ၾကားသိရသမွ်

ပထမဆုံး ရည်းစားအဖြစ်ထားဖူးသော မိန်းကလေးနှင့် ဖုန်းပြောနေချိန် ကိုယ်တိုင်ပင် သတိမထားမိပဲseemore





Rain (For Ialinks)

Unicode

ပထမဆုံး ရည်းစားအဖြစ်ထားဖူးသော မိန်းကလေးနှင့် ဖုန်းပြောနေချိန် ကိုယ်တိုင်ပင် သတိမထားမိပဲ အဆောက်အဦးမြင့်ပေါ်သို့ တက်ရောက်ခဲ့သော ကောင်လေးရဲ့အဖြစ်

လူငယ်အများစုသည် ကိုယ်ချစ်တဲ့သူနဲ့ ဖုန်းပြောနေသည့်အခါမှာ ကြည်နူးလွန်ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုပင် မေ့နေပြီး ကိုယ်တိုင်ပင် သတိမထားမိတော့ပဲ အနားတွင် ရှိသော အရာတစ်ခုခုကို လုပ်ဆောင်နေတတ်ကြတာမျိုး ဖြစ်တတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ်ရှိ ကောင်လေးတစ်ဦးသည် သူ့ဘဝရဲ့ ပထမဦးဆုံး ရည်းစားစထားချိန်တွင် ရင်ခုန်စိတ်လှုပ်ရှားလွန်းနေပြီး ချစ်သူမိန်းကလေးရဲ့ အသံလေးကို မပြတ်ကြားချင်နေသည့်အတွက် အချိန်ပြည့်ဖုန်းပဲ ပြောနေခဲ့သည်။

ကောင်လေးသည် အဆောက်အဦးတစ်ခုမှာဌားနေစဥ် အပြင်မှာဖုန်းထွက်ပြောခဲ့ရာ ချစ်သူမိန်းကလေးရဲ့ စကားသံကိုကြားပြီး ပတ်ဝန်းကျင်ကို သတိမရတော့ပဲ ကိုယ်တိုင်က ဘာလုပ်လို့ဘာကိုင်နေရမှန်းမသိနဲ့ အဆောက်အဦးအမြင့်ပေါ်သို့ တဖြည်းဖြည်း တက်ရောက်သွားခဲ့သည်။

ကောင်လေးသည် တိုက်ခန်းရဲ့ ၅ထက်မြောက်လောက်အရောက်မှာတော့ အောက်ကို ငုံ့ကြည့်လိုက်မိပြီး သတိပြန်ဝင်လာကာ ကြောက်လန့်ပြီး ပြန်မဆင်းရဲတော့ပဲ ဖြစ်နေ၍ ရဲတပ်ဖွဲ့အား အကူအညီတောင်းခဲ့ရသည်။

 

Rain (For Ialinks)