မိန်းကလေးတို့ သတိထားသင့်သော ယောင်္ကျားလေးများ၏ ထိုခဏ…

၁ ။ ခဏလေးပါကွာ…မကြောက်ပါနဲ့ တကယ်ကိုခဏလေးပါပဲ…
ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက
ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ တစ်ဆတ်ဆတ်တုန်ရီနေတဲ့
အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့ လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက
ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။
တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ ခွင့်တောင်းလိုဟန်နှောပေမယ့်
အမိန့် ပေးသံပျော့ပျော့ ရဲ့ ထို ခဏ အောက်မှာ တစ်သက်စာ ကြေမွ ပျက်သုန်းသွား နိုင်တယ်။
တစ်မိနစ် အတွင်းမှာတင် အပျိုစင်ဘဝ ပျောက်ကွယ ်ပျက်စီးသွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။
မိန်းကလေး တို့ သိထားဖို့ က အပျိုစင်ဘဝ ကို မင်္ဂလာရှိသော မင်္ဂလာဦးည တိုင်
ထိန်းသိမ်းဖို့ ၊တန်ဖိုးထားဖို့ အင်မတန် ချုပ်တည်း ထိန်းသိမ်းခဲ့ရ တာ ကိုက ဘဝ တစ်သက်စာ အတွက် တန်ဖိုးရှိသော၊
မင်္ဂလာရှိသော သတို့ သမီးအဖြစ် ခင်ပွန်းသည်ရဲ့ တန်ဖိုးထားမှု၊မြတ်နိုးမှု ၊ လေးစားမှု ကို တစ်သက်စာ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။
မိမိကို လက်ထပ်မည်၊ လက်မထပ်မည် မသေချာ သေးတဲ့ ချစ်သူရည်းစား တစ်ယောက် ရဲ့ခဏလေး ပါကွာ ဆိုတဲ့
အလေးမထားတဲ့စကား တစ်ခွန်းအောက်မှာ သင်အရည်ပျော်နစ်မွန်းခဲ့ မိရင်တော့..
သင်ပေးဆပ်ရမယ့် တန်ဖိုးက ထိုခဏလေး အတွက် တန်ပါရဲ့ လား လို့ ထိုစကားကြားစဉ် ခဏမှာ တွေးမိ စဉ်းစားမိစေချင်ပါတယ်။

၂ ။ ခဏလေး လိုက်ခဲ့ပါကွာနော်
ခဏလေး ဟိုနားလိုက်ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုတဲ့ ချိန်းဆိုမှု တွေ အောက်မှာ အပျိုစင်ဘယ်နှစ်ယောက် လောက် လမ်းပျောက်ခဲ့ကြ ပြီးပြီလဲ ။
ခဏလေး လိုက်ခဲ့ပါ ကွာ နော် ဆိုတဲ့စကားနောက်မှာ ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ အပျိုမလေး တို့
ရောက်သွားနိုင်တဲ့ အပေါစားတည်းခိုခန်း တွေ၊ထူထပ်တဲ့ခြုံဖုတ်တွေ၊လူပြတ်တဲ့လမ်းကြားတွေ၊စသည်စသည် နေရာများ ကို
အလွယ်တကူ အလျော့ပေးအလိုမလိုက် အားမနာပဲငြင်းဆန်နိုင်တဲ့သတ္တိ နဲ့ ခွန်းအား ပြည့်ဝ နေစေလိုပါတယ်။
မိမိ ယုံကြည်လေးစားရတဲ့ ချစ်သူ ပင်ဖြစ်လင့်ကစား ပုံမမှန်တဲ့ နေရာဒေသတွေ ကို ချိန်းဆိုခေါ်ဆောင်သွားတဲ့အခါ
မိမိတန်းဖိုးထား ရတဲ့ အပျိုစင်ဘဝကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်ဖို့ သတိလေးကပ်ပြီး
အလိမ္မာစကားနှင့်ငြင်းပယ် နိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။

၃ ။ ခဏတော့ စောင့်ပါကွာ
တစ်ချို့ ယောင်္ကျားတွေဟာ ရည်မှန်းချက်တစ်စုံတစ်ရာ အတွက် ကြိုးပန်းချိန်မှာ
၎င်းတို့ရဲ့ ချစ်သူမိန်းကလေးများကို စိတ်ရှည်လက်ရှည်စောင့်စား နေဖို့ ခွင့်ပန်လေ့ရှိပါတယ်။
သိပ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့သော ကတိမတည်တဲ့ယောင်္ကျားအချို့ ကို စောင့်မျှော်ရင်းတန်ဖိုးရှိတဲ့
ပျိုမြစ်ခြင်းတွေ ကိုပေးဆပ်လိုက်ရတဲ့ အညာခံ အပျိုကြီးတွေ လဲအများကြီး ရှိနေတယ်ဆိုတာ တော့မမေ့စေချင်ဘူး။
ဒါဆို မစောင့်ပဲနေဖို့ လားဆိုတော့လဲ မဟုတ်ပါဘူး။စောင့်မျှော်ပါ ။
မိမိချစ်သူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိတတ်နိုင်ရင် ပါရမီဖြည့်သင့်ရင်ဖြည့်ပြီးစောင့်မျှော်ပါ။
ဒါပေမယ့် ညီမတို့ ရဲ့ နှလုံးသားတံခါး ကိုသာချစ်သူအတွက်သော့ခတ် ထားပေးပြီး
ညီမတို့ မျက်လုံးတွေကိုဖွင့်၊ နားတွေကိုစွင့်ပြီးအဝေးရောက်ချစ်သူကို မျက်ချေမပြတ်ဖို့ လဲလိုတယ်ဆိုတာ မမေ့စေချင်ဘူး။
မိမိတို့ ချစ်သူရဲ့ ခဏလောက်စောင့် ပေးပါကွာ ဆိုတဲ့စကားကို နာခံနေစဉ် ထိုခဏ မှာလဲ
မိမိတို့ တတ်စွမ်းသလောက် ကိုယ်ရေကိုယ်သွေးပြည့်ဝနေအောင်လဲ ကြိုးစားထားဖို့ လိုတယ်။

တစ်ချို့ ကရှိတတ်တယ်။ ကိုယ့်ချစ်သူက နိုင်ငံခြားမှာပါရဂူဘွဲ့ ၊ သို့ ၊ စီးပွားရေးအတွက်ကြိုးပန်းနေစဉ်ခဏမှာ
ပြန်လာရင် ပါရဂူကြီး ပရော်ဖက်ဆာကြီး ၊ သူဌေးကြီး ဖြစ်မှာမို့
ငါကတော့ အလှအပပဲ ပြင်ထားမယ် ကျန်တဲ့အရည်အချင်းတွေ ရှိစရာမလိုဘူးလို့
တွေးရင်းအချိန်တွေဖြုန်းတီးနေတဲ့ မိန်းမငယ်တစ်ချို့အတွက် တော့ ရင်လေးစရာပါပဲ။
ရုပ်ခန္ဒာ အလှအပ သည် ကြာရှည် မတည်မြဲ ၊ ပညာအလှသည်သာ ထာဝရ မြဲမြံပါတယ်။
တစ်ချို့ ယောင်္ကျားတွေ များကျတော့လည်း ခဏတော့စောင့်ပါကွာ ဆိုတဲ့စကားနောက်မှာ
စုန်းစုန်းမြုတ်ပျောက်ကွယ်ရင်း အိပ်မက်တွေ အဖန်ဖန်ပေး ကြေအေးဖို့တေးတွေ ခဏခဏ ဆိုနေဆဲပဲပေါ့။
ဘာပဲဖြစ်ဖြစ် ပါ…လူ့ ဘဝက သိပ်တိုပါတယ်။ တကယ်ကို ခဏလေး ပါပဲ။
ထိုခဏလေး များစွာတွေထဲမှာမှယောင်္ကျားများရဲ့ ထိုခဏ အတွက်တော့
ညီမတို့ ရဲ့ အပျိုစင်ဘဝနဲ့ မိမိတို့ ကိုယ်ပိုင်ဖန်းတီးတည်ဆောက်နိုင်စွမ်းတွေကိုအယုံမလွယ်ပဲ
အလေးအနက်ထား ကြိုးပမ်းထိန်းသိမ်းသင့်တယ် လို့ အကြံပြု လိုက်ပါရစေနော်။
လေးစားချစ်ခင်လျက်
Credit
============
UNICODE