ေဗဒင္

“တနင်္ဂနွေ သားသမီးများအတွက် 2022 ခုနှစ်၊ မေလ တစ်လစာ ဟောစာတမ်း”

တနင်္ဂနွေ သားသမီး

အလုပ်မှာ ရန်သဘာဝလေးတွေ များစွာစိုးမိုးနေတာမို့ အတိုက်ခံတွေ များစွာကြုံရတတ်ပါတယ်။

အတိုက်ခံများကြားမှ အောင်မြင်ပါမယ်။ စပ်တူရှယ်ယာ အလုပ်တွေ၊ အများနဲ့ စုဖွဲ့ပြီးလုပ်ရတဲ့ အလုပ်တွေ၊ ကုမ္ပဏီလုပ်ငန်းတွေ အဆင်ပြေနေပါမယ်။ ကူညီမဲ့ မိတ်ဆွေတွေလဲ ပေါ်လာပါမယ်။

လက်အောက်ငယ်သားအပေါင်းဖော်တွေကြောင့်တော့ စိတ်ညစ်ရတတ်ပြီး စက်ပစ္စည်းပျောက်တာ၊ ပျက်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ငွေကြေးအဝင်များပါလိမ့်မယ်။ အသက် ခပ်လတ်လတ်အမျိုးသမီး (သို့) ငွေကြေးချမ်းသာသော အမျိုးသမီးတစ်ဦးကြောင့် ငွေကြေးအကူညီတွေရတတ်ပါတယ်။ သို့သော် ရန်သဘောလေးတွေ စိုးမိုးနေတာကြောင့် ငွေင်ပြီး ပြန်ထွက်သွားတတ်ပါတယ်။

မေတ္တာရေးမှာ ဆယ်ကျော်သက်လေးများ စန်းအလွန်ပွင့်နေမယ်ဗျာ။ ကိုယ့်အပေါ် Crush နေတဲ့သူတွေ ကို တန်းစီလို့။ ဂေါ်မစွံ အပျိုကြီး၊လူငယ်များ ဘာသာမတူတဲ့ လူမျိုးကွဲချစ်သူနဲ့ ရွှေလက်တွဲရတတ်ပါတယ်။ အနေဝေး နေတဲ့ LDRS. အတွဲများကြား တတိယလူဝင်လာနိုင်ပါတယ်။

ညားခါစ အိမ်ထောင်ရှင်မများ အထူးပျော်ရွှင်စရာကောင်းမဲ့လပါပဲ။ သို့သော် အလုပ်ကြောင့် ခရီးထွက်ရတာ၊ ချစ်ခင်ပွန်းနဲ့ခွဲခွာရတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသားများ မိသားစုတာဝန်တွေပိနေပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရတတ်ပါတယ်။

ကျန်းမာရေး ကတော့ အညံ့မရှိပါဘူး။ နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူများ အနေနဲ့ကတော့ ဂရုစိုက်ဖို့လိုပါတယ်။ ရေလမ်းခရီးသွားလာရတဲ့အခါတွေ အတက်အဆင်းဂရုစိုက်ပါ။

ပညာရေး ကံတရားတွေ ကောင်းနေပါတယ်။ ကြိုးစားသမျှအောင်မြင်ပြီး အသစ်အသစ်သော ပညာရပ်တွေ ဆည်းပူးခွင့်ရပါလိမ့်မယ်။

ကံအထောက်ပံ့

အပြာရာင်၊ အဝါရောင်များများပါတဲ့ အရောင်လေးတွေ မကြာခဏဝတ်ဆင်ပေးပါ။ ရွှေရောင်ခွက်နဲ့ အချိုရည် +သီးစုံကိတ်မုန့်လှူပြီး မေတ္တာသုတ် ၅ခေါက်ရွတ်ခြင်းအားဖြင့် ကံအထောက်ပံ့တွေရယူပါ။ ကံကောင်းစေတဲ့ ဂဏန်းကတော့ 6/1/7/9 တို့ဖြစ်ပါတယ်။

ယတြာ

ဘုရားစေတီရင်ပြင်တော်ပေါ်မှာ တနင်္ဂနွေနေ့ မနက် ၉:၄၅-၁၀ နာရီအတွင်း အမှိုက်လှည်းသန့်ရှင်းမှုကုသိုလ်ပြုပြီး ငါ့ရဲ့မကောင်းတဲ့ အနိမ့်ညံ့တွေ ထွက်သွားပါစေလို့ ဆုတောင်းပါ။ မေမြို့ပန်း(၅)ပွင့်ကိုလည်း ဘုရားမှာ လှုပြီး ဆုတောင်းပါ။

ဆရာဒေဝမင်းထက် ဗေဒင်နှင့်ယတြာ

တနဂၤေႏြ သားသမီး

အလုပ္မွာ ရန္သဘာဝေလးေတြ မ်ားစြာစိုးမိုးေနတာမို႔ အတိုက္ခံေတြ မ်ားစြာၾကဳံရတတ္ပါတယ္။

အတိုက္ခံမ်ားၾကားမွ ေအာင္ျမင္ပါမယ္။ စပ္တူရွယ္ယာ အလုပ္ေတြ၊ အမ်ားနဲ႔ စုဖြဲ႕ၿပီးလုပ္ရတဲ့ အလုပ္ေတြ၊ ကုမၸဏီလုပ္ငန္းေတြ အဆင္ေျပေနပါမယ္။ ကူညီမဲ့ မိတ္ေဆြေတြလဲ ေပၚလာပါမယ္။

လက္ေအာက္ငယ္သားအေပါင္းေဖာ္ေတြေၾကာင့္ေတာ့ စိတ္ညစ္ရတတ္ၿပီး စက္ပစၥည္းေပ်ာက္တာ၊ ပ်က္တာမ်ိဳးေတြ ၾကဳံရတတ္ပါတယ္။

ေငြေၾကးအဝင္မ်ားပါလိမ့္မယ္။ အသက္ ခပ္လတ္လတ္အမ်ိဳးသမီး (သို႔) ေငြေၾကးခ်မ္းသာေသာ အမ်ိဳးသမီးတစ္ဦးေၾကာင့္ ေငြေၾကးအကူညီေတြရတတ္ပါတယ္။ သို႔ေသာ္ ရန္သေဘာေလးေတြ စိုးမိုးေနတာေၾကာင့္ ေငြင္ၿပီး ျပန္ထြက္သြားတတ္ပါတယ္။

ေမတၱာေရးမွာ ဆယ္ေက်ာ္သက္ေလးမ်ား စန္းအလြန္ပြင့္ေနမယ္ဗ်ာ။ ကိုယ့္အေပၚ Crush ေနတဲ့သူေတြ ကို တန္းစီလို႔။ ေဂၚမစြံ အပ်ိဳႀကီး၊လူငယ္မ်ား ဘာသာမတူတဲ့ လူမ်ိဳးကြဲခ်စ္သူနဲ႔ ေရႊလက္တြဲရတတ္ပါတယ္။ အေနေဝး ေနတဲ့ LDRS. အတြဲမ်ားၾကား တတိယလူဝင္လာနိုင္ပါတယ္။

ညားခါစ အိမ္ေထာင္ရွင္မမ်ား အထူးေပ်ာ္ရႊင္စရာေကာင္းမဲ့လပါပဲ။ သို႔ေသာ္ အလုပ္ေၾကာင့္ ခရီးထြက္ရတာ၊ ခ်စ္ခင္ပြန္းနဲ႔ခြဲခြာရတာေတြ ၾကဳံေတြ႕ရတတ္ပါတယ္။ အမ်ိဳးသားမ်ား မိသားစုတာဝန္ေတြပိေနၿပီး စိတ္ပင္ပန္း လူပင္ပန္းျဖစ္ရတတ္ပါတယ္။

က်န္းမာေရး ကေတာ့ အညံ့မရွိပါဘူး။ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳရွိသူမ်ား အေနနဲ႔ကေတာ့ ဂ႐ုစိုက္ဖို႔လိုပါတယ္။ ေရလမ္းခရီးသြားလာရတဲ့အခါေတြ အတက္အဆင္းဂ႐ုစိုက္ပါ။

ပညာေရး ကံတရားေတြ ေကာင္းေနပါတယ္။ ႀကိဳးစားသမၽွေအာင္ျမင္ၿပီး အသစ္အသစ္ေသာ ပညာရပ္ေတြ ဆည္းပူးခြင့္ရပါလိမ့္မယ္။

ကံအေထာက္ပံ့

အျပာရာင္၊ အဝါေရာင္မ်ားမ်ားပါတဲ့ အေရာင္ေလးေတြ မၾကာခဏဝတ္ဆင္ေပးပါ။ ေရႊေရာင္ခြက္နဲ႔ အခ်ိဳရည္ +သီးစုံကိတ္မုန႔္လႉၿပီး ေမတၱာသုတ္ ၅ေခါက္ရြတ္ျခင္းအားျဖင့္ ကံအေထာက္ပံ့ေတြရယူပါ။ ကံေကာင္းေစတဲ့ ဂဏန္းကေတာ့ 6/1/7/9 တို႔ျဖစ္ပါတယ္။

ယၾတာ

ဘုရားေစတီရင္ျပင္ေတာ္ေပၚမွာ တနဂၤေႏြေန႔ မနက္ ၉:၄၅-၁၀ နာရီအတြင္း အမွိုက္လွည္းသန႔္ရွင္းမႈကုသိုလ္ျပဳၿပီး ငါ့ရဲ့မေကာင္းတဲ့ အနိမ့္ညံ့ေတြ ထြက္သြားပါေစလို႔ ဆုေတာင္းပါ။ ေမၿမိဳ႕ပန္း(၅)ပြင့္ကိုလည္း ဘုရားမွာ လႈၿပီး ဆုေတာင္းပါ။

ဆရာေဒဝမင္းထက္ ေဗဒင္ႏွင့္ယၾတာ