ၾကားသိရသမွ်

ေဖာင္ႀကီးမွာလုပ္အားေပးတာဝန္ၿပီးဆုံးၿပီမို႔ ေဆးစစ္ခ်က္အေျဖအတြက္ ပရိသတ္ႀကီးကို ဆုေတာင္းေပးဖို႔ ေတာင္းဆိုလိုက္တဲ့ အလွမယ္ L ေဘာက္ႏူး

ေဖာင္ႀကီးမွာလုပ္အားေပးတာဝန္ၿပီးဆုံးၿပီမို႔ ေဆးစစ္ခ်က္အေျဖအတြက္ ပရိသတ္ႀကီးကို ဆုေတာင္းေပးဖို႔ ေတာင္းဆိုလိုက္တဲ့ အလွမယ္ L ေဘာက္ႏူး

Miss Supranational Myanmar 2015 ရဲ့ First Runner Up ဆုရွင္တစ္ေယာက္ျဖစ္တဲ့ L ေဘာက္ႏူးကေတာ့ လြန္ခဲ့တဲ့ လက စံျပအလွမယ္တစ္ေယာက္ပီပီ ကိုဗစ္ကာကြယ္ကုသေရးစင္တာေတြမွာ လုပ္အားေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ေဖာင္ႀကီးကာကြယ္ကုသေရးစင္တာမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ L ေဘာက္ႏူးကေတာ့ က်ရာေနရာမွာ လုပ္အားေပးကူဖို႔ ရည္ရြယ္ထားသူျဖစ္ေပမယ့္ သူနာျပဳအတတ္ပညာလည္း သင္ၾကားထားဖူးသူမို႔ အကူသူနာျပဳအေနနဲ႔ ေဖာင္ႀကီးမွာ လုပ္အားေပးခဲ့တာျဖစ္ပါတယ္

လုပ္အားေပးေနစဥ္တေလၽွာက္မွာလည္း ေပ်ာ္ရႊင္တက္ႂကြစြာနဲ႔ တာဝန္ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့ၿပီး ဒီေန႔စက္တင္ဘာ(၄) ရက္ေန႔မွာ တစ္လျပည့္ဖို႔တစ္ရက္လိုေသးေပမယ့္ တစ္ေယာက္တည္းခြဲျပန္ရမွာအဆင္မေျပတာေၾကာင့္ ဒီေန႔(၄) ရက္ေန႔ျပန္မယ့္အဖြဲ႕နဲ႔ လိုက္ျပန္ေတာ့မွာျဖစ္ေၾကာင္း မၽွေဝခဲ့ပါတယ္။

ေဖာင္ႀကီးကုသေရးစင္တာက လုပ္အားေပးအေတြ႕အၾကဳံေလးေတြကိုလည္း ေနာက္ေန႔ေတြမွာ ေသခ်ာမၽွေဝေပးသြားဦးပါမယ္တဲ့ ပရိသတ္ႀကီးေရ..

ဒါ့အျပင္ မျပန္ခင္ Swab Test စစ္ေဆးရမွာမို႔ သူ႔အတြက္သာမက သူနဲ႔အတူျပန္မယ့္အေဖာ္ေတြအတြက္ပါ ေဆးစစ္ခ်က္ ပိုးမေတြ႕ရွိေအာင္ ဆုေတာင္းေပးၾကဖို႔လည္း ပရိသတ္ႀကီးကို ေတာင္းဆိုခဲ့ပါေသးတယ္။

ကိုဗစ္ကာကြယ္ကုသေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အားပါဝင္နိုင္ဖို႔ ျမတ္နိုးတန္ဖိုးထားရတဲ့ဆံပင္ရွည္ေတြကိုေတာင္ စြန္႔ပစ္ခဲ့တဲ့ L ေဘာက္ႏူးကေတာ့ တာဝန္ေက်ပြန္တဲ့နိုင္ငံသားေကာင္းတစ္ေယာက္အျဖစ္ အိမ္ျပန္ေတာ့မွာမို႔ ပိုးမေတြ႕ေအာင္ ပရိသတ္ႀကီးရဲ့ေမတၱာနဲ႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – L Bawk Nu

Rainbow- Cele Gabar

unicode

ဖောင်ကြီးမှာလုပ်အားပေးတာဝန်ပြီးဆုံးပြီမို့ ဆေးစစ်ချက်အဖြေအတွက် ပရိသတ်ကြီးကို ဆုတောင်းပေးဖို့ တောင်းဆိုလိုက်တဲ့ အလှမယ် L ဘောက်နူး

Miss Supranational Myanmar 2015 ရဲ့ First Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ L ဘောက်နူးကတော့ လွန်ခဲ့တဲ့ လက စံပြအလှမယ်တစ်ယောက်ပီပီ ကိုဗစ်ကာကွယ်ကုသရေးစင်တာတွေမှာ လုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖောင်ကြီးကာကွယ်ကုသရေးစင်တာမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ L ဘောက်နူးကတော့ ကျရာနေရာမှာ လုပ်အားပေးကူဖို့ ရည်ရွယ်ထားသူဖြစ်ပေမယ့် သူနာပြုအတတ်ပညာလည်း သင်ကြားထားဖူးသူမို့ အကူသူနာပြုအနေနဲ့ ဖောင်ကြီးမှာ လုပ်အားပေးခဲ့တာဖြစ်ပါတယ်။

လုပ်အားပေးနေစဉ်တလျှောက်မှာလည်း ပျော်ရွှင်တက်ကြွစွာနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီး ဒီနေ့စက်တင်ဘာ(၄) ရက်နေ့မှာ တစ်လပြည့်ဖို့တစ်ရက်လိုသေးပေမယ့် တစ်ယောက်တည်းခွဲပြန်ရမှာအဆင်မပြေတာကြောင့် ဒီနေ့(၄) ရက်နေ့ပြန်မယ့်အဖွဲ့နဲ့ လိုက်ပြန်တော့မှာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။

ဖောင်ကြီးကုသရေးစင်တာက လုပ်အားပေးအတွေ့အကြုံလေးတွေကိုလည်း နောက်နေ့တွေမှာ သေချာမျှဝေပေးသွားဦးပါမယ်တဲ့ ပရိသတ်ကြီးရေ.

ဒါ့အပြင် မပြန်ခင် Swab Test စစ်ဆေးရမှာမို့ သူ့အတွက်သာမက သူနဲ့အတူပြန်မယ့်အဖော်တွေအတွက်ပါ ဆေးစစ်ချက် ပိုးမတွေ့ရှိအောင် ဆုတောင်းပေးကြဖို့လည်း ပရိသတ်ကြီးကို တောင်းဆိုခဲ့ပါသေးတယ်။

ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်နိုင်ဖို့ မြတ်နိုးတန်ဖိုးထားရတဲ့ဆံပင်ရှည်တွေကိုတောင် စွန့်ပစ်ခဲ့တဲ့ L ဘောက်နူးကတော့ တာဝန်ကျေပွန်တဲ့နိုင်ငံသားကောင်းတစ်ယောက်အဖြစ် အိမ်ပြန်တော့မှာမို့ ပိုးမတွေ့အောင် ပရိသတ်ကြီးရဲ့မေတ္တာနဲ့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – L Bawk Nu

Rainbow- Cele Gabar

video -MC