Zawgyi
ဖားကန႔္မွာ ထမင္းသြားဝယ္ေနတုန္း စစ္ေကာင္စီမွSee More…
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ့ လုံးခင္းေက်းရြာအုပ္စု ေမာ္ဘုံ ေက်းရြာမွာ ေမ ၃ ရက္ မေန႔ညက လက္နက္ႀကီးက်ည္ထိမွန္ခဲ့လို့ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့တယ္လို့ ေဒသခံေတြက ေျပာပါတယ္။
ေဆာင္းရာသီ ထမင္းဆိုင္ပိုင္ရွင္ အသက္ ၆၃ ႏွစ္အရြယ္ ဦးယုံေကြ႕နဲ႔ အသက္ ၄၅ ႏွစ္အရြယ္ ဦးေမာင္ထူးတို့ ေသဆုံးခဲ့ၿပီး ႏွစ္ဦးလုံးကို ဒီေန႔ပဲ သၿဂႋဳဟ္လိုက္တယ္လို့ ေဒသခံတစ္ဦးက RFA ကို ေျေျပာပါတယ္
“ဆန္ခါေထာင္မွာ စစ္ေကာင္စီတပ္ေတြရွိတယ္၊ အဲကပစ္တာ ေမွာ္ဘုံဘက္ကို၊ လက္နက္ႀကီး ငါးလုံးေလာက္ပစ္တာ၊ လက္နက္ႀကီးတစ္လုံးက ဆိုင္မွာက်လို့ ဆိုင္ရွင္နဲ႔ ေဈးလာဝယ္တဲ့သူ တစ္ေယာက္ ဆုံးသြားတာ။ လက္ေတြ၊ ေျခေထာက္ေတြ၊ ေခါင္းေတြမွာ ထိသြားတာ”
ဦးယုံေကြ႕ဟာ ဝိုင္းေမာ္ၿမိဳ့နယ္ ခတ္ခ်ိဳရြာက ျဖစ္ပါတယ္။ ဦးေမာင္ထူးက စစ္ကိုင္းတိုင္း ေမာ္လူးၿမိဳ့ ျဖစ္ ၿပီး သူတို့ႏွစ္ဦးဟာ ဖားကန႔္ၿမိဳ့မွာ လာေရာက္အလုပ္ လုပ္ကိုင္ေနသူေတြလို့လည္း ေျပာပါတယ္။
ေမွာ္ဘုံေက်းရြာထဲကို PDF ေတြရွိတယ္လို့ အထင္နဲ႔ စစ္တပ္ကေန ပစ္ခတ္တာ ျဖစ္နိုင္တယ္လို့လည္း ေဒသခံေတြက ေျပာေပမယ့္ RFA က သီးျခားအတည္မျပဳနိုင္ေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္တာမ်ိဳး မေတြ႕ရေသးပါဘူး။
ေမလ ၂ ရက္ေန႔ ညကလည္း ဖားကန႔္ၿမိဳ့ ေအးျမသာယာရပ္ကြက္က ေက်ာက္ဝိုင္းအနီးမွာ ေပါက္ကြဲမွု တစ္ခု ျဖစ္ပြားခဲ့တယ္လို့ ေဒသခံေတြက ေျပာပါတယ္။
Unicode
ဖားကန့်မှာ ထမင်းသွားဝယ်နေတုန်း စစ်ကောင်စီမှSee More…
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မော်ဘုံ ကျေးရွာမှာ မေ ၃ ရက် မနေ့ညက လက်နက်ကြီးကျည်ထိမှန်ခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆောင်းရာသီ ထမင်းဆိုင်ပိုင်ရှင် အသက် ၆၃ နှစ်အရွယ် ဦးယုံကွေ့နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမောင်ထူးတို့ သေဆုံးခဲ့ပြီး နှစ်ဦးလုံးကို ဒီနေ့ပဲ သြင်္ဂိုဟ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်ခါထောင်မှာ စစ်ကောင်စီတပ်တွေရှိတယ်၊ အဲကပစ်တာ မှော်ဘုံဘက်ကို၊ လက်နက်ကြီး ငါးလုံးလောက်ပစ်တာ၊ လက်နက်ကြီးတစ်လုံးက ဆိုင်မှာကျလို့ ဆိုင်ရှင်နဲ့ ဈေးလာဝယ်တဲ့သူ တစ်ယောက် ဆုံးသွားတာ။ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေမှာ ထိသွားတာ”
ဦးယုံကွေ့ဟာ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဖြစ်ပါတယ်။ ဦးမောင်ထူးက စစ်ကိုင်းတိုင်း မော်လူးမြို့ ဖြစ် ပြီး သူတို့နှစ်ဦးဟာ ဖားကန့်မြို့မှာ လာရောက်အလုပ် လုပ်ကိုင်နေသူတွေလို့လည်း ပြောပါတယ်။
မှော်ဘုံကျေးရွာထဲကို PDF တွေရှိတယ်လို့ အထင်နဲ့ စစ်တပ်ကနေ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
မေလ ၂ ရက်နေ့ ညကလည်း ဖားကန့်မြို့ အေးမြသာယာရပ်ကွက်က ကျောက်ဝိုင်းအနီးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။