ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေပေါ်လာရုံနဲ့မရပါဘူး၊ အဲဒါတွေကို ကျွန်တော်တို့ကဖြစ်လာအောင်လုပ်ရပါလိမ့်မယ်။ လူအချို့က ကိုယ့်ထံရောက်လာမဲ့အခွင့်အလမ်းတွေကိုသာ စောင့်ဆိုင်းနေတတ်ကြပေမဲ့လည်း လမ်းဘေးဖျော်ဖြေသူများက လမ်းများပေါ်မှာဖျော်ဖြေရန် ၎င်းတို့အရည်အချင်းနှင့်အတူ ယုံကြည်မှုကဲ့သို့သောစိန်ခေါ်မှုများကိုရင်ဆိုင်ရန် မွေးဖွားလာခဲ့ကြပါတယ်။ ငြင်းဆိုခြင်းက အလုပ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို လျစ်လျူရှုခံရခြင်းစတဲ့ခံစားချက်ကိုလည်း ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်။ မလေးရှားနိုင်ငံရှိ ဖြတ်သွားဖြတ်လာများနှင့် လူအများရဲ့လျစ်လျူရှုမှုကိုခံခဲ့ရတဲ့ဒီလမ်းဘေးဖျော်ဖြေသူအမျိုးသားတစ်ဦးဟာ ပြီးပြည့်စုံတဲ့ဥပမာတစ်ခုဖြစ်ခဲ့ပါတယ်။
အမှန်တော့ ထိုအမျိုုးသားရဲ့ကြေကွဲစရာဂီတာသံတေးဂီတက ၃ လသားအရွယ်သာရှိတဲ့ ကြောင်လေးကောင်ရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ၎င်းတို့က ထိုအမျိုးသားသီချင်းဆိုတာကို တစ်နည်းနည်းနဲ့နားလည်နိုင်ခဲ့ပါတယ်။ ထိုကြောင်လေးကောင်ဟာ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ထိုအမျိုးသားရဲ့ရှေ့မှာနေပြီး ထိုအမျိုးသားရဲ့ ballads နဲ့ blues သီချင်းစာသားတွေကို စိတ်ဝင်တစားနဲ့ ငြိမ်ငြိမ်လေးထိုင်ကာ နားထောင်နေခဲ့ကြပါတယ်။ ၎င်းတို့က ထိုအမျိုးသားအတွက် အလားအလာမရှိတဲ့နားထောင်သူများဖြစ်နေပေမဲ့လည်း ထိုအမျိုးသားရဲ့ဖျော်ဖြေမှုကို ထောက်ခံအားပေးတဲ့ချစ်စဖွယ်အုပ်စုတစ်စုလေးအဖြစ်ရှိနေခဲ့ပါတယ်။
.
.
.
Mia (KB Chimmy One)
Reference : fascinatingthings
Zawgyi
Mia (KB Chimmy One)