ဗဟုသုတ

မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့

မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့

ထော ပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။

ထောပတ်သီးအစေ့မှာဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။

ခေါင်းလျှော်ရည်

ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။

သွားကိုက်ခြင်း

သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး

ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

အသားအရေအတွက်ဆေးတစ်လက်

ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကိုပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ထောပတ်သီးစေ့ကိုအခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီးရေနွေးနည်းနည်းနဲ့အနှစ်ဖြစ်အောင်မွှေပါ။ သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာ လိမ်းပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လောက်အထိ မခြောက်မချင်းထားပေးပါ။ပြီးမှရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီးချောမွေ့နေတာတွေ့ရပါမယ်။

ကိုယ်တိုင်လုပ်Face Scrub

မျက်နှာအတွက်ရော တစ်ကိုယ်လုံးအတွက်ပါ သဘာဝ scrubလေး ကိုယ်တိုင်လုပ်ဖို့မခက်ပါဘူး။ အခြောက်လှမ်းထားတဲ့ အစေ့ကို ကြိတ်ပြီး ငှက်ပျောသီးတစ်လုံးချေထည့်၊ သံလွင်ဆီတစ်ဇွန်းထည့်ပြီးမွှေပါ။ အရေပြားမှာ ညင်သာစွာလိမ်းပွတ်ပေးပြီးဆေးကြောပါ။

ဗောက်ပျောက်စေတယ်

အခြောက်မလှမ်းရသေးတဲ့ အစေ့ကိုခြစ်ပြီး ကြက်ဆူဆီ (castor oil) ထည့်မွှေ၊ တစ်ရက်လောက်နှပ်ထားပါ။ပြီးရင် ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ဦးခေါင်းကိုတဘက်တစ်ထည် သို့မဟုတ် ပဝါပါးနဲ့ တစ်နာရီလောက် ပတ်ထားပြီးမှခေါင်းလျှော်ပါ။ ဗောက်ကင်းစင်ပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အဆီပြန်တတ်တဲ့ဆံသားအတွက်တော့ ဒီနည်းက မသင့်တော်ပါဘူး။

သဘာဝအဝတ်အထည်ဆိုးဆေး

ထောပတ်သီးအစေ့ကို အဝတ်အထည်တွေအရောင်ဆိုးဆေးအဖြစ် သုံးလို့ရပါတယ်။ ပန်းရောင်ထွက်ပါတယ်။ လွယ်လွယ်လေးပါ။ထောပတ်သီးစေ့နဲ့အခွံကို ပွက်ပွက်ဆူအောင် ၄၅ မိနစ်လောက် တည်ပါ။ ကိုယ်အရောင်ဆိုးချင်တဲ့အထည်ကိုပါ ထည့်တည်ပါ။ ပန်းရောင်အဖျော့လေးရပါမယ်။ အရောင်ထပ်ရင့်ချင်ရင်တော့ အစေ့နဲ့အခွံပိုထည့်ပြီး အရောအနှောကို အချိန်ပိုကြာကြာထားပေးပါ။

ထောပတ်သီးအစေ့ကို စားလို့ရသလား

ထောပတ်သီးက အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာတွေ့ရှိရပါတယ်။ ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။ တခြားအစေ့တွေလိုပဲ အာဟာရဓါတ်တွေ၊အမျှင်ဓါတ်နဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမယ့်ဘေးဥပါဒ်လုံးဝကင်းရှင်းရဲ့လားဆိုတဲ့အပေါ် အသေးစိတ်လေ့လာတွေ့ရှိချက်နည်းနေသေးတာကြောင့် စားသုံးမှုကိုပညာရှင်တွေက အားမပေးကြပါဘူး။tannin ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်စေတတ်တယ်လို့ သိရပါတယ်။

အမှန်တော့ အသီးအနှံတိုင်းရဲ့အစေ့တိုင်းကို စားလို့မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ တရုတ်ဆီးသီးနဲ့မက်မွန်သီးအစေ့တွေဆိုရင်cyanide အဆိပ်ပါတဲ့amygdalinဒြပ်ပေါင်းပါဝင်လို့ဘေးဥပါဒ်မကင်းနိုင်ပါဘူး။

ခရက်ဒစ် hellosayarwon

မထနိုင္ေလာက္ေအာင္ အဆစ္အျမစ္နဲ႔ ႂကြက္သားနာက်င္အတြက္ ေထာပတ္သီးေစ့

ေထာ ပတ္သီးဟာ အရသာရွိၿပီး အာဟာရျပည့္ဝသလို က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ အသားကိုစားၿပီးရင္ စြန႔္ပစ္ေလ့ရွိၾကတဲ့ေထာပတ္သီးအေစ့ကလည္း အသုံးဝင္တဲ့ေနရာေတြ အမ်ားႀကီးရွိတယ္ဆိုတာ သင္သိပါသလား။

ေထာပတ္သီးအေစ့မွာေဆးဖက္ဝင္အာနိသင္ေတြပါရွိတာေၾကာင့္ အသားအေရအတြက္ေရာ၊ အရိုးအဆစ္နဲ႔ ႂကြက္သားေတြအတြက္ပါ အသုံးဝင္တဲ့နည္းလမ္းေတြရွိပါတယ္။ေထာပတ္သီးအေစ့ကို ဘယ္လိုစြယ္စုံသုံးမလဲဆိုတာဒီမွာ ဆက္ၾကည့္ပါဦး။

ေခါင္းေလၽွာ္ရည္

ေထာပတ္သီးေခါင္းေလၽွာ္ရည္ကို ကိုယ္တိုင္ဖန္တီးလို႔ရပါတယ္။ ေထာပတ္ေစ့သုံးေစ့ကို အေျခာက္လွမ္းၿပီးျခစ္ထားပါ။ေရ ၆ ခြက္နဲ႔ေရာေမႊၿပီး ကိုယ္သုံးမယ့္ေခါင္းေလၽွာ္ရည္အနည္းငယ္ထည့္ပါ။ ရလာတဲ့ ရွန္ပူပ်စ္ပ်စ္နဲ႔ေခါင္းေလၽွာ္ေပးရင္ ေပါင္းတင္ထားသလို ဆံသားႏူးညံ့ေစပါတယ္။

သြားကိုက္ျခင္း

သြားကိုက္ေနတယ္ဆိုရင္ေထာပတ္သီးအေစ့ကို အနည္းငယ္လွီးျဖတ္ၿပီး ကိုက္ေနတဲ့သြားတဝိုက္ကို ပြတ္လိမ္းေပးပါ။ေထာပတ္သီးအေစ့ အတုံးသုံးတုံးေလာက္ကိုေရေႏြးဆူဆူနဲ႔ႏွပ္ထားတဲ့ေရနဲ႔ ပလုတ္က်င္းေပးရင္လည္း သက္သာေစနိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆး

ေထာပတ္သီးအေစ့ကို ႀကိတ္ၿပီး အရက္နဲ႔ေရာၿပီး တစ္ပတ္ေလာက္ႏွပ္ထားပါ။ အဆစ္အျမစ္နဲ႔ ႂကြက္သားနာက်င္ကိုက္ခဲတဲ့အခါမ်ိဳးမွာ အဲဒီအရည္ကို ယူၿပီး ႏွိပ္နယ္လိမ္းေပးရင္ သက္သာေစပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာအတြက္လည္း နားထင္နဲ႔ လည္ကုပ္ကို ႏွိပ္လိမ္းေပးပါ။

အသားအေရအတြက္ေဆးတစ္လက္

ေထာပတ္သီးအေစ့က အေရျပားေပၚက အမည္းစက္ေတြကိုေပ်ာက္ကင္းေစနိုင္စြမ္းလည္းရွိပါတယ္။ေထာပတ္သီးေစ့ကိုအေျခာက္လွမ္း၊ အမႈန႔္ႀကိတ္ၿပီးေရေႏြးနည္းနည္းနဲ႔အႏွစ္ျဖစ္ေအာင္ေမႊပါ။ သံလြင္ဆီအနည္းငယ္ထည့္ၿပီး အသားအေရမွာ လိမ္းပါ။ ၅ မိနစ္ သို႔မဟုတ္ ၁၀ မိနစ္ေလာက္အထိ မေျခာက္မခ်င္းထားေပးပါ။ၿပီးမွေရခ်ိဳးခ်လိုက္တဲ့အခါ အသားအေရဝင္းလက္ၿပီးေခ်ာေမြ႕ေနတာေတြ႕ရပါမယ္။

ကိုယ္တိုင္လုပ္Face Scrub

မ်က္ႏွာအတြက္ေရာ တစ္ကိုယ္လုံးအတြက္ပါ သဘာဝ scrubေလး ကိုယ္တိုင္လုပ္ဖို႔မခက္ပါဘူး။ အေျခာက္လွမ္းထားတဲ့ အေစ့ကို ႀကိတ္ၿပီး ငွက္ေပ်ာသီးတစ္လုံးေခ်ထည့္၊ သံလြင္ဆီတစ္ဇြန္းထည့္ၿပီးေမႊပါ။ အေရျပားမွာ ညင္သာစြာလိမ္းပြတ္ေပးၿပီးေဆးေၾကာပါ။

ေဗာက္ေပ်ာက္ေစတယ္

အေျခာက္မလွမ္းရေသးတဲ့ အေစ့ကိုျခစ္ၿပီး ၾကက္ဆူဆီ (castor oil) ထည့္ေမႊ၊ တစ္ရက္ေလာက္ႏွပ္ထားပါ။ၿပီးရင္ ဦးေရျပားမွာ ပြတ္လိမ္းေပးပါ။ ဦးေခါင္းကိုတဘက္တစ္ထည္ သို႔မဟုတ္ ပဝါပါးနဲ႔ တစ္နာရီေလာက္ ပတ္ထားၿပီးမွေခါင္းေလၽွာ္ပါ။ ေဗာက္ကင္းစင္ၿပီး ေတာက္ေျပာင္လွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ရပါလိမ့္မယ္။ အဆီျပန္တတ္တဲ့ဆံသားအတြက္ေတာ့ ဒီနည္းက မသင့္ေတာ္ပါဘူး။

သဘာဝအဝတ္အထည္ဆိုးေဆး

ေထာပတ္သီးအေစ့ကို အဝတ္အထည္ေတြအေရာင္ဆိုးေဆးအျဖစ္ သုံးလို႔ရပါတယ္။ ပန္းေရာင္ထြက္ပါတယ္။ လြယ္လြယ္ေလးပါ။ေထာပတ္သီးေစ့နဲ႔အခြံကို ပြက္ပြက္ဆူေအာင္ ၄၅ မိနစ္ေလာက္ တည္ပါ။ ကိုယ္အေရာင္ဆိုးခ်င္တဲ့အထည္ကိုပါ ထည့္တည္ပါ။ ပန္းေရာင္အေဖ်ာ့ေလးရပါမယ္။ အေရာင္ထပ္ရင့္ခ်င္ရင္ေတာ့ အေစ့နဲ႔အခြံပိုထည့္ၿပီး အေရာအေႏွာကို အခ်ိန္ပိုၾကာၾကာထားေပးပါ။

ေထာပတ္သီးအေစ့ကို စားလို႔ရသလား

ေထာပတ္သီးက အာဟာရျပည့္ဝတဲ့အသီးအႏွံတစ္မ်ိဳးျဖစ္ေပမယ့္ ေထာပတ္သီးမွာပါရွိတဲ့ အမိုင္နိုအက္စစ္ ၇၀ ရာခိုင္ႏႈန္းကို အေစ့မွာေတြ႕ရွိရပါတယ္။ ေထာပတ္သီးအေစ့က သူ႔ရဲ့ေဆးဖက္ဝင္အာနိသင္ေတြေၾကာင့္ အရသာခါးသက္ၿပီး အနံ့ျပင္းပါတယ္။ေထာပတ္သီးေစ့ကိုစားသုံးမယ္ဆိုရင္ စားလို႔ေတာ့ရပါတယ္။ တျခားအေစ့ေတြလိုပဲ အာဟာရဓါတ္ေတြ၊အမၽွင္ဓါတ္နဲ႔ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြပါဝင္ေပမယ့္ေဘးဥပါဒ္လုံးဝကင္းရွင္းရဲ့လားဆိုတဲ့အေပၚ အေသးစိတ္ေလ့လာေတြ႕ရွိခ်က္နည္းေနေသးတာေၾကာင့္ စားသုံးမႈကိုပညာရွင္ေတြက အားမေပးၾကပါဘူး။tannin ပါဝင္မႈေၾကာင့္လည္း ဝမ္းခ်ဳပ္ေစတတ္တယ္လို႔ သိရပါတယ္။

အမွန္ေတာ့ အသီးအႏွံတိုင္းရဲ့အေစ့တိုင္းကို စားလို႔မရနိုင္ဘူးဆိုတာ မေမ့ပါနဲ႔။ ဥပမာ တ႐ုတ္ဆီးသီးနဲ႔မက္မြန္သီးအေစ့ေတြဆိုရင္cyanide အဆိပ္ပါတဲ့amygdalinျဒပ္ေပါင္းပါဝင္လို႔ေဘးဥပါဒ္မကင္းနိုင္ပါဘူး။

ခရက္ဒစ္ hellosayarwon