သင့်ဆန္ဒတွေ ပြည့်ဝလာမလားဆိုတာ အဖြေထုတ်ပေးမယ့် ကတ်ဗေဒင် ။သင့်စိတ်ကို တိမ်းညွတ်မှုအဖြစ်စေဆုံး ကတ်တစ်ကတ်ကို ရွေးချယ်လိုက်ပါ…
ကတ်နံပါတ် (၁)
သင်သာ ကတ်နံပါတ် (၁) ကို ရွေးချယ်လိုက်တယ်ဆိုရင် သင့်ရဲ့လတ်တလော အိပ်မက်ဆန္ဒတွေကို ပြည့်ဝလာဖို့ အလားအလာတွေ များနေပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းတော့ စောင့်ရမှာမှာဖြစ်ပြီး လောလို့ မဖြစ်ပါဘူး။ လောမိလိုက်တာနဲ့ အရာအားလုံးပျက်စီးသွားနိုင်တာမို့ စိတ်ရှည်ဖို့သာ လိုပါတယ်။ သင်မမျှော်လင့်ထားဆုံးအချိန်မှာ သင့်ဆန္ဒတွေ ဖြစ်သွားနိုင်ပါတယ်။
ကတ်နံပါတ် (၂)
သင်သာ ကတ်နံပါတ် (၂)ကို ရွေးချယ်လိုက်တယ်ဆိုရင် သင်ကြိုးစားအားထုတ်ထားတဲ့ အရာတွေအတွက် အချိန်ကာလရှည်ကြာစွာ စောင့်နေခဲ့ရတဲ့ ဆုလာဒ်တစ်ခု သင်ရရှိပါတော့မယ်။ သင်လိုချင်တာရမယ်၊ ဒါပေမယ့် သင်မျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့တော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဒါဟာ သင့်အတွက် ပိုကောင်းတာ ဖြစ်နေနိုင်ပြီး သင်စိတ်ပျက်ရမှာ မဟုတ်ပါဘူး။
ကတ်နံပါတ် (၃)
သင်သာ ကတ်နံပါတ် (၃) ကို ရွေးလိုက်တယ်ဆိုရင် သင်ရဲ့တောင့်တမှုကို ဖြည့်ဆည်းပေးဖို့ စကြဝဠာကြီးက အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ သင့်ဆန္ဒတွေနဲ့ပတ်သက်လို့ သင်ပြန်စဉ်းစားကြည့်သင့်ပြီး အားထုတ်မှုကို သေချာအကောင်အထည်ဖော်ဖို့ လိုနေပါတယ်။ သင်သာ သင်ဖြစ်ချင်တာတွေအတွက် တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သင်လိုချင်တာ ပေးဖို့ စကြဝဠာကြီးက ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ အခုချိန် ပျင်းနေတာတွေ ရပ်လိုက်သင့်ပါပြီ။
ကတ်နံပါတ် (၄)
သင်သာ ကတ်နံပါတ် (၄) ကို ရွေးချယ်လိုက်တယ်ဆိုရင် သင်လိုချင်တဲ့ အရာတွေကို ထင်ထားတာထက် ပိုပြီးကို ရလာနိုင်ချေ ရှိနေပါတယ်။ အဓိကမမေ့ဖို့ကတော့ လိုချင်တာရပြီးလို့ အဲ့ဒီ့နေရာမှာ မရပ်လိုက်ဖို့ပါပဲ။ ဆန္ဒတစ်ခုပြည့်သွားရုံနဲ့ မရောင့်ရဲသင့်ဘဲ ပန်းတိုင်အသစ်တွေ ထပ်ထားရှိဖို့လိုပါတယ်။ သင်ဟာ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်မယ့်သူ ဖြစ်တဲ့အတွက်ပါ။
credit to shwemom