ၾကားသိရသမွ်

ရန်ကုန် – မန္တလေး မြို့ကြီးများတွင် ဓာတ်ဆီ 95 နှင့် 92 ဝယ်မရ ဖြစ်နေ၍ ညအချိန်အထိ တိုးကြိတ်ဝယ်နေရ

ရန်ကုန် – မန္တလေး မြို့ကြီးများတွင် ဓာတ်ဆီ 95 နှင့် 92 ဝယ်မရ ဖြစ်နေ၍ ညအချိန်အထိ တိုးကြိတ်ဝယ်နေရ (ရုပ်/သံ)

ရန်ကုန် – မန္တလေး မြို့ကြီးများတွင် ဓာတ်ဆီ 95 နှင့် 92 ဝယ်မရသည်အထိ ဖြစ်နေပြီး ညအချိန်အထိ တိုးကြိတ်ဝယ်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုကြသည်။

“စစ်ခွေးတွေက ဓာတ်ဆီ အလုံအလောက်ရှိတယ်သာ ပြောနေတာ။ ဘယ်ဆိုင်မှ ဝယ်မရဘူး။ ရတဲ့ဆိုင်မှာလည်း တစ်ခါတန်းစီရင် ၁ နာရီ ၂ နာရီ အနည်းဆုံးပဲ တန်းစီရတာ။ ဒါတောင် လိုချင်သလောက်မရဘူး။ အကန့်အသတ်နဲ့ပဲ ရတာ။

ဆီဆိုင်ထဲ ဝင်သွားရင် ဓာတ်ဆီ 95 ရှိလားဆိုရင် လက်ခါပြတယ်။ ဓာတ်ဆီ 92 ရှိလား ဆိုရင် လက်ခါပြတယ်။ ဘယ်တော့ရမလဲ မေးရင် မသိဘူးပဲ။

မရဘူးဆိုတာ စာကပ်ထားပါလား ပြောရင် စာကပ်ထားရင် အရေးယူခံရမှာ စိုးတယ်လို့ ပြောတယ်။

စစ်ခွေးတွေကို ပြောချင်တာက ဆီကန်ထဲမှာ ဆီရှိနေရုံနဲ့ မရဘူး။ ဆီဆိုင်တွေမှာ လိုသလောက် ဝယ်မရဘူး။ ရောင်းလည်း မရောင်းကြဘူး” ဟု ရန်ကုန် မြို့ခံတစ်ဦးက ပြောဆိုသည်။

မန္တလေး မြို့ခံတစ်ဦးကလည်း မန္တလေးရှိ ဆီဆိုင် အများစုတွင် ဓာတ်ဆီ ဝယ်မရဘဲ ရောင်းချသည့်ဆိုင်တွင် ဓာတ်ဆီ တိုးကြိတ် ဝယ်နေရသည်ဟုဆိုသည်။

“သတင်းစာ ရှင်းလင်းပွဲမှာတော့ ဆီအပြည့်ပဲ။ မြေပြင်မှာတော့ တစ်နေ့ တစ်နေ့ ဆီပဲ လိုက်တိုးနေရတယ်။ ဘာအလုပ်မှ မလုပ်ရတော့ဘူး။

“တိုင်းပြည်ဒုက္ခပေးတဲ့ ကောင်တွေကြောင့် ပြည်သူတွေလည်း ဘ၀တွေ အတော်ကို ဆိုးရွားနေတာ” ဟု မန္တလေး ဒေသခံက ဆိုသည်။

လက်ရှိတွင် ဓာတ်ဆီ စျေးနှုန်းမှာ တစ်လီတာလျှင် ၂၂၀၀ နှင့် ၂၃၀၀ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း သိရှိရသည်။

Credit…Khit Thit Media