ရန္ကုန္ႏွင့္မႏၲေလးတြင္ ယာဥ္ထိန္းရဲကင္းႏွင့္ CCTV ဆာဗာပုံးမ်ား ဗုံးခြဲခံရ
ရန္ကုန္၊ မတ္ ၄
ရန္ကုန္ႏွင့္မႏၲေလးရွိ ယာဥ္ထိန္းရဲကင္းမ်ားကို ယေန႔မတ္လ ၄ ရက္ေန႔တြင္ ေဒသ ကာကြယ္ေရးတပ္ဖြဲ႕မ်ား က ဗုံးခြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
မတ္လ ၄ ရက္ေန႔ ည ၇ နာရီဝန္းက်င္ ၇၈၊ ၃၈ လမ္းေထာင့္ရွိ ေမာ္ေတာ္ပီကယ္ ရဲကင္းႏွင့္ CCTV Server ဗုံးကို Guerilla Force of Mandalay ႏွင့္ Mandalay Ranger Force PDF က ဗုံးေဖာက္ခြဲခဲ့ေၾကာင္း တရားဝင္ သတင္းထုတ္ျပန္သည္။
“မႏၲေလးေနရာအေတာ္မ်ားမ်ားက ဗုံးခြဲသံကို ၾကားလိုက္ရတယ္။ ညေန ၆ နာရီ ၅၀ မိနစ္မွာ ဗုံးေပါက္တာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။
အလားတူ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္းေပၚ တာဆုံယဥ္ထိန္းရဲကင္းတြင္ ယေန႔ မတ္လ ၄ရက္ ညေန ၄နာရီခြဲအခ်ိန္ဝန္းက်င္ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ရဲကင္းက လူေတာ့မရွိဘူး။ ဗုံးကြဲသံကေတာ့ အေတာ္ကို က်ယ္တယ္။ ထိခိုက္မႈမရွိဘူး။
ယာဥ္ထိန္းရဲကင္း႐ုံေတာ့ ပ်က္စီးသြားတယ္” ဟု လွည္းကူးေဒသခံတစ္ဦးက ေျပာဆိုသည္။
ရန်ကုန်နှင့်မန္တလေးတွင် ယာဉ်ထိန်းရဲကင်းနှင့် CCTV ဆာဗာပုံးများ ဗုံးခွဲခံရ
ရန်ကုန်၊ မတ် ၄
ရန်ကုန်နှင့်မန္တလေးရှိ ယာဉ်ထိန်းရဲကင်းများကို ယနေ့မတ်လ ၄ ရက်နေ့တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၄ ရက်နေ့ ည ၇ နာရီဝန်းကျင် ၇၈၊ ၃၈ လမ်းထောင့်ရှိ မော်တော်ပီကယ် ရဲကင်းနှင့် CCTV Server ဗုံးကို Guerilla Force of Mandalay နှင့် Mandalay Ranger Force PDF က ဗုံးဖောက်ခွဲခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
“မန္တလေးနေရာအတော်များများက ဗုံးခွဲသံကို ကြားလိုက်ရတယ်။ ညနေ ၆ နာရီ ၅၀ မိနစ်မှာ ဗုံးပေါက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တာဆုံယဉ်ထိန်းရဲကင်းတွင် ယနေ့ မတ်လ ၄ရက် ညနေ ၄နာရီခွဲအချိန်ဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
“ရဲကင်းက လူတော့မရှိဘူး။ ဗုံးကွဲသံကတော့ အတော်ကို ကျယ်တယ်။ ထိခိုက်မှုမရှိဘူး။
ယာဉ်ထိန်းရဲကင်းရုံတော့ ပျက်စီးသွားတယ်” ဟု လှည်းကူးဒေသခံတစ်ဦးက ပြောဆိုသည်။