ဗေဒင်

၂၀၂၁ ခုနှစ် တနင်္ဂနွေသားသမီးများ အတွက် (၁)နှစ်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများသည် 2021မှာ အကောင်း၅၀%နှင့် အဆိုး၅၀%ရှိတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ စိတ်ကူးသစ် အယူအဆသစ်ဖြင့် အလုပ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်ပါသည်။

လေးနေတာမျိုး၊နှေးနေတာမျိုးမရှိဘဲ သွက်သွက် လက်လက်အကျိုးစီးပွားရှာမှပဲအဆင်ပြေမယ့်နှစ်ဖြစ်ပါတယ်။

လူမျိုးကွဲ၊ ဘာသာကွဲများ နှင့် လုပ်ငန်းစပ်တူပြုလုပ်လျှင် အောင်မြင်မည်။ ဖုန်းနှင့် စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊

အိမ်၊ ခြံမြေ အကျိုးဆောင် လုပ်ငန်းများ လုပ်ခြင်းနှင့် ဖျော်ရည်ယမကာများ ထုတ်လုပ်ရောင်းချခြင်းများကောင်းပါသည်။

ကြော်ငြာဝန်ဆောင်မှု နှင့် ဆိုင်းဘုတ်လုပ်ငန်း၊ စာပေထုတ်ဝေရေး၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးမည်။

ဒီနှစ်မှာမိမိခံယူထားရ မှာက မိမိကိုယ်တိုင် တစ်ကောင်ကြွက်ကဲ့သို့သဘောထားပါ။ သူများအကူအညီနဲ့ အမှီအခိုကိုလုံး၀ မမျှော်လင့်ဘဲ ကိုယ်လမ်းကိုယ်လျှောက်ပါ။

ခပ်ပြတ်ပြတ်ပြောရရင် ကိုယ်လုပ်မှ ကိုယ်စားရမယ့်နှစ်တစ်နှစ်ပါပဲ။ မိမိ လွယ်ကူမည်ဟု ယူဆရမည့်ကိစ္စများ အနှောက်အယှက်ပေးခြင်းများ ခံရတတ်ပါသည်။

တပည့်ကျေးကျွန်များက တလွဲတချော် ပြုလုပ်တတ်သည်။ တပည့်၊ လက်အောက်ငယ်သားတို့အပေါ် သည်းခံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၌ အောင်မြင်မှုရမည်။

အပျော်အပါးနှင့် မကောင်းတဲ့နေရာများတွင် သွား လာ ခြင်းများ အထူးရှောင်ကြဉ်ပါ။ စက်ပစ္စည်း နှင့် အိမ်၊ ခြံ၊ မြေ ဝင်ကိန်းများ ရှိနေသည်။

မိမိလိုချင်နေတဲ့ စက်ကား တွေကိုဝယ်ယူနိုင်မယ့်နှစ်လဲဖြစ်ပါတယ်။ အနောက်တောင်အရပ်သို့ ရေလမ်းခရီးများ သွားလာခြင်း အထူးရှောင်ပါ။

လုပ်ငန်းကိစ္စများ အတွက် ဗုဒ္ဓဟူး၊ စနေ သားသမီးများနှင့် ဆက်ဆံဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ရမည်။ ကြာသပတေး၊ အင်္ဂါ သားသမီးများနှင့် အကျိုးပေးမည်။

နိုင်ငံရပ်ခြားဘုရားဖူးခရီး၊ပြည်တွင်းရပ်ဝေး ဘုရားဖူးများ သွားလာရကိန်းများ ရှိနေသည်။ အလှူဒါနကိစ္စများ ပြုလုပ်ရကိန်း ရှိနေပါသည်။

ယာဉ်နှင့် မတော်တဆ ထိခိုက်မှု အန္တရာယ်ဖြစ်ခြင်း၊ ခွဲစိတ်ကုသရသော အနာရောဂါများ ခံစားရတတ်သည်။ အထူးသဖြင့်သတိပေးလိုတာက ဒီနှစ်မှာအားအနည်းဆုံးအချက်က ကျန်းမာရေးပါပဲ။

ရောဂါဟောင်း၊ဝေဒနာဟောင်းတွေပေါ်လာတတ်သလို ခွဲစိပ်ကုသရသည် အထိ ရောဂါဝေဒနာကြီးတတ်ပါတယ်။ခန္ဓာကိုယ်မှာအကျိတ်အဖုထွက်လာရင်လုံး၀ မပေါ့ပါနဲ့။

ကင်ဆာကျိတ် ဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးတွင် ထုံကျဉ်၊ လေရောဂါ၊ ကိုယ်လက်ကိုက်ခဲခြင်း၊

ခါးအောက်ပိုင်း ရောဂါဖြစ်ခြင်း၊လေပွ၊ လေနာ၊ ဗိုက်အောင့်ခြင်း၊ အရိုးအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးတိုးခြင်းများ ဖြစ် တတ်ပါသည်။

ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်ပြီး စန်းပွင့်နေလိမ့်မည်။ ချစ်သူမရှိသေးသူများ ချစ်သူသစ် ရည်းစားသစ်ရလွယ်ပါတယ်။သို့သော်ချစ်သူရှိပြီးသူများကတော့ ချစ်သူအပေါ် သံသယဝင်လာတတ်သည်။

သံသယ ဝင်စရာကောင်းအောင်လည်း ချစ်သူကခြေလှမ်းမှားနေတတ်ပါတယ်။ ဒါကြောင့်ပဲအချစ်ရေး၌ အထီးကျန်သဖွယ် တစ်ကိုယ်တည်း သီးခြားနေရခြင်းကို နေတတ်အောင်လေ့ကျင့်နေရမည်။

အိမ်ထောင်ရှင်များအိမ်တွင်းရေးညံ့မည်။ အိမ်ထောင်ဘက်ရဲ့ဆွေမျိုးများထံမှ အမွေဒါမှမဟုတ် အခွင့်အလမ်းကောင်းများ ရရှိမည်။ ကြိမ်မီးအုံးလို အိမ်ထောင်ရေးက တအုံနွေးနွေးဖြစ်နေလိမ့်မယ်။

မကျေနပ်တာတွေများ လာလို့ မမျိုသိပ်နိုင်တဲ့ အိမ်ထောင်ရှင်တွေကတော့ အိမ်ထောင်ရေးကွဲသည်အထိဖြစ်ရတတ်ပါတယ်။

ပညာရေးတွင် မိမိကြိုးပမ်းသလောက် ထူးထူးခြားခြား တိုးတတ် အောင်မြင်လာလိမ့်မည်။ ပညာရေး၌ နယ်ပယ်သစ် ပညာရပ်ဆန်းများ သင်ကြားခွင့်ရတတ်သည်။

သို့သော် လူငယ်များပညာရေးနှင့် အချစ် ရေး ရောထွေးနေခြင်းများ ကြုံတွေ့လာရတတ်သည်။ အွန်လိုင်းကသင်ယူခြင်းများကလဲ မိမိအတွက်တော့ ထင်သလောက် မတတ်မြောက်နိုင်တဲ့နှစ်တစ်ခုဖြစ်ပါလိမ့်မယ်။

ဆရာတစ်ဦးနှင့်အနီးကပ်သင် တာမျိုးက ဒီနှစ်အတွက် အကောင်းဆုံးဖြစ်ပေလိမ့်မယ်။

ဤ2021အတွင်း ပြည်တွင်း၊ ပြည်ပ တစ်ရပ်တစ်ကျေး၌ အလုပ်အကိုင်ကောင်း များနှင့် ကြီးပွားမည်။

နိုင်ငံခြားသွားဖို့အထူးကောင်းတဲ့ နှစ်တစ်ခုဖြစ်သလို နိုင်ငံခြားသွားဖို့ စောင့်ဆိုင်းမျှော်လင့် နေသူများ သွားရဖို့ သေချာသလောက်ရှိတဲ့နှစ်တစ်ခုဖြစ်ပါလိမ့်မယ်။

အာမခံ၊ ကြားဝင်ညှိနှိုင်း သော ကိစ္စများ ရှောင် ကြဉ် သင့်သည်။ ထီ၊ဘောလုံးနှင့်အခြားလောင်းကစားတွေကြောင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးရ တတ်သည်။ ဆွေမျိုးသားချင်းတို့နှင့် နီးလျှက်နှင့် ဝေးနေရတတ်သည်။

အကျိုးပေးဂဏန်း …၃၊၈၊၆၊၉

အကျိုးပေးအက္ခရာ …က၊စ၊ပ၊ဟ

အကျိုးပေးအရောင်…ဆင်စွယ်၊ဝါညို၊ရောယှက်အရောင်

တစ်နှစ်တာယတြာ…..ငါးခြောက်၊ငါးပိ၊ဒိန်ချဉ်၊ဖိနပ်…စတာတွေကို မိမိထက်နွမ်းပါးသူများကို မကြာခဏလှူဒါန်း ပေးပါ။

Credit – ဆရာငြိမ်းအေးလူ(လက်ဆန်းဗေဒင်သုတေသီ)

Unicode ဖြင့်ဖတ်ပါ