ၾကားသိရသမွ်

ရောဂါခံစားနေရတာချင်းအတူတူ ကိုယ့်အသက်ကိုအဆုံးရှုံးခံပြီး ညီမဖြစ်သူကိုသာ ကယ်တင်ပေးဖို့တောင်းဆိုခဲ့တဲ့ 7 နှစ်အရွယ် ကလေးမလေး

ရောဂါခံစားနေရတာချင်းအတူတူ ကိုယ့်အသက်ကိုအဆုံးရှုံးခံပြီး ညီမဖြစ်သူကိုသာ ကယ်တင်ပေးဖို့တောင်းဆိုခဲ့တဲ့ 7 နှစ်အရွယ် ကလေးမလေး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 7 နှစ်အရွယ် Wang Yue အမည်ရှိတဲ့ ကလေးငယ်ဟာ အသက်အရွယ်နဲ့မလိုက်အောင် အရိုးပွရောဂါကိုခံစားနေခဲ့ရတာပါ ။ သူမရဲ့ ကျန်းမာရေးအခြေအနေကလည်း တစ်နေ့တခြားဆိုးဝါးလာလို့ ခွဲစိတ်ကုသမှုခံယူရမှ သက်သာမဲ့အခြေအနေမျိုးပါ ။သို့ပေမဲ့လည်းသူမနဲ့အလားတူ ရောဂါမျိုးကို သူမရဲ့ညီမငယ်လေးဖြစ်သူကလည်း ခံစားနေရတာပါ ။

ထို့ကြောင့် မိဘဖြစ်သူတွေကလည်း သမီး 2 ယောက်ရဲ့ဆေးကုသစရိတ်အတွက်အတော်လေးကြိုးစားရုန်းကန်ပြီးရှာဖွေနေကြရတာပါ ။ခွဲစိတ်ကုသစရိတ်အတွက် $102,000 ကုန်ကျမှာဖြစ်ပြီး ၊ မိဘတွေရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကတော့ အရင်ဆေးကုသစရိတ်အတွက် အကုန်အသုံးပြုပြီးပြီဖြစ်ပါတယ် ။

ထို့ကြောင့်ဖခင်ဖြစ်သူက မိတ်ဆွေ ၊ ဆွေမျိုးတွေထံ ငွေကြေးတွေလိုက်လံချေးငှါးခဲ့ပေမဲ့လည်း မလုံလောက်ခဲ့ပါဘူး ။ ထို့ကြောင့် Wang Yue ဟာသူမစုဆောင်းထားတဲ့ အကြွေစေ့လေးကို ဖခင်ဖြစ်သူထံပေးအပ်ခဲ့ပြီး သူမက သမီးကြီးဖြစ်လို့ ညီမဖြစ်သူကိုသာ ဆေးကုသပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

‘ သမီးကြီးမို့လို့ ဆေးမကုရလည်း ကိစ္စမရှိဘူး ‘ ဆိုပြီး အလိုက်သိစွာပြောလာခဲ့တဲ့ Wang Yue ရဲ့ စကားကြောင့် ဖခင်ဖြစ်သူဟာ ဝမ်းနည်းကြေကွဲနေရုံမှအပ ပြောစရာစကားမရှိခဲ့ပါဘူး ။သူတို့မိသားစုရဲ့အကြောင်းဟာsocial mediaပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့လို့လူအတော်အများကဆေးကုသစရိတ်အတွက် လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ် ။

Zawgyi

ရောဂါခံစားနေရတာချင်းအတူတူ ကိုယ့်အသက်ကိုအဆုံးရှုံးခံပြီး ညီမဖြစ်သူကိုသာ ကယ်တင်ပေးဖို့တောင်းဆိုခဲ့တဲ့ 7 နှစ်အရွယ် ကလေးမလေး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 7 နှစ်အရွယ် Wang Yue အမည်ရှိတဲ့ ကလေးငယ်ဟာအသက်အရွယ်နဲ့မလိုက်အောင်အရိုးပွရောဂါကိုခံစားနေခဲ့ရတာပါ ။ သူမရဲ့ ကျန်းမာရေးအခြေအနေကလည်း တစ်နေ့တခြားဆိုးဝါးလာလို့ ခွဲစိတ်ကုသမှုခံယူရမှ သက်သာမဲ့အခြေအနေမျိုးပါ ။ သို့ပေမဲ့လည်း သူမနဲ့အလားတူ ရောဂါမျိုးကို သူမရဲ့ညီမငယ်လေးဖြစ်သူကလည်း ခံစားနေရတာပါ ။

ထို့ကြောင့် မိဘဖြစ်သူတွေကလည်း သမီး 2 ယောက်ရဲ့ ဆေးကုသစရိတ်အတွက် အတော်လေးကြိုးစားရုန်းကန်ပြီးရှာဖွေနေကြရတာပါ ။ ခွဲစိတ်ကုသစရိတ်အတွက် $102,000 ကုန်ကျမှာဖြစ်ပြီး ၊ မိဘတွေရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကတော့ အရင်ဆေးကုသစရိတ်အတွက် အကုန်အသုံးပြုပြီးပြီဖြစ်ပါတယ် ။

ထို့ကြောင့်ဖခင်ဖြစ်သူက မိတ်ဆွေ ၊ ဆွေမျိုးတွေထံ ငွေကြေးတွေလိုက်လံချေးငှါးခဲ့ပေမဲ့လည်း မလုံလောက်ခဲ့ပါဘူး ။ ထို့ကြောင့် Wang Yue ဟာ သူမစုဆောင်းထားတဲ့ အကြွေစေ့လေးကို ဖခင်ဖြစ်သူထံပေးအပ်ခဲ့ပြီး သူမက သမီးကြီးဖြစ်လို့ ညီမဖြစ်သူကိုသာ ဆေးကုသပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

‘ သမီးကြီးမို့လို့ ဆေးမကုရလည်း ကိစ္စမရှိဘူး ‘ ဆိုပြီး အလိုက်သိစွာပြောလာခဲ့တဲ့ Wang Yue ရဲ့ စကားကြောင့် ဖခင်ဖြစ်သူဟာဝမ်းနည်းကြေကွဲနေရုံမှအပ ပြောစရာစကားမရှိခဲ့ပါဘူး ။ သူတို့မိသားစုရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့လို့ လူအတော်အများက ဆေးကုသစရိတ်အတွက် လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ် ။

crd