ၾကားသိရသမွ်

ရန်ကုန်မှာ ကားမောင်းမယ်ဆိုရင် အဝိုင်း မျဥ်းဝါတွေကြားက သတိပြုစရာတခု (အခုမှတွေ့လို့ပါ)

ရန်ကုန်မှာ ကားမောင်းမယ်ဆိုရင် အဝိုင်း မျဥ်းဝါတွေကြားက သတိပြုစရာတခု (အခုမှတွေ့လို့ပါ)

ရွှေဂုံတိုင် ရေခဲဆိုင် ဘက်ကနေ ဦးထောင်ဘို အဝိုင်းဘက်သွားတဲ့အခါ.. အဝိုင်းနားက မျဥ်းဝါတွေကို မနင်းကြပါနဲ့ဗျာ.. ပုံမှာ မြင်ရတဲ့ အတိုင်း နတ်တိုင်လေးတွေ အစီအရီ ကျန်ရှိနေပါတယ်..

တစ်လက်မ သာသာလောက် ထိုးထွက်နေတာမို့ ကားတာယာများ အတွက် အလွန်အန္တရာယ် ရှိပါတယ်.. အရှိန်နဲ့ ဖြတ်သန်းတုန်း တာယာကွဲလျှင် ဘယ်ဘက် တာယာ ဖြစ်နိုင်တာကြောင့် အရှိန်တုံ့ပြီး အဝိုင်းပါတ်လမ်းကြောင်းပေါ်မှာ ကိုယ်ကျိုးနဲ နိုင်ပါတယ်..

ထိုနေရာကို ကျနော်က နေ့စဥ်လိုလိုဖြတ်သန်း နေပေမယ့်လည်း.. ဒီနေ့မှ သတိပြုမိတာမို့ ရန်ကုန်မြို့က ယာဥ်မောင်းပြည်သူများ သတိပြုနိုင်ကြပါစေရန် အကြောင်းကြားပါသည် ခင်ဗျာ..

Htuntun Naing





Htuntun Naing