ၾကားသိရသမွ်

တစ်နှစ်ကို မြန်မာငွေ သိန်း ၁၂၀၀ ကျော် အထိရနိုင်မယ့် ကုန်တင်ယာဉ်မောင်းတဲ့အလုပ်

ယခုဆိုရင် UK မှာ Covid-19 ကပ်ရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် HGV ကုန်တင်ယာဉ်မောင်းများအလွန်ရှားပါးလာတဲ့ အခက်အခဲများနဲ့ရင်ဆိုင်နေရပြီး ဒါက တစ်နှစ်ကို ပေါင် ၅၀၀၀၀ (မြန်မာငွေ သိန်း ၁၂၀၀ ကျော်) ရနိုင်တဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။

ခန့်မှန်းခြေအားဖြင့် HGV ယာဉ်မောင်း ၁၀၀၀၀၀ ခန့်လိုအပ်နေကြောင်း logistics industry ကဖော်ပြထားပါတယ်။ မကြာသေးခင်က ရှားပါးမှုများအရ ကုန်တင်ယာဉ်မောင်းများကို ပုံမှန် တစ်ပတ်ကို ၅၅ နာရီနှုန်းနဲ့ တစ်နာရီကို ပေါင် ၂၀ ပေးချေရပါတယ်။ ပြည်ပမှာ လစာကောင်းကောင်းနဲ့ အလုပ်အကိုင်လုပ်လိုသူယာဉ်မောင်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုပါ။

coronavirus ကူးစက်ရောဂါကြောင့် HGV ယာဉ်မောင်းတစ်ဦး ဖြစ်လာဖို့ စမ်းသပ်မှုအဆင့်မှာ အခက်အခဲအချို့ ရှိသော်လည်း ဗြိတိန်အစိုးရအနေနဲ့ လိုင်စင်ရယူနိုင်မှုလုပ်ငန်းစဉ်ကိုအရှိန်မြှင့်ဖို့မကြာသေးမီကဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

Vehicle Standards Agency (DVSA) အနေနဲ့ HGV ယာဉ်မောင်း ၁၅၀၀ နီးပါးကိုအပတ်တိုင်းသူတို့ရဲ့ကားမောင်းစမ်းသပ်မှုအောင်မြင်နိုင်အောင် တိတိကျကျလုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ HGV ယာဉ်မောင်းတစ်ဦး ဖြစ်လာဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အရပ်ရပ်ရှိပါတယ်။ ဒါတွေကို ကျော်ဖြတ်နိုင်မှသာ HGV ယာဉ်မောင်းတစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။

HGV လိုင်စင်ဆိုတာဘာလဲ??

ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်လာဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ HGV လိုင်စင်ရရှိဖို့က ပထမအဆင့်ပါ။ HGV ဆိုတာ Heavy Goods Vehicle ကိုဆိုလိုပါတယ်။ LGV (Large Goods Vehicle) လို့လည်းခေါ်ဆိုပါတယ်။ HGV လိုင်စင် က ၃.၅ တန်ထက်ပိုတဲ့ကုန်တင်ကားများကို မောင်းနှင်ခွင့်ရှိပြီး C, C+E, C1 နဲ့ C1+E စတဲ့ ယာဉ်မောင်းလိုင်စင်အမျိုးအစားများအောက်မှာရှိပါတယ်။

HGV လိုင်စင်များဟာ ၅ နှစ်သက်တမ်းရှိပြီး DVSA (Driver and Vehicle Standards Agency) ကနေထုတ်ပေးပါတယ်။ HGV လိုင်စင်ရဖို့အတွက် special training ကိုအောင်အောင်မြင်မြင်ပြီးမြောက်ဖို့နဲ့ theory test အောင်ဖို့လိုအပ်ပါတယ်။

HGV လိုင်စင်က လိုအပ်လား??

၃.၅ တန်အထက်ယာဉ်ကိုမောင်းချင်တယ်ဆိုရင်တော့ HGV လိုင်စင်လိုအပ်ပါတယ်။ ဒီနေရာမှာ ပုံမှန်ယာဉ်မောင်းလိုင်စင် (အမျိုးအစား 😎 ကိုသုံးလို့မရပါဘူး။ ဒါကတရားမဝင်သလို လိုင်စင်ပိတ်သိမ်းခံရနိုင်ပါတယ်။ HGV လိုင်စင်အတွက်အရည်အချင်းပြည့်မီဖို့အတွက် အသက် ၁၈ နှစ်အထက်ဖြစ်ရပါမယ်။ Driver CPC ကိုင်ဆောင်ထားရပါမယ်။ သီအိုရီနဲ့ လက်တွေ့စမ်းသပ်မှုကို အောင်မြင်ရပါမယ်။

CPC ဆိုတာဘာလဲ။

CPC က Certificate of Professional Competence ကိုဆိုလိုပါတယ်။ ၎င်းကို ၃.၅ တန်အထက်ရှိတဲ့လုပ်ငန်းသုံးယာဉ်မောင်းနှင်ရာမှာလိုအပ်ပါတယ်။ ဆိုလိုတာက HGV လိုင်စင်ရယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ CPC Qualification ကိုရယူဖို့လိုအပ်မှာဖြစ်တယ်။ CPC qualification အောင်မြင်ဖို့အတွက် အောက်ဖော်ပြပါ အဆင့် ၄ ဆင့် ဖြတ်ကျော်ရမှာဖြစ်တယ်။

အဆင့် ၁ – သီအိုရီစမ်းသပ်မှု (HGV နဲ့တူသောစမ်းသပ်မှု)

အဆင့် ၂ – Driver CPC case study test

အဆင့် ၃ – ယာဉ်မောင်းစွမ်းရည်စမ်းသပ်ခြင်း (HGV နဲ့တူညီသောစမ်းသပ်မှု)

အဆင့် ၄ – Driver CPC သရုပ်ပြစမ်းသပ်ခြင်း

HGV လိုင်စင်လျှောက်ထားနည်း

HGV လိုင်စင်ရရှိဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်များစွာရှိပါတယ်။

– Theory test

theory test မှာ Multiple choice, hazard perception နဲ့ case studies ဆိုပြီး အပိုင်း ၃ ပိုင်းရှိပါတယ်။ စမ်းသပ်မှုရလာဒ်ကို နေ့ချင်းပဲ ရရှိမှာဖြစ်ပါတယ်။ ဒီအပိုင်းအားလုံးအတွက် စုစုပေါင်းကုန်ကျစရိတ်က ပေါင် ၆၀ ဖြစ်ပါမယ်။

– ကားမောင်းနိုင်စွမ်းစမ်းသပ်မှု (လက်တွေ့)

ဒီအပိုင်းက ၁ နာရီနဲ့ မိနစ် ၃၀ ကြာပါမယ်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းပေါ်မောင်းနှင်ခြင်းနဲ့ လမ်းကြမ်းလေ့ကျင့်ခန်းများပါဝင်မှာဖြစ်တယ်။ ဒီနေရာမှာ ကိုယ်ပိုင်ယာဉ်ယူလာဖို့လိုအပ်ပါမယ်။ ၎င်းစမ်းသပ်မှုအတွက် ရလာဒ်ကိုလည်း နေ့ချင်းရရှိမှာဖြစ်တယ်။ ဒီအပိုင်းအတွက် ကုန်ကျစရိတ်က ပေါင် ၁၁၅ ကျပါမယ်။

– လက်တွေ့သရုပ်ပြစမ်းသပ်မှု

ဒီအပိုင်းမှာဆိုရင် ဘေးကင်းလုံခြုံမှုနဲ့ အကောင်းဆုံးလေ့ကျင့်မှုဆိုင်ရာဗဟုသုတများကိုစမ်းသပ်မှာဖြစ်တယ်။ စမ်းသပ်မှုပြီးဆုံးတာနဲ့ ၎င်းအတွက် ရလာဒ်ကို သိရမှာဖြစ်တယ်။ ဒီအပိုင်းအတွက် ကုန်ကျစရိတ်က ပေါင် ၂၅ ဖြစ်ပါတယ်။

– NVT ကဒ်

နောက်ဆုံးမှာ စမ်းသပ်မှုများအောင်မြင်တာနဲ့ National Vocational Training ရရှိခြင်းကို ကိုယ်စားပြုတဲ့ NVT concession card ကို order လုပ်နိုင်မှာဖြစ်တယ်။ ဒါက ၎င်းကဒ်ကိုယူဆောင်လာရမယ့် တရားဝင်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ပုံမှန်ကုန်ကျစရိတ်က ၂၅ ပေါင်ဖြစ်ပါတယ်။

HGV လိုင်စင်သင်တန်း

practical အပိုင်းအောင်ဖို့အတွက် အနည်းဆုံး ၃၅ နာရီကြာပါမယ်။ အဲ့ဒီမှာ HGV/LGV (သို့) CPC သင်တန်းများပံ့ပိုးပေးတဲ့ providers များစွာရှိပါတယ်။

HGV လိုင်စင်ကုန်ကျစရိတ်

စာမေးပွဲကြေးအပါအ၀င် HGV လိုင်စင်အတွက် စုစုပေါင်းကုန်ကျစရိတ်က ပေါင် ၂၂၅ ဖြစ်ပါမယ်။

HGV လိုင်စင်သက်တမ်းတိုးခြင်း

HGV လိုင်စင်ရဲ့ သက်တမ်းက ၅ နှစ်ဖြစ်ပါတယ်။ သက်တမ်းကုန်ပြီးတာနဲ့ အသိပညာ fresh ဖြစ်ဖို့နဲ့ safety advances များ up to date ဖြစ်စေဖို့အတွက် လက်တွေ့ HGV သင်တန်း ၃၅ နာရီ ၀င်ခြင်းဖြင့် ၎င်းကိုသက်တမ်းတိုးရန်လိုအပ်ပါတယ်။

Credit –