ဗဟုသုတ

မြေကွက်ဝယ်ပြီး ကျူးဖြစ်သွားရတဲ့ အဖြစ်မျိုးတွေ မဖြစ်စေဖို့ဆိုရင်

မြေကွက်ဝယ်ပြီး ကျူးဖြစ်သွားရတဲ့ အဖြစ်မျိုးတွေ မဖြစ်စေဖို့ဆိုရင်

မြေကွက် ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်သည့် ဂျင်း အကြောင်းပြောပါရစေ။ ရောင်းနေတုန်းက မပြောဘဲ ခြံစည်းရိုးခတ် အိမ်ဆောက်ပြီးမှ သစ်တောကြိုးဝိုင်းမြေ ဆိုတော့ ဆုံးရှုံးကြ တရားရင်ဆိုင်ကြ ရမှာပေါ့။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း အတွင်း ခွင့်ပြုချက် တစ်စုံ တစ်ရာ မရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/ သွပ်ဆူးကြိုး ကာရံခြင်း၊ အုတ်တံတိုင်းခတ် ကာရံ၍

အဆောက်အဦ အခိုင်အမာ ဆောက်လုပ် ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင် ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း

သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ သစ်တောကြိုးဝိုင်း အတွင်း ပါဝင်သော မြေကွက်များကို

မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက် တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကို လိုက်၍ သိန်း ရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ် လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချမှုများ ၂၀၁၅ ခုနှစ်မှ စတင်၍ ခေတ်စားလာပြီး အနယ်နယ် အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်

ဝယ်ယူမှုများ ရှိကြောင်း၊ အဓိကအားဖြင့် အရပ် စာချုပ်များဖြင့် ဝယ်ယူ ရောင်းချမှုများ ရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦး

လွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါ အိမ်ခြံမြေ အကျိုးဆောင် ဦးလွင်က ဆိုပါတယ်။

“တကယ်တော့ အရပ် စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော် များတယ်။ တချို့စာချုပ်တွေ

မှာက ဒေသက ကျေးရွာ ရပ်ကွက် လူတွေနဲ့ပဲ လက်မှတ်ထိုး ရောင်းကြတာ၊ အခုတော့ သစ်တောဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော်ထင်ပါတယ်…

ဆဆအတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင် က ဆိုပါတယ်။

ဒါကြောင့် မြေကွက်ဝယ်ယူမယ်ဆိုရင်

၁။ မြေအမျိုးအစား

၂။ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား

၃။ တရားဝင် ရောင်းဝယ်မှု ဖြစ်/မဖြစ်

၄။ မိမိ အမည်ပေါက်ဆောင်ရွက်မှု စသည်ဖြင့် စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြေင်း၊ ဒီလိုမှ မဟုတ်ရင်တော့ အခုလို ဆုံးရှုံးနစ်နာမှုများ၊ တရားရင်ဆိုင် ဖြေရှင်းရမှုများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

Creidt – မျိုးမင်းထွန်း

ေျမကြက္ဝယ္ၿပီး က်ဴးျဖစ္သြားရတဲ့ အျဖစ္မ်ိဳးေတြ မျဖစ္ေစဖို႕ဆိုရင္

ေျမကြက္ ဝယ္ထားသူေတြ က်ဴးျဖစ္သြားျခင္းႏွင့္ ပြဲစားမ်ား ထည့္သည့္ ဂ်င္း အေၾကာင္းေျပာပါရေစ။ ေရာင္းေနတုန္းက မေျပာဘဲ ၿခံစည္း႐ိုးခတ္ အိမ္ေဆာက္ၿပီးမွ သစ္ေတာႀကိဳးဝိုင္းေျမ ဆိုေတာ့ ဆုံးရႈံးၾက တရားရင္ဆိုင္ၾက ရမွာေပါ့။

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေမၿမိဳ႕ထင္းႀကိဳးဝိုင္း အတြင္း ခြင့္ျပဳခ်က္ တစ္စုံ တစ္ရာ မရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္၍ ေက်ာက္တိုင္စိုက္/ သြပ္ဆူးႀကိဳး ကာရံျခင္း၊ အုတ္တံတိုင္းခတ္ ကာရံ၍

အေဆာက္အဦ အခိုင္အမာ ေဆာက္လုပ္ ထားျခင္းမ်ား ေတြ႕ရွိရၿပီး က်ဴးေက်ာ္ လုပ္ကိုင္ ေဆာင္႐ြက္ေနသူမ်ားအား ေဖာ္ထုတ္၍ ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း

သစ္ေတာဦးစီးဌာနက လူမႈကြန္ရက္မွ တစ္ဆင့္ ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။ ျပင္ဦးလြင္ၿမိဳ႕နယ္၊ သစ္ေတာႀကိဳးဝိုင္း အတြင္း ပါဝင္ေသာ ေျမကြက္မ်ားကို

ေျမကြက္ ေပ ၄၀ x ေပ ၆၀ အကြက္ တကြက္လွ်င္ ေငြက်ပ္ ၂၅ သိန္းမွ အက်ယ္အဝန္းႏွင့္ ေနရာကို လိုက္၍ သိန္း ရာေက်ာ္အထိ ေစ်းေပါက္၍ အေရာင္းအဝယ္ လုပ္မႈမ်ား ရွိခဲ့ေၾကာင္း စုံစမ္း သိရွိရပါတယ္။

ျပင္ဦးလြင္တြင္ ေျမကြက္မ်ားကို အကြက္႐ိုက္၍ ေစ်းႏႈန္း ခ်ိဳသာစြာျဖင့္ ေရာင္းခ်မႈမ်ား ၂၀၁၅ ခုႏွစ္မွ စတင္၍ ေခတ္စားလာၿပီး အနယ္နယ္ အရပ္ရပ္မွ ျပင္ဦးလြင္သို႔ သြားေရာက္

ဝယ္ယူမႈမ်ား ရွိေၾကာင္း၊ အဓိကအားျဖင့္ အရပ္ စာခ်ဳပ္မ်ားျဖင့္ ဝယ္ယူ ေရာင္းခ်မႈမ်ား ရွိေၾကာင္း၊ အထူးသျဖင့္ လူမႈကြန္ရက္တြင္ ေစ်းေပါေပါျဖင့္ ျပင္ဦး

လြင္ေျမကြက္မ်ား ေရာင္းခ်မႈမ်ား လြန္စြာ တြင္က်ယ္ ေနေၾကာင္း ရန္ကုန္အေျခစိုက္ စကားဝါ အိမ္ၿခံေျမ အက်ိဳးေဆာင္ ဦးလြင္က ဆိုပါတယ္။

“တကယ္ေတာ့ အရပ္ စာခ်ဳပ္ေတြနဲ႔ ေရာင္းၾက ဝယ္ၾကတာေတြက ျပင္ဦးလြင္ဘက္မွာ ေတာ္ေတာ္ မ်ားတယ္။ တခ်ိဳ႕စာခ်ဳပ္ေတြ

မွာက ေဒသက ေက်း႐ြာ ရပ္ကြက္ လူေတြနဲ႔ပဲ လက္မွတ္ထိုး ေရာင္းၾကတာ၊ အခုေတာ့ သစ္ေတာဘက္က ဒီလို စၿပီး ေၾကညာတာေၾကာင့္ က်ေနာ္ထင္ပါတယ္…

ဆဆအေတာ္မ်ားမ်ား ဆုံးရႈံးမႈေတြေတာ့ ႀကဳံရမယ့္ အေျခအေနပါပဲ” ဟု စကားဝါ အိမ္ၿခံေျမ အက်ိဳးေဆာင္ဦးလြင္ က ဆိုပါတယ္။

ဒါေၾကာင့္ ေျမကြက္ဝယ္ယူမယ္ဆိုရင္

၁။ ေျမအမ်ိဳးအစား

၂။ တရားဝင္ ပိုင္ဆိုင္မႈ အေထာက္အထား

၃။ တရားဝင္ ေရာင္းဝယ္မႈ ျဖစ္/မျဖစ္

၄။ မိမိ အမည္ေပါက္ေဆာင္႐ြက္မႈ စသည္ျဖင့္ စနစ္တက် ေဆာင္႐ြက္ရမည္ ျဖစ္ပါေၾကင္း၊ ဒီလိုမွ မဟုတ္ရင္ေတာ့ အခုလို ဆုံးရႈံးနစ္နာမႈမ်ား၊ တရားရင္ဆိုင္ ေျဖရွင္းရမႈမ်ား ႀကဳံေတြ႕ရမည္ ျဖစ္ပါေၾကာင္း တင္ျပ လိုက္ရပါတယ္။

Creidt – မ်ိဳးမင္းထြန္း