ၾကားသိရသမွ်

မကွေးလေတပ်မှ စစ်သည် ၃၆ဦး လက်နက်များနှင့်အတူ ထွက်ပြေးသွားပြန်(လုံခြုံသည့်နေရာရောက်ရှိ)

မကွေးလေတပ်မှ စစ်သည် ၃၆ဦး လက်နက်များနှင့်အတူ ထွက်ပြေးသွားပြန်(လုံခြုံသည့်နေရာရောက်ရှိ)

မကွေးလေတပ်မှ စစ်သည် ၃၆ဦးသည် လက်နက်များနှင့်အတူ ထွက်ပြေးသွားပြီး လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယုံကြည်စိတ်ချရသော ဒေသခံပြောက်ကျားတပ်ဖွဲဝင်တစ်ဦးကပြောသည်။

လေတပ် အကြီးအကဲ မောင်မောင်ကျော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသလို အသေးစိတ်အချက်အလက်များလည်း လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုနိုင်စွမ်းမရှိကြောင်း သတင်းရင်းမြစ်ကပြောသည်။

အဆိုပါ မကွေးလေတပ်စခန်းတွင် ဩဂုတ် ၈ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်ခင်ကလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

လုံခြုံရေးတင်းကြပ်ထားသည့် လေတပ်စခန်းတစ်ခုအတွင်း ဗုံးဖောက်ခွဲမှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်သည် မကွေးနှင့် နယ်မြေခြင်းဆက်စပ်နေသည့် တောင်တွင်းကြီးမြို့နယ်၌ အဓိက လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထားဝယ်အခြေစိုက် ခလရ(၂၅)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်မြို့ပေါ်တွင် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံကပြောသည်။

သုံးဆယ့်သုံး နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် မကွေး လေတပ်စခန်း ထဲထိ ထိုးဖေါက် ဝင်‌ရောက်ကာ အနည်းဆုံး လေယာဉ် သုံးစင်းအထိ ထိခိုက် ပျက်စီးသွားအောင် ဖေါက်ခွဲနိုင်ခဲ့သည့် အကြောင်းကို လူသိရှင်ကြား ဝန်ခံခဲ့ရပြီး လေတပ် အကြီးအကဲ မောင်မောင်ကျော် ကိုယ်တိုင် ရောက်လာခဲ့ရသည့် အဖြစ် ကလည်း ရင်လေးစရာ ဖြစ်လာရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တပ်မတော်သားများအနေဖြင့် စစ်အုပ်စု၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူ့ဘက်ရပ်တည်ကြရန် ထုတ်ပြန်ထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် တပ်မတော်အရာရှိများနှင့် စုဖွဲ့ထားသော ပြည်သူ့စစ်သား အဖွဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကူညီမှုပေးနိုင်ပါက တစ်လအတွင်း စစ်ကောင်စီတပ်မှ ထွက်လာမည့် စစ်သား ၅၀၀ ခန့်ရှိကြောင်း ယမန်နေ့က အသိပေးချက်ထုတ်ပြန်ထားသည်။

Ref: Mizzima

မေကြးေလတပ္မွ စစ္သည္ ၃၆ဦး လက္နက္မ်ားႏွင့္အတူ ထြက္ေျပးသြားျပန္(လုံၿခဳံသည့္ေနရာေရာက္ရွိ)

မေကြးေလတပ္မွ စစ္သည္ ၃၆ဦးသည္ လက္နက္မ်ားႏွင့္အတူ ထြက္ေျပးသြားၿပီး လုံၿခဳံသည့္ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ယုံၾကည္စိတ္ခ်ရေသာ ေဒသခံေျပာက္က်ားတပ္ဖြဲဝင္တစ္ဦးကေျပာသည္။

ေလတပ္ အႀကီးအကဲ ေမာင္ေမာင္ေက်ာ္ သီးျခားအတည္ျပဳခ်က္ရယူႏိုင္ျခင္းမရွိသလို အေသးစိတ္အခ်က္အလက္မ်ားလည္း လုံၿခဳံေရးေၾကာင့္ ထုတ္ေဖာ္ေျပာဆိုႏိုင္စြမ္းမရွိေၾကာင္း သတင္းရင္းျမစ္ကေျပာသည္။

အဆိုပါ မေကြးေလတပ္စခန္းတြင္ ဩဂုတ္ ၈ရက္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ယင္းမတိုင္ခင္ကလည္း ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရသည္။

လုံၿခဳံေရးတင္းၾကပ္ထားသည့္ ေလတပ္စခန္းတစ္ခုအတြင္း ဗုံးေဖာက္ခြဲမႈကို ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္က ၎တို႔ လုပ္ေဆာင္ခဲ့သည္ဟု ထုတ္ျပန္ခဲ့သည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ မဟာမိတ္တပ္ေပါင္းစုအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္က ေျပာသည္။

ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္သည္ မေကြးႏွင့္ နယ္ေျမျခင္းဆက္စပ္ေနသည့္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၌ အဓိက လႈပ္ရွားသည့္ အဖြဲ႕ျဖစ္သည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ထားဝယ္အေျခစိုက္ ခလရ(၂၅)တပ္ရင္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၅ဦး လက္နက္အျပည့္အစုံျဖင့္ ထြက္ေျပးသြားေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္က ထားဝယ္ၿမိဳ႕ေပၚတြင္ စစ္ေဆးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ခဲ့သည္ဟု ေဒသခံကေျပာသည္။

သုံးဆယ့္သုံး ႏွစ္ေျမာက္ ရွစ္ေလးလုံး ႏွစ္ပတ္လည္ေန႔တြင္ မေကြး ေလတပ္စခန္း ထဲထိ ထိုးေဖါက္ ဝင္‌ေရာက္ကာ အနည္းဆုံး ေလယာဥ္ သုံးစင္းအထိ ထိခိုက္ ပ်က္စီးသြားေအာင္ ေဖါက္ခြဲႏိုင္ခဲ့သည့္ အေၾကာင္းကို လူသိရွင္ၾကား ဝန္ခံခဲ့ရၿပီး ေလတပ္ အႀကီးအကဲ ေမာင္ေမာင္ေက်ာ္ ကိုယ္တိုင္ ေရာက္လာခဲ့ရသည့္ အျဖစ္ ကလည္း ရင္ေလးစရာ ျဖစ္လာရသည္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကလည္း တပ္မေတာ္သားမ်ားအေနျဖင့္ စစ္အုပ္စု၏ အက်ိဳးစီးပြားကို အသက္ေပးကာကြယ္ျခင္းမျပဳဘဲ ျပည္သူ႔ဘက္ရပ္တည္ၾကရန္ ထုတ္ျပန္ထားသည္။

အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM) ျပဳလုပ္ထားသည့္ တပ္မေတာ္အရာရွိမ်ားႏွင့္ စုဖြဲ႕ထားေသာ ျပည္သူ႔စစ္သား အဖြဲ႕လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က ကူညီမႈေပးႏိုင္ပါက တစ္လအတြင္း စစ္ေကာင္စီတပ္မွ ထြက္လာမည့္ စစ္သား ၅၀၀ ခန႔္ရွိေၾကာင္း ယမန္ေန႔က အသိေပးခ်က္ထုတ္ျပန္ထားသည္။

Ref: Mizzima