နတ်တော်လအတွက် အကောင်းဆုံးယတြာ
နတ်တော်လဆန်း(၁)ရက်နေ့ (4.12.2021) မှ နတ်တော်လကွယ်(1.1.2022)တစ်လတာလုံး
“ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖန်ခွက်အသေး (သို့)ပန်းအိုးအသေးတင် ရေသန့်အပြည့်နီးပါးထည့်၍
နှင်းဆီပန်းအနီ၇ပွင့် နှင့် ဧဟိလာဘံ ဟု ရေးထားသော သရက်ရွက် တစ်ရွက် နှင့်အတူ ထိုဖန်ခွက်ထဲတွင် ပုံပါ အတိုင်းစိုက်၍ ထည့်ထားပေးရပါမည်။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား လှူဒါန်းပေးထားရပါမည်။ ယခုလတစ်လတာတွင် #ဇီးဖျော်ရည်တစ်ခွက် စီကို နေ့စဥ်မြတ်စွာဘုရားရှင်အားကပ်ပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာ ကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ =၈ခေါက်
ဣတိပိသောဘဂဝါ သုဂတော =၁၀ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၁၇ခေါက်
နတ်တော်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=အရှေ့အရပ်
တနင်္လာနေ့=မြောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=အနောက်တောင်အရပ်
ကြာသပတေးနေ့=တောင်အရပ်
သောကြာနေ့=အနောက်အရပ်
စနေနေ့=အနောက်မြောက်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ “အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုနတ်တော်လတစ်လတာတွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို သုံးရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် နတ်တော်လ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။
မည်သည့် နှင်းဆီပန်း အရောင်နှင့်မဆို ဤယတြာ၌ အသုံးပြု၍ ယုံကြည်စွာ လုပ်ဆောင်နိုင်ပါတယ်ဗျ။
ဤယတြာကို နတ်တော်လ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက နတ်တော်လတစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။ ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်
ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912
Zawgyi
နတ္ေတာ္လအတြက္ အေကာင္းဆုံးယၾတာ
နတ္ေတာ္လဆန္း(၁)ရက္ေန႔ (4.12.2021) မွ နတ္ေတာ္လကြယ္(1.1.2022)တစ္လတာလုံး
“ေႂကြပန္းကန္ျပား တစ္ခ်ပ္ေပၚတြင္ ဖန္ခြက္အေသး (သို႔)ပန္းအိုးအေသးတင္ ေရသန႔္အျပည့္နီးပါးထည့္၍
ႏွင္းဆီပန္းအနီ၇ပြင့္ ႏွင့္ ဧဟိလာဘံ ဟု ေရးထားေသာ သရက္႐ြက္ တစ္႐ြက္ ႏွင့္အတူ ထိုဖန္ခြက္ထဲတြင္ ပုံပါ အတိုင္းစိုက္၍ ထည့္ထားေပးရပါမည္။
ဤယၾတာကို ဘုရားေက်ာင္းေဆာင္ ေပၚသို႔တင္၍ ျမတ္စြာဘုရားရွင္အား လႉဒါန္းေပးထားရပါမည္။ ယခုလတစ္လတာတြင္ #ဇီးေဖ်ာ္ရည္တစ္ခြက္ စီကို ေန႔စဥ္ျမတ္စြာဘုရားရွင္အားကပ္ေပးေနျခင္းျဖင့္လည္း မိမိအတြက္ထူးျခားမႉျဖစ္စဥ္မ်ားေကာင္းက်ိဳးမ်ားစြာ ကိုလည္း ရရွိခံစားေနရမည္ျဖစ္သည္။
ကံေခ်ကန္ေတာ့ျခင္းကို လုပ္ေဆာင္ဖို႔ရန္ မေမ့ပါႏွင့္။ ေန႔စဥ္ေအာက္ေဖာ္ျပပါဂုဏ္ေတာ္မ်ားကို႐ြတ္ဖတ္ပါ။
ဣတိပိေသာဘဂဝါ သမၼာသံဗုေဒၶါ =၈ေခါက္
ဣတိပိေသာဘဂဝါ သုဂေတာ =၁၀ေခါက္
ဣတိပိေသာဘဂဝါ သတၱာေဒဝမႏုႆာနံ=၁၇ေခါက္
နတ္ေတာ္လေန႔စဥ္လာဘ္ပြင့္အရပ္မ်က္ႏွာမ်ား
တနဂၤေႏြေန႔=အေရွ႕အရပ္
တနလၤာေန႔=ေျမာက္အရပ္
အဂၤါေန႔=အေရွ႕ေတာင္အရပ္
ဗုဒၶဟူးေန႔=အေနာက္ေတာင္အရပ္
ၾကာသပေတးေန႔=ေတာင္အရပ္
ေသာၾကာေန႔=အေနာက္အရပ္
စေနေန႔=အေနာက္ေျမာက္အရပ္
အထက္ပါအတိုင္းေန႔အလိုက္ေန႔စဥ္အရပ္မ်က္ႏွာမူ ဧဟိလာဘံ ဟူ၍(၂၇)ေခါက္တိတိ႐ြတ္ေပးရပါမည္။
ဆုေတာင္းစာ “အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး ယခုနတ္ေတာ္လတစ္လတာတြင္ ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္ ေအာင္ျမင္၍ စီးပြားလာဘ္လာဘ တိုးတက္အဆင္ေျပရပါလို၏။”
ဤယၾတာအစီအရင္ကို သုံးရက္လွ်င္ တစ္ႀကိမ္စီ အထက္ပါနည္းအတိုင္း သတိတရေလးႏွင့္ တိက်စြာ ျပန္လည္၍လုပ္ေဆာင္ေပးေနျခင္းျဖင့္ နတ္ေတာ္လ အတြင္း ကံေကာင္းျခင္းမ်ား ရယူပိုင္ဆိုင္လိုက္ပါဗ်။
မည္သည့္ ႏွင္းဆီပန္း အေရာင္ႏွင့္မဆို ဤယၾတာ၌ အသုံးျပဳ၍ ယုံၾကည္စြာ လုပ္ေဆာင္ႏိုင္ပါတယ္ဗ်။
ဤယၾတာကို နတ္ေတာ္လ တစ္လတာလုံး၌ မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။
ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက နတ္ေတာ္လတစ္လတာလုံး အတြင္း၌ မိမိသည္ အတိုက္အခိုက္ အေႏွာင့္အယွက္မ်ား ကင္းေဝးေစ၍ စီးပြား လာဘ္႐ႊင္ သုခ ခ်မ္းသာျခင္းမ်ား ရရွိပါမည္။
ဆရာဦးမင္းႏိုင္ ႏွင့္တကြ သင္ဆရာ၊ျမင္ဆရာ၊ ၾကားဆရာမ်ားကို အစဥ္ ေလးစားဦးခိုက္ေနလ်က္။ ယုံၾကည္ အားကိုး ဆႏၵရွိသူမ်ားအတြက္
ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္ ဆရာေပါက္က်ိဳင္း 09776478912