ပိုက်တစ်ချောင်းထဲနဲ့ သီချင်းအလန်းစား တစ်ပုဒ်ကို ဖန်းတီးပြခဲ့တဲ့ လူငယ်လေး
ဒီလိုပညာရှင်မျိုးတွေရှိတာ အရမ်းကိုမိုက်ပါတယ်။
မိမိ ခန္ဓာကိုယ်ကို အကျိုးရှိရှိအသုံးချတတ်တဲ့သူတွေလို့ဆိုရပါမယ်။
တကယ်တော့ ခန္ဓာကိုယ်ဆိုတာကလည်း အရမ်းကိုထူးဆန်းတဲ့ စက်ကြီးတစ်မျိုးပါပဲ။
အဲ့လို အသုံးချတတ်တဲ့ အမေရိကန်သားလူငယ်လေးတစ်ယောက်ကတော့ပိုက်လေးတစ်ချောင်းနဲ့ ခွက်တစ်ခွက်ကိုသာအသုံးပြုပြီး အရမ်းမိုက်တဲ့ သီချင်းတစ်ပုဒ်ကိုဖန်တီးပြခဲ့ပါတယ်။
ပါကာကိန်း လို့ခေါ်တဲ့ လူငယ်လေးဟာ အမေရိကန် Rexburg မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုမှာရုတ်တရက်တင်ဆက်ပြသခဲ့တာကို သူနဲ့အတူပါလာတဲ့ဧည့်သည်က ရိုက်ထားတဲ့ video လေးဖြစ်ပါတယ်။
ကံဆိုးတာတစ်ခုက video ရိုက်တဲ့သူဟာ ပါကာ စတင်ဖျော်ဖြေကတည်းက video မရိုက်လိုက်မိတာပါပဲ။
video ရိုက်မိလိုက်တဲ့ အပိုင်းမှာတောင်အရမ်းကို မိုက်နေခဲ့ပါတယ်။
ရင်ဘက်အတွင်းထဲက လေနဲ့ လည်ချောင်းထဲက လေကို အသုံးပြုပြီးတော့ beatboxing လုပ်ပြခဲ့တာဖြစ်ပြီးမသိရင် တကယ့် သီချင်းဖွင့်ထားတဲ့အတိုင်း မြူးကြွလွန်းလှပါတယ်။
ဒီလို သီချင်းမျိုးတွေ ဖန်တီးပြတတ်ကြတဲ့ beatboxer တွေအများကြီးရှိပေမယ့်အဲ့ဒီ beatboxer သမားတွေသီဆိုဖို့ ခက်ခဲတဲ့ Dubstep သီချင်းအမျိုးအစားကိုပိုက်လေးတစ်ချောင်း ခွက်လေးတစ်ခွက်ကိုသာ အသုံးပြုပြီးတော့ ဖန်တီးပြခဲ့တာပဲဖြစ်ပါတယ်။
သူ့ရဲ့ ဗီဒီယိုလေးဟာ Youtube ကနေတစ်ဆင့် အရမ်းကိုနာမည်ကြီးလာခဲ့ပါတယ်။
သူဟာ ဟိုးငယ်ငယ်ကတည်းက သူ့အစ်မဖြစ်သူ ဟေးလေးနဲ့ သီချင်းတွေကိုအတူတူဖန်တီးခဲ့တာပါလို့လည်း video တစ်ခုမှာပြောပြထားခဲ့ပါတယ်။
Credit
zawgyi
ပိုက္တစ္ေခ်ာင္းထဲနဲ႔ သီခ်င္းအလန္းစား တစ္ပုဒ္ကို ဖန္းတီးျပခဲ့တဲ့ လူငယ္ေလး
ဒီလိုပညာရွင္မ်ိဳးေတြရွိတာ အရမ္းကိုမိုက္ပါတယ္။
မိမိ ခႏၶာကိုယ္ကို အက်ိဳးရွိရွိအသုံးခ်တတ္တဲ့သူေတြလို႔ဆိုရပါမယ္။
တကယ္ေတာ့ ခႏၶာကိုယ္ဆိုတာကလည္း အရမ္းကိုထူးဆန္းတဲ့ စက္ႀကီးတစ္မ်ိဳးပါပဲ။
အဲ့လို အသုံးခ်တတ္တဲ့ အေမရိကန္သားလူငယ္ေလးတစ္ေယာက္ကေတာ့ပိုက္ေလးတစ္ေခ်ာင္းနဲ႔ ခြက္တစ္ခြက္ကိုသာအသုံးျပဳၿပီး အရမ္းမိုက္တဲ့ သီခ်င္းတစ္ပုဒ္ကိုဖန္တီးျပခဲ့ပါတယ္။
ပါကာကိန္း လို႔ေခၚတဲ့ လူငယ္ေလးဟာ အေမရိကန္ Rexburg မွာရွိတဲ့ စားေသာက္ဆိုင္ေလးတစ္ခုမွာ႐ုတ္တရက္တင္ဆက္ျပသခဲ့တာကို သူနဲ႔အတူပါလာတဲ့ဧည့္သည္က ႐ိုက္ထားတဲ့ video ေလးျဖစ္ပါတယ္။
ကံဆိုးတာတစ္ခုက video ႐ိုက္တဲ့သူဟာ ပါကာ စတင္ေဖ်ာ္ေျဖကတည္းက video မ႐ိုက္လိုက္မိတာပါပဲ။
video ႐ိုက္မိလိုက္တဲ့ အပိုင္းမွာေတာင္အရမ္းကို မိုက္ေနခဲ့ပါတယ္။
ရင္ဘက္အတြင္းထဲက ေလနဲ႔ လည္ေခ်ာင္းထဲက ေလကို အသုံးျပဳၿပီးေတာ့ beatboxing လုပ္ျပခဲ့တာျဖစ္ၿပီးမသိရင္ တကယ့္ သီခ်င္းဖြင့္ထားတဲ့အတိုင္း ျမဴးႂကြလြန္းလွပါတယ္။
ဒီလို သီခ်င္းမ်ိဳးေတြ ဖန္တီးျပတတ္ၾကတဲ့ beatboxer ေတြအမ်ားႀကီးရွိေပမယ့္အဲ့ဒီ beatboxer သမားေတြသီဆိုဖို႔ ခက္ခဲတဲ့ Dubstep သီခ်င္းအမ်ိဳးအစားကိုပိုက္ေလးတစ္ေခ်ာင္း ခြက္ေလးတစ္ခြက္ကိုသာ အသုံးျပဳၿပီးေတာ့ ဖန္တီးျပခဲ့တာပဲျဖစ္ပါတယ္။
သူ႔ရဲ႕ ဗီဒီယိုေလးဟာ Youtube ကေနတစ္ဆင့္ အရမ္းကိုနာမည္ႀကီးလာခဲ့ပါတယ္။
သူဟာ ဟိုးငယ္ငယ္ကတည္းက သူ႔အစ္မျဖစ္သူ ေဟးေလးနဲ႔ သီခ်င္းေတြကိုအတူတူဖန္တီးခဲ့တာပါလို႔လည္း video တစ္ခုမွာေျပာျပထားခဲ့ပါတယ္။
Credit