတ်သက်တဲ့ စိုးရိမ်မှုများကို ပြသခဲ့ပါ
တယ်။ နောက်ဆုံးအနေနဲ့ ကျန်အင်တာနက်အသုံးပြုသူတစ်ဦးကတော့ထိုင်းနိုင်ငံမှာ ကျောင်းတက်ပြီး ဆင်စီးခြင်း
ကလက်ရှိ ဖြစ်ရပ်မှန်ဖြစ်လာပုံကို ထောက်ပြခဲ့ပါတယ်။အစုလိုက် အပြုံလိုက် ဆင်စီးပြီး ကျောင်းတက်နေတဲ့
ကလေးတွေကို မြင်တွေ့ရတာက ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုဆိုပေမဲ့လည်း အဆိုပါတိရိစ္ဆာန်လေးကို
လည်း လေးလေးစားစားဆက်ဆံဖို့ မျှော်လင့်ပါတယ်။
credit