ဒီတပတ်တော့ မြန်မာတွေ အလှည့်ကျခဲ့ပြီ…😊ထိုင်းထီမှာ ငြိမ်နေတာ ကြာပြီဖြစ်သောတို့မြန်မာတွေ
ဒီတစ်ကြိမ်တော့ ထိုင်းထီပထမဆုဘတ် ၆ သန်းဆုကြီး ဆွတ်ခူးခဲ့ပြီးပြန်လာပြီ….
1-8-2022 ရက်နေ့ထွက် ထိုင်းထီဆုကြီး ဘတ်(6)သန်းပထမဆုရှင် ဇနီးမောင်နှံမှ ကိုရဲမင်း(AAC)ထံ ယုံကြည်စွာဖြင့် ဆုငွေထုတ်ပေးရန် ဆက်သွယ်လာရာ
ကိုရဲမင်းဦးဆောင်သော AAC အဖွဲ့သားများက ထီဆုငွေ ဘတ်သိန်း (60)အား နေ့ချင်းပြီး ငွေသားဖြင့် ထုတ်ယူပေးနိုင်ခဲ့ ……
ထိုင်းထီပထမဆုကံထူးရှင် ထိုင်းရောက်မြန်မာလုပ်သားကရင်/ပအိုဝ့်တိုင်းရင်းသားဇနီးမောင်နှံမှ
ထီဆုငွေများ လက်ခံရယူပြီးနောက် AAC ကိုရဲမင်းအဖွဲ့အတွက် ထိုင်းဘတ်ငွေတစ်သိန်းနှင့် တော်လှန်ရေးအတွက်
အသုံးပြုရန် ဘတ်တစ်သိန်း စုစုပေါင်း ဘတ်(2)သိန်း ချက်ချင်းပြန်လည် လှူဒါန်းပေးခဲ့ပါတယ်။
NUG အစိုးရကိုလည်း လှူဒါန်းပေးအုံးမှာ ဖြစ်ပြီး NUG ငွေတိုက်စာချုပ်များကိုလည်း ထပ်မံဝယ်ယူမှာ
ဖြစ်လို့ ကိုရဲမင်း AAC မှ ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ထိုင်းထီဆုကြီးပေါက်သူများ အတွက်လုံခြုံရေးအခြေအနေအရ ပုံနာမည်နေရပ်လိပ်စာများကို Ye Min AAC အဖွဲ့ မှ လုံးဝ(လုံးဝ) မဖော်ပြပါ။
မှတ်ချက်။ ။ တောထဲမှာ ရောက်နေတဲ့ကျွန်တော့်ထံကို ယုံယုံကြည်ကြည်ဆက်သွယ်လာပြီး ဆုငွေထုတ်ယူပေးဖို့
အကူအညီတောင်းခဲ့သော တိုင်းရင်းသားဇနီးမောင်နှံမိသားစုလေးကို ကျေးဇူးတင်မိသလို
တော်လှန်ရေးအတွက်အများကြီးပြန်လှူမှာမို့ ပင်ပန်းရကျိုးနပ်သလို အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း….😊
ပုံ-ထီဆုငွေများ ထုတ်ယူပြီးနောက် ရဲမင်း(AAC)အဖွဲ့ဝင်များနဲ့အတူ ထီဆုငွေထုတ်ပေးသော ထိုင်းဘဏ်ကြီးရှေ့တွင် တွေ့ရသောကံထူးရွင္မိသားစု….
ရဲမင်း(AAC)—🚩
AAC မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံ
5/8/2022
zawgyi,
ရဲမင်း(AAC)—🚩
5/8/2022….