ၾကားသိရသမွ်

အဆိုတော် ထူးအယ်လင်း၏ အစ်မ ကျည်ဆံထိမှန် သေဆုံး

အဆိုတော် ထူးအယ်လင်း၏ အစ်မ ကျည်ဆံထိမှန် သေဆုံး

အဆိုတော် ထူးအယ်လင်း၏ အစ်မ မဥမ္မာရှိန်သည် စစ်ကောင်စီတပ်များက ပစ်ခတ်မှုကြောင့် ယနေ့ မတ်လ ၂၇ရက် ညပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်၊ ၁၁ လမ်းရှိ ထူးအယ်လင်း မိသားစု နေအိမ်ကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ယ​နေ့ နေ့လည်ပိုင်းက ဝင်ရောက်ဖျက်ဆီးပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ပစ်ခတ်မှုများကြောင့် မဥမ္မာရှိန်အပါအဝင် ထူးအယ်လင်း၏ မိသားစုဝင်တချို့ ကျည်ဆံထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မဥမ္မာရှိန်မှာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ညပိုင်းတွင် ဆေးရုံမှာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-CJ

သံလွင်ခက် – Than Lwin Khet News

အဆိုေတာ္ ထူးအယ္လင္း၏ အစ္မ က်ည္ဆံထိမွန္ ေသဆုံး

အဆိုေတာ္ ထူးအယ္လင္း၏ အစ္မ မဥမၼာရွိန္သည္ စစ္ေကာင္စီတပ္မ်ားက ပစ္ခတ္မႈေၾကာင့္ ယေန႔ မတ္လ ၂၇ရက္ ညပိုင္းက ကြယ္လြန္သြားခဲ့ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

မရမ္းကုန္းၿမိဳ႕နယ္ သမိုင္း ၁ ရပ္ကြက္၊ ၁၁ လမ္းရွိ ထူးအယ္လင္း မိသားစု ေနအိမ္ကို စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယ​ေန႔ ေန႔လည္ပိုင္းက ဝင္ေရာက္ဖ်က္ဆီးၿပီး ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည္။

ပစ္ခတ္မႈမ်ားေၾကာင့္ မဥမၼာရွိန္အပါအဝင္ ထူးအယ္လင္း၏ မိသားစုဝင္တခ်ိဳ႕ က်ည္ဆံထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး မဥမၼာရွိန္မွာ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ညပိုင္းတြင္ ေဆး႐ုံမွာ ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။

ဓာတ္ပုံ-CJ

သံလြင္ခက္ – Than Lwin Khet News