ၾကားသိရသမွ်

မကောင်းဆိုးဝါးတိုင်ဖွန်းမုန်တိုင်း တရုတ်အရှေ့ပိုင်းပြည်နယ်တွေမှာ စတင်ဝင်ရောက်

တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းပြည်နယ်တွေမှာ တိုင်ဖွန်းမုန်တိုင်းစတင်ဝင်ရောက်

(၂၅ ဇူလိုင် ၂၀၂၁)

တရုတ်အရှ့ပိုင်း ကမ်းရိုးတန်းပြည်နယ် Zhejiang မှာ တနာရီကို မိုင် (၆၀) ကနေ (၈၅) မိုင်အထိ တိုက်ခိုက်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းစတင် ဝင်ရောက် တိုက်ခိုက်နေပြီလို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။

မုန်တိုင်းဟာ ရှန်ဟိုင်းမြို့ကိုပါ ဖြတ်သန်းတိုက်ခိုက်မှာ မို့ လေဆိပ်တွေပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးအားလုံးဆိုင်းငံ့ထားပြီဆိုပါတယ်။

အလယ်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ရင်ဆိုင်နေရချိိန်မှာ ကမ်းရိုးတန်းပြည်နယ်တွေ က မုန်တိုင်းနဲ့ ရင်ဆိုင်ရတာလို့ ပြည်နယ်ကွန်မြူနစ်ပါတီ တာဝန်ခံတွေကပြောပါတယ်။

နှစ်ပေါင်း (၁၀၀) အတွင်းအဆိုးဝါးဆုံး သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ရတာလို့ Zhejiang ပြည်နယ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်က ပြောဆိုကြောင်း နိုင်ငံတကာသတင်း တွေမှာ ဖေါ်ပြထားပါတယ်။

BNN

Credit


(၂၅ ဇူလိုင် ၂၀၂၁)



အလယ်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ရင်ဆိုင်နေရချိန်မှာ ကမ်းရိုးတန်းပြည်နယ်တွေ က မုန်တိုင်းနဲ့ ရင်ဆိုင်ရတာလို့ ပြည်နယ်ကွန်မြူနစ်ပါတီ တာဝန်ခံတွေကပြောပါတယ်။


BNN

Credit