“ကိုဗစ်ဖြစ်နေတဲ့ အိမ်ကို အောက်ဆီဂျင်အိုးနဲ့အတူ စားစရာတွေ၊ဌက်သိုက်တွေ သွားပို့ပေးတဲ့ ဆရာတော်”
ဆရာတော်က ကိုဗစ်ဖြစ်နေတဲ့ အိမ်တွေကို အောက်ဆီဂျင်အိုးနဲ့အတူ စားစရာတွေ၊ဌက်သိုက်တွေ လိုက်ပို့ပေးနေတာပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဆရာတော်က
လူမူကွန်ယက်မှာရေးသားထားတာက …
“ယနေ့ မနက်ပိုင်းက နာရေးတွေကြွပေးနေရတော့ P+ လူနာများအတွက် ကြက်ပေါင်း မလုပ်ပေးနိုင်ဘူး စားစရာလေးတွေနဲ့ ငှက်သိုက်လေးတွေဝယ်ပြီး Oxygen အိုးနဲ့ လိုက်ပို့ပေးရတယ်။
သာကေတက တစ်အိမ်လုံးကိုဗစ်ဖြစ်နေတဲ့အိမ်ကို လိုအပ်တာလေးတွေလှူပေးဖို့ ဖုန်းဆက်တာ ပြည့်စုံနေပြီပြောလို့ ပျော်ရွှင်ရပါတယ် ။လိုအပ်တာ ကူညီပေးနေသော မဖြူနှင်းဖွေး နှင့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ် ။အားလုံးကျမ်းမာကြပါစေ” လို့ရေးသားထားပါတယ်။ Crd