ျမန္မာ့ ဂီတ/႐ုပ္ရွင္ အႏုပညာရွင္ ဆရာႀကီး ဗိုလ္ကေလးတင့္ေအာင္ ကြယ္လြန္
ျမန္မာ့ ဂီတ/႐ုပ္ရွင္ အႏုပညာရွင္ ဆရာႀကီး ဗိုလ္ကေလးတင့္ေအာင္သည္ ယမန္ေန႔(ဒီဇင္ဘာ ၁၆)ညက ကြယ္လြန္ အနိစၥေရာက္ခဲ့ေၾကာင္း သိရသည္။
ဆရာႀကီး ဗိုလ္ကေလးတင့္ေအာင္ သည္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္တြင္ ပါဝင္ခဲ့သူ တပ္မေတာ္သားတစ္ဦး ျဖစ္ခဲ့ၿပီး ျမန္မာ့ ႐ုပ္ရွင္တစ္သက္တာ ထူးခြၽန္ဆုရ ႐ုပ္ရွင္ဒါ႐ိုက္တာ၊ ဂီတစာဆို၊ ဇာတ္ၫႊန္းေရးဆရာတစ္ဦး ျဖစ္ၿပီး အမ်ိဳးသား စာေပဆုရ စာေရးဆရာတစ္ဦး လည္း ျဖစ္သည္။ ႏိုင္ငံ့တာဝန္ကို ထူးခြၽန္ေျပာင္ေျမာက္စြာ ထမ္းေဆာင္ခဲ့မႈမ်ားအတြက္ ႏိုင္ငံေတာ္က စည္သူဘြဲ႕ ခ်ီးျမႇင့္ျခင္း ခံခဲ့ရသူ ျဖစ္သည္။
အဖဦးဘသင္၊ အမိေဒၚဖြားသိမ္းတို႔မွ ဇြန္ ၃၊ ၁၉၂၂ တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕၌ ေမြးဖြားသည္။ သားသမီးေျခာက္ေယာက္အနက္ ဒုတိယသားျဖစ္ၿပီး၊ ဂီတလုလင္ေမာင္ကိုကိုမွာ စတုတၳသား ျဖစ္သည္။
၁၉၃၈ ခုႏွစ္ (၁၃၀၀ ျပည့္ အေရးေတာ္ပုံ) ေက်ာင္းသားသပိတ္ေမွာက္ရာမွ ေက်ာင္းျပန္မတက္ေတာ့ဘဲ တခါတည္းထြက္ခဲ့၍ အဂၤလိပ္-ျမန္မာ အ႒မတန္းအထိသာ ပညာသင္ၾကားခဲ့ရဖူးသည္။ ရဲတပ္၊ ဗမာ့လက္႐ုံးတပ္၊ သံမဏိတပ္တြင္ ပါဝင္ေဆာင္႐ြက္ခဲ့၍ ၁၉၄၀-၄၁ ခုႏွစ္တြင္ နယ္ခ်ဲ႕အား ေတာ္လွန္ရန္ ဖြဲ႕စည္းရာ၌ ပါဝင္ခဲ့၏။
၁၉၄၂ ခုႏွစ္တြင္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္(ဘီအိုင္ေအတပ္) ဖြဲ႕စည္းရာ ဗိုလ္ေအာင္ျမတ္၊ ဗိုလ္စံရွား၊ ဗိုလ္သန္းတို႔ႏွင့္အတူ ပါဝင္ထမ္း႐ြက္ခဲ့ၿပီး ဘီအိုင္ေအတပ္ ဖ်က္သိမ္းၿပီးသည့္ေနာက္ ႏိုင္ငံေရး လုံးဝမလုပ္ေတာ့ဘဲ အႏုပညာနယ္အတြင္းသို႔ ဝင္ခဲ့ရာမွ ဂီတ၊ ျပဇာတ္၊ စာေပတာဝန္မ်ားကို ေတာက္ေလ်ာက္ထမ္းေဆာင္ခဲ့သည္။
မြန်မာ့ ဂီတ/ရုပ်ရှင် အနုပညာရှင် ဆရာကြီး ဗိုလ်ကလေးတင့်အောင် ကွယ်လွန်
မြန်မာ့ ဂီတ/ရုပ်ရှင် အနုပညာရှင် ဆရာကြီး ဗိုလ်ကလေးတင့်အောင်သည် ယမန်နေ့(ဒီဇင်ဘာ ၁၆)ညက ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်း သိရသည်။
ဆရာကြီး ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။
၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့် အရေးတော်ပုံ) ကျောင်းသားသပိတ်မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ တခါတည်းထွက်ခဲ့၍ အင်္ဂလိပ်-မြန်မာ အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့ရဖူးသည်။ ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိတပ်တွင် ပါဝင်ဆောင်ရွက်ခဲ့၍ ၁၉၄၀-၄၁ ခုနှစ်တွင် နယ်ချဲ့အား တော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။
၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေတပ်) ဖွဲ့စည်းရာ ဗိုလ်အောင်မြတ်၊ ဗိုလ်စံရှား၊ ဗိုလ်သန်းတို့နှင့်အတူ ပါဝင်ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေတပ် ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံရေး လုံးဝမလုပ်တော့ဘဲ အနုပညာနယ်အတွင်းသို့ ဝင်ခဲ့ရာမှ ဂီတ၊ ပြဇာတ်၊ စာပေတာဝန်များကို တောက်လျောက်ထမ်းဆောင်ခဲ့သည်။