လူတစ်ယောက်ကို သေလောက်တဲ့အထိ နောက်ပြောင်တာမျိုး မပြုလုပ်သင့်ပါ။
ဒီနေ့ ရန်ကုန်ဆေးရုံကြီးကနေ ထိန်ပင်ပို့မယ့် dead body သယ်ဖို့ သွားရင်း သေဆုံးသူရဲ့ ဇနီးနဲ့ တွေ့တော့
” အလောင်းမှာ ဝတ်ဖို့ အဝတ်အစားပါလား အစ်မ ”
” မပါဘူး မောင်လေး ”
” သေဆုံးသူက အစ်မနဲ့ ဘာတော်လဲ ”
” ယောက်ျား ”
” ဘယ်လိုသေတာလဲ ”
” ရေနစ်တာ ”
” ရေဆင်းကူးရင်း သေတာလား အစ်မ ”
” မဟုတ်ဘူး မောင်လေး။ အစ်မယောက်ျားက မော်တင်မှာ ဆိုက်ကားနင်းတယ်။ သူ့သူငယ်ချင်းတွေက ဆိုက်ကားကို ဖွက်ပြီး နောက်ထားတာ။
သူက ဆိုက်ကားပျောက်ပြီဆိုပြီး အုံနာကို သူ မရှင်းနိုင်တော့ဘူး။ ဒုက္ခရောက်ပြီဆိုပြီး မော်တင်ကမ်းနားမှာ ရေထဲ ခုန်ချသွားတာ ”
(ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်တဲ့အထိ ငွေကြေးအဆင်မပြေမှုရဲ့ ဖိနှိပ်မှုတွေကို ဘယ်လောက်များ ဆိုးရွားစွာ ခံခဲ့ရပြီးပြီလဲ။ ဆိုးလိုက်တဲ့ အဖြစ်တွေ။)
ကျန်ရစ်သူ မိန်းမကို သေစာရင်းမှာ လက်မှတ်ထိုးခိုင်းတော့ ကြက်ခြေခတ်လေးပဲ ခြစ်တတ်တယ်။ စာ လုံးဝ မရေးတတ်
ရှာ။ (ပညာမဲ့ခဲ့ရတဲ့ ဘဝတွေ)
နေတော့ လှိုင်သာယာ ကျူးကျော်တဲ။ အသုဘကို လိုက်ပို့တဲ့သူက တစ်ယောက်မှ မရှိ။ (လူဆင်းရဲတွေရဲ့ဘဝဟာ နောက်ဆုံးထွက်သက်မှာတောင် လိုက်ပါပို့ဆောင်သူမဲ့)
နောက်ဆုံး မီးသဂြိုဟ်စက်ထဲ ထည့်ခါနီးတော့ မှန်ခေါင်းလေးကို ဖွင့်၊ ယောက်ျားရဲ့လက်လေး ကိုင်ပြီးငိုနေတဲ့ ဒီအစ်မမျက်နှာ။ 😞
(လင်မယားဆိုတာ မေတ္တာကိုသာ အခြေခံထားရင် ဘယ်လိုဘဝတွေပဲရောက်ရောက် နောက်ဆုံးထွက်သက်အထိ အတူရှိနေတာပါလား။)
ဒီလောက် ခက်ခဲတဲ့ လူ့ဘဝကို သူတစ်ယောက်တည်း ဘယ်လိုနည်းနဲ့ ဆက်လျှောက်ဦးမလဲလို့ ထိန်ပင်သုဿန်ကအပြန် လမ်းတစ်လျှောက်လုံး စဉ်းစားမိရင်း 😢😢😢😢
လူဆင်းရဲဘဝများမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။
Credit
uicode
Credit