ဟာသ
အိမ်ထောင် (၃) ခါ ကျဖူးတယ်… ဒါပေမယ့် အခု အချိန်ထိ အပျိုစင် ပဲရှိသေးတဲ့ မိန်းကလေး
အိမ်ထောင် သုံးခါကျဖူးတဲ့ အမျုးိသမီး တစ်ယောက် ရှိတယ်။ ဒါပေမယ့်…
သူဟာ ခုချိန်ထိ အပျိုစင် ဘဝမှာပဲ ရှိသေးတယ်တဲ့။ ထူးဆန်း နေတာပေ့ါ နော် …..
ဒါနဲ့ သတင်းထောက် တစ်ယောက်က သွားပြီး အင်တာဗျူး တယ်… ….
အမကြီးရယ်…. အိမ်ထောင် သုံးခါ ကျတာတောင် အပျိုစင်ပဲ ဆိုတော့
ဘာ့ကြောင့်လဲ ဆိုတာ သိပါရစေ လို့ မေးလိုက်တော့ …..
ဒီလိုပါ… ပထမ ယူတဲ့ အမျိုးသား က သွေးတိုး ရောဂါ ရှိတယ်၊ မင်္ဂလာဦၤး ည မှာ
သူငယ်ချင်း တွေနဲ့ အပျော် လွန်ပြီး မူးလိုက်တာ ဦးနှောက် သွေးကြော ပြတ်ပြီး သေပါ လေရော …
အော်…. ဒုတိယ အိမ်ထောင် ကျတော့ရော…
ဒုတိယ ယူတဲ့ စစ်ဗိုလ်လေး က မင်္ဂလာဆောင်တဲ့ နေ့ပဲ ရှေ့တန်း ထွက်သွားတာ၊ ပြန်မလာ တော့ဘူးလေ …..
အော်… နောက်ဆုံး တစ်ယောက်ရော…
မင်္ဂလာဦး ညမှာပဲ ကွဲသွား ပြန်တာလား ခုထိ ပေါင်းနေပါသေးတယ် ကွယ် ဒါ… ဒါဆို ဘယ်လို ဖြစ်လို့..???
သူက… ဖေ့စ်ဘုတ် ခရေဇီလေ၊ မင်္ဂလာ ဆောင်ပြီး ကတည်းက
ညဘက် ညဘက် မအိပ်တန်း ဖေ့စ်ဘုတ် ထဲချည်းပဲ ဝင်နေတာ၊
ခုထိ မမ အလှည့် မရောက်သေးဘူးကွယ် ….
ဖြစ်မှ ဖြစ်ရလေ မမရယ်….
ရယ်မောခြင်းဖြင့် ဘ၀ အမောတွေ ပြေနိုင်ကြပါစေ။
Credit to original
Zawgyi
အိမ်ထောင် သုံးခါကျဖူးတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်။ ဒါပေမယ့်…
ဒီလိုပါ… ပထမ ယူတဲ့ အမျိုးသား က သွေးတိုး ရောဂါ ရှိတယ်၊ မင်္ဂလာဦင်္း ည မှာ
ဖြစ်မှ ဖြစ်ရလေ မမရယ်….
Credit to original