မီ-းပျက်ရခြင်းက PDF တွေကြောင့်လို့ See more…
မီးပျက်ရခြင်းမှာ အကြောင်းအရင်း နှစ်ချက်ကြောင့်ဟု ဆို ဓါတ်အား ထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်း အချိန်သတ်မှတ်၍ အလှည့်ကျ စနစ်ဖြင့်
မီးပေး နေခြင်းကို ပြည်သူများ သိရှိအောင် ကြေညာပေးဖို့ လိုအပ်ကြောင်း နစက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ၎င်း၏ ဝန်ထမ်းများကို မှာကြားသည်မတ်လ ၅ ရက်နေ့က
ဝန်ကြီးနှင့် ဝန်ထမ်းများ ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားပေး ကော်ပိုရေးရှင်း ရုံးချုပ်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် မီးပျက်ရခြင်း
အကြောင်းအရင်း ကိုလည်း လက်ရှိတွင် ဘီလူးချောင်း လျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အား ပို့လွှတ်နေသည့် တာဝါတိုင်များ
ဖျက်ဆီး ခံရသည့် အတွက် မဂ္ဂါဝပ် ၂၂၀ ခန့်အား နိုင်ငံတော် လျှပ်စစ်ဓါတ်အားသို့ ပို့လွှတ်နိုင်မှု မရှိသည်က တစ်ကြောင်း၊ LNG ဈေးနှုန်း အဆမတန် မြင့်တက်ပြီး
နိုင်ငံတကာ ရေနံဈေးကွက် တည်ငြိမ်မှု မရှိ၍ ဝယ်ယူရန် ခက်ခဲနေသည့် ကာလအတွင်း LNG ဓါတ်ငွေ့ရည်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံများ၏ ဓါတ်အား ထုတ်လုပ်မှု
၇၅၀ မဂ္ဂါဝပ်ခန့် ရပ်တန့် ထားရခြင်းတို့ကြောင့် ကတစ်ကြောင်း ဖြစ်သည်ဟု ဝန်ကြီးကပြောသည်။ ယင်း အချက်များကြောင့် ထုတ်လုပ်မှုထက် သုံးစွဲမှုက ပိုနေ၍
ဝန်အား ထိန်းညှိခြင်း၊ ဝန်အာ လျှော့ချရခြင်းတို့ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟုလည်း ဝန်ကြီးက ရှင်းပြသည်။ လက်ရှိတွင် ပျက်ဆီးသွားသော တာဝါတိုင်များအား
အမြန်ဆုံး ပြုပြင်နေကာ ကျောက်ဖြူ ဒေသတွင် မဂ္ဂါဝပ် ၁၅၀ ပိုမို ထုတ်လုပ်နိုင်ရန် နှင့် အခြားသော ဒေသများတွင်ပါ ထုတ်လုပ်နိုင်ရေး စီစဉ်နေကြောင်းပါ
ဝန်ကြီးက ပြောသည်။ “အမှန်ဆိုရင် ဌာနက ဘယ်အချိန်တွေ ပျက်မယ်။ ဘယ်အချိန်တွေ လာမယ် တိတိကျကျ ကြေညာသင့်တယ်။ အခုက ပျက်ချင်တဲ့ အချိန်ပျက်
လာချင်တဲ့ အချိန်လာ ဆိုတော့ အတော်လေး အဆင်မပြေဘူး”ဟု ရန်ကုန်မြို့ခံ တစ်ဦးက မှတ်ချက်ပြုသည်။ အခုလို ဝင်ရောက်ဖတ်ရှု့ ပေးကြသော စာဖတ်ပရိသတ်ကြီး
တစ်ဦးချင်း တစ်ယောက်ချင်း စီတိုင်းကို အထူးပင် ကျေးဇူးတင် ရှိပါသည်။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံနိုင် ကြပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ် ခင်ဗျာ…မြန်မာပြည်သူ ပြည်သားများ လိုလားတောင့်တသော နေ့ရက်များ ကိုလည်း အမြန်ဆုံး ရောက်ရှိ ပိုင်ဆိုင် နိုင်ကြပါစေ ခင်ဗျာ….
မြန်မာ နိုင်ငံကြီးလည်း ရွှင်လန်း ချမ်းမြေ့ ပါစေဗျ။ ပြည်သူများ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော်…
CREDIT