“ အနာဂတ် ဆရာဝန်လေး ဆေးတက္ကသိုလ်(၁)မှ သူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့ပြီ ”
admin | March 14, 2021 | Uncategorized | No Comments
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
“ အနာဂတ် ဆရာဝန်လေး ဆေးတက္ကသိုလ်(၁)မှ သူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့ပြီ ”
၁၄-၀၃-၂၀၂၁ ရက်နေ့တွင် တာမွေမြို့နယ်၊ ရဲစခန်းအမှတ်(၄၀)ရှေ့၌ ဆေးတက္ကသိုလ်(၁) Foundation Year ကျောင်းသား ကိုခန့်ညားဟိန်းသည် ရင်ဘတ်ကျည. ်ထ. ိမှန်ကာ ကျဆုံးခဲ့ရသည်။
မိမိတိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသောရဲဘော် ကိုခန့်ညားဟိန်းအား ဆေးတက္ကသိုလ်(၁) ကျောင်းသားထုတစ်ရပ်လုံးမှ အစဉ်အမြဲ ဂုဏ်ယူအမှတ်ရနေမည်ဖြစ်သည်။သူရဲကောင်းတို့ရှိရာ ကောင်းမွန်ရာအရပ်၌ အားအင်အပြည့်ဖြင့် အနားယူပါတော့။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ စစ်မှန်သော ဒီမိုကရေစီရရှိပြီး အာဏာရူးအဖွဲ့အား အမြစ်ပြတ်တော်လှန် အရေးယူနိုင်သည်အထိ အဆုံးတိုင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂမှ ကတိသစ္စာပြုပါသည်။
ဆေးတက္ကသိုလ်(၁)မှကျောင်းသားများ