ဗေဒင်



















သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွန်ုပ်မှယုံကြည်ပါသည်။



unicode

အင်္ဂါသားသမီးများအတွက် ၁၄.၇.၂၀၂၀ မှ ၂၀.၇.၂၀၂၀ ထိ တစ်ပါတ်စာဟောစာတန်း

အင်္ဂါ သား/သမီးများအတွက်

ဒီရက်ပိုင်းအတွင်းအိမ်၊စက်၊အသုံးအဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။

ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပျက်တာတွေများနေတတ်ပါသည်။

ဒီအချိန်မှာငွေများများမကိုင်ထားသင့်ပါ။အဲ့ဒီငွေဟာဆေးဖိုးဖြစ်သွားတတ်ပါတ ယ်။

အိမ်အဆောက်ဦး ကိစ္စတွေ အောင်မြင်ပါလိမ့်မည်။

စက်ပစ္စည်းအရောင်းဝယ်တွေလည်းအောင်မြင်ပါလိမ့်မည်။

ခရီးသွားလာရေးကိစ္စမှာတော့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်ပါသည်။

နိုင်ငံခြားကိစ္စတွေကတော့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေရရှိတတ်ပါသည်။

မိတ်ရင်း၊ဆရာအရင်း တွေကြောင့်သင်ခေါင်းရှုပ်ရတတ်ပါသည်။

ဘာမဆိုမတင်မကျ၊မရေရာဖြစ်တာလေးတော့သတိထားပါ။

အိမ်ထောင်ရှင်များအထစ်အငေါ့လေးတွေကြုံတွေ့ရတတ်သည်။

ငယ်ရွယ်သူများအချစ်ရေးကံနိမ့်နေတဲ့အချိန်ဖြစ်ပါသည်။

သင့်ကျန်းမာရေးကတော့သွေးအားနည်းသောရောဂါဖြစ်တတ်ပါတယ်။

သင့်အတွက် ကံကောင်း စေသောအရောင်မှာလိမ္မော်ရောင်ဖြစ်ပါသည်။

သင်ထီထိုးမယ်ဆိုရင် ကံကောင်း စေမည့်ဂဏန်း(၁၃)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။

ကံကောင်းစေရန်ယတြာမိမိအိမ်ဘုရားတွင်ကောက်ညှင်းပေါင်း(၃)ပန်းကန်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။

သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွနု်ပ်မှယုံကြည်ပါသည်။

*သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည်။

#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်