ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္သည့္ အမႈျဖင့္ ဖမ္းဆီခံလိုက္ရတဲ့ သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြစံ (႐ုပ္သံဖိုင္)
သင္ဇာဝင့္ေက်ာ္နဲ႔ နန္းေမြစံတို႔ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္သည့္ အမႈျဖင့္ ဖမ္းဆီခံရလိုက္ရပါတယ္။
သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြ႕စံတို႔ကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္သည့္ အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) ျဖင့္ စစ္ေကာင္စီက အမႈဖြင့္ ဖမ္းဆီး
ရန္ကုန္၊ ဩဂုတ္ ၅
သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြ႕စံတို႔ကို အလုပ္ႏွင့္ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္ေသာ အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) ျဖင့္ စစ္ေကာင္စီက အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီက ေၾကညာသည္။
သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြ႕စံတို႔ကို ဖမ္းဆီးရာတြင္ စစ္ေကာင္စီက အဓိက အေၾကာင္းျပမႈမွာ သင္ဇာဝင့္ေက်ာ္ႏွင့္နန္းေမြ႕စံတို႔သည္
ျမန္မာယဥ္ေက်းမႈႏွင့္ မညီေသာ လိင္အသားေပး ဓာတ္ပုံႏွင့္ဗီဒီယိုမ်ားကို အေမရိကန္ႏိုင္ငံရွိ Website တစ္ခုထံသို႔ အခေၾကးေငြ ရယူ၍ ျဖန႔္ခ်ိသျဖင့္ အေရးယူျခင္းျဖစ္ေၾကာင္း ေၾကညာထားသည္။
အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) သည္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္ေသာ ပုဒ္မတစ္ခုျဖစ္သည္။
႐ုပ္သံၾကည့္ရန္
Video Player
00:00
02:55
Source – khit thit
ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည့် အမှုဖြင့် ဖမ်းဆီခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ (ရုပ်သံဖိုင်)
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည့် အမှုဖြင့် ဖမ်းဆီခံရလိုက်ရပါတယ်။
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၅
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးထားကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို ဖမ်းဆီးရာတွင် စစ်ကောင်စီက အဓိက အကြောင်းပြမှုမှာ သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့သည်
မြန်မာယဉ်ကျေးမှုနှင့် မညီသော လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများကို အမေရိကန်နိုင်ငံရှိ Website တစ်ခုထံသို့ အခကြေးငွေ ရယူ၍ ဖြန့်ချိသဖြင့် အရေးယူခြင်းဖြစ်ကြောင်း ကြေညာထားသည်။
အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။
ရုပ်သံကြည့်ရန်
Video Player
00:00
02:55
Source – khit thit



