အေထြအေထြဗဟုသုတ

“မိန္းကေလးတိုင္းဖတ္သင့္တဲ့ တန္ဖိုးရွိတဲ့စာပါ”

မိန္းကေလးတိုင္းဖတ္သင့္တဲ့ တန္ဖိုးရွိတဲ့စာပါ”

သတိထား ညီမေလး အေရခြံ ဘယ္ေလာက္လဲလဲ ေႁမြဆိုတာ တီျဖစ္ မသြားဘူး ေျပာင္းလဲ တဲ့ေလာကႀကီးမွာ လိုက္ဖက္ ညီေအာင္ အေရာင္ေျပာင္းေနရင္ ပုတ္သင္ညိဳ သာသာျဖစ္ေတာ့ မွာေပါ့။

ပတၱျမား မွန္တယ္ ဆိုတိုင္း ႏြံထဲဝင္ မႈိင္ျပ စရာလားကြယ္ ေျခေဆး မခံရေအာင္ အိုင္ထဲ ထိုင္မယ့္အစား ေရသန႔္လို႔တံဆိပ္ကပ္ႏိုင္ရင္ တန္ဖိုးတက္လာပါလိမ့္မယ္။

အိမ္နဲ႔ေဝးတိုင္းလဲ….အားငယ္ စိတ္မပ်က္ ပါနဲ႔ အေမာေျပေရ တစ္ခြက္ အိမ္ေျပးေလး အတြက္တဲ့

အေမ ေန႔တိုင္းခပ္ထ ားတယ္။

ညီမေလး စဥ္းစားရတယ္ ဆိုတာ မိန္းကေလးတိုင္းရဲ႕ သမိုင္းေပး တာဝန္ အ႐ိုးဆို ၾကည့္ေရွာင္ ရမယ္ေလ။ ကိုယ္က ခဏတာ ဝါးမယ့္ သြား မဟုတ္ဘူး စကား ခလုတ္ေတြ ဘယ္ေလာက္ တိုက္တိုက္ ကိုယ့္ကိုယ္ကို မထိခိုက္ ဖို႔က ပိုအေရးႀကီး တယ္။

တကယ္ေတာ့ ဟင္းေခ်းမ်ား တယ္ဆိုတာ အစားေကာင္းစား ရတဲ့ သူေတြကို သမုတ္တဲ့ အမည္ သက္သက္ပါ။ ညီမေလး ခ်စ္တာေတာ့ ခ်စ္ပါ ျပန္ျပင္လို႔မရတဲ့ အခြင့္အေရးေတာ့ မေပးမိ ပါေစနဲ႔။ ဘဝနဲ႔ရင္းတဲ့ လက္ေရး အတြက္ ဖ်က္ေဆး မရွိဘူး။

ဘဝရဲ႕အစိတ္အပိုင္းေလး တစ္ခုအတြက္ စိတ္႐ိုင္း မေမြးမိ ပါေစနဲ႔ မွတ္ပုံတင္ ထဲျပန္ၾကည့္ ပါ ညီမေလး ကိုးကြယ္ စရာမွာ အခ်စ္ မဟုတ္ဘူးေလ။ ညီမေလးေရ အခ်စ္ဦးသူ လြဲဖူးသူ ၊ခ်စ္တဲ့ သူတိုင္းေပါင္းစပ္ခြင့္ မရ

သူေတြဟာ အိမ္ေရွက ခရပြင့္ေတြေႂကြ သေလာက္ ရွိတယ္။ အသည္းကြဲ တယ္ ဆိုၿပီး ဘီယာေသာက္ ေလာကႀကီးကို ေမွာက္ပစ္ တတ္တာ ပညာမဲ့သူေတြ သက္သက္ေပးတဲ့ ဆင္ေျခ တစ္ခုပါ။

မုန္တိုင္းထဲမွာလဲ ေအာက္ဆီဂ်င္ ပါပါတယ္ ေလနည္းတယ္ အထင္နဲ႔ ႐ြက္ကိုေတာ့ ျပင္းျပင္းမလြင့္လိုက္ပါနဲ႔။ တည္ၿငိမ္ျခင္း ဆိုတာ မိန္းကေလး အိေျႏၵေလ တန္ဖိုးသိ တဲ့သူက တန္ဖိုးထား လာပါ လိမ့္မယ္

ကိုယ္ကသာ ရတနာ တစ္ပါးျဖစ္ပါေစ ညီမေလးေရ။ ညီမေလးေရ ေယာက်္ားဆိုတာ ဧကရာဇ္ဘုရင္ပဲျဖစ္ျဖစ္ နန္းက် ဘုရင္ပဲျဖစ္ျဖစ္ ေျမႇာက္စားတာ ခံခ်င္ ၾကတယ္။

က်ားႀကီးရဲ႕ ဆရာျဖစ္ဖို႔ ဆိုတာ ေၾကာင္တစ္ေကာင္လို ညင္သာ တတ္မွျဖစ္မယ္။ ကမာၻေက်ာ္တဲ့ စစ္သူရဲ တစ္ေယာက္ေတာင္ အေျပာခ်ိဳ တဲ့ အအိုေခ်ာေၾကာင့္ ကမာၻတစ္ဝက္ကို တက္သိမ္ းဖူးတယ္ေလ။

ေလယူရာတိမ္းတတ္တဲ့ ပန္းပင္ဟာ ဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္ မက်ိဳးဘူး ပုခက္လြဲေသာ လက္ဟာ ကမာၻကို အုပ္စိုးႏိုင္တယ္ ဆို တဲ့ေနာက္မွာ ခ်ိဳေသာ စကားေျပာ တတ္တဲ့ ႏႈတ္ခမ္း တစ္စုံ လိုတယ္ ညီမေလး။

ညီမေလးေရ ရင္ေဘာင္တန္းတယ္ ဆိုတိုင္း ေျခရာေတာ့ လိုက္ မတိုင္းေလနဲ႔။ ေၾကာင္ဘယ္ေလာက္ေျခရာႀကီးႀကီး က်ားႀကီး ကိုေတာ့ ဘယ္မွီ မလဲ အသားစား သတၱဝါ ခ်င္း တူေပမယ့္ စကားအဆိုသာ

ေၾကာင္ဘယ္ေလာက္ေျခရာၾကီးၾကီး က်ားၾကီးကုိေတာ့ ဘယ္မွီမလဲ အသားစားသတၱဝါခ်င္းတူေပမယ့္ စကားအဆုိသာ …..ေၾကာင္က ဆရာျဖစ္တာက်ားဆုိတာ ေၾကာင္သားလဲ စားခ်င္စားမွာေလ

သဘာဝေဘး ဆုိတာ သဘာဝေတြ ဆန္႔က်င့္လုိ႔ျဖစ္ရတာ နစ္နာျခင္း မရွိရေအာင္ ေဘာင္အတြင္းကသာ မိန္းမဆန္ပါ ညီမေလးေရ…။

ညီမေလးေရ မ်ားမ်ားဖတ္ၿပီး ေဝဖန္ဆုံးျဖတ္ ႏိုင္ပါေစ ဖတ္ပါ မွတ္ပါ ေလ့လာပါ။ အစြန္းတစ္ဖက္ေတာ့ မေရာက္ေစနဲ႔ စာေပဆိုတာ လူဘဝအတြက္ အလင္းစက္ တစ္ခုေပါ့။

ညီမေလးေရ သစ္႐ြက္ေတြ ေႂကြ႐ုံနဲ႔ေတာ့ သစ္ပင္ႀကီးမေသပါဘူး။ ၾကယ္ေလးေတြေႂကြ႐ုံ နဲ႔လည္း ေကာင္းကင္ႀကီး မေသပါဘူး။

ပန္းပုတစ္႐ုပ္လွဖို႔ဆိုတာ ထြင္းထုတ္လိုက္ရတဲ့ အသားေတြ ရွိတတ္ စၿမဲ ပဲေလ။ လဲလို႔သာ ျပန္မထၾကရင္ လူဆိုတာ တြားသြား သတၱဝါ ျဖစ္ကုန္မွာေပါ့။

အားမေလ်ာ့ပါနဲ႔…သြားတဲ့သူအတြက္ လမ္းရွိ ပါတယ္ အတိတ္ ဆိုတာ ခ်ခင္းထားတဲ့ေ ကာ္ေဇာတစ္ခ်ပ္သာမို႔ ခပ္နာနာတစ္ခ်က္ နင္းၿပီး အနာဂၢါတ္ကို စိတ္နဲ႔ ပစ္ခြင္းလိုက္ပါ

ခရက္ဒစ္

Unicode;

မိန်းကလေးတိုင်းဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့စာပါ”

သတိထား ညီမလေး အရေခွံ ဘယ်လောက်လဲလဲ မြွေဆိုတာ တီဖြစ် မသွားဘူး ပြောင်းလဲ တဲ့လောကကြီးမှာ လိုက်ဖက် ညီအောင် အရောင်ပြောင်းနေရင် ပုတ်သင်ညို သာသာဖြစ်တော့ မှာပေါ့။

ပတ္တမြား မှန်တယ် ဆိုတိုင်း နွံထဲဝင် မှိုင်ပြ စရာလားကွယ် ခြေဆေး မခံရအောင် အိုင်ထဲ ထိုင်မယ့်အစား ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဖိုးတက်လာပါလိမ့်မယ်။

အိမ်နဲ့ဝေးတိုင်းလဲ….အားငယ် စိတ်မပျက် ပါနဲ့ အမောပြေရေ တစ်ခွက် အိမ်ပြေးလေး အတွက်တဲ့

အမေ နေ့တိုင်းခပ်ထ ားတယ်။

ညီမလေး စဉ်းစားရတယ် ဆိုတာ မိန်းကလေးတိုင်းရဲ့ သမိုင်းပေး တာဝန် အရိုးဆို ကြည့်ရှောင် ရမယ်လေ။ ကိုယ်က ခဏတာ ဝါးမယ့် သွား မဟုတ်ဘူး စကား ခလုတ်တွေ ဘယ်လောက် တိုက်တိုက် ကိုယ့်ကိုယ်ကို မထိခိုက် ဖို့က ပိုအရေးကြီး တယ်။

တကယ်တော့ ဟင်းချေးများ တယ်ဆိုတာ အစားကောင်းစား ရတဲ့ သူတွေကို သမုတ်တဲ့ အမည် သက်သက်ပါ။ ညီမလေး ချစ်တာတော့ ချစ်ပါ ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိ ပါစေနဲ့။ ဘဝနဲ့ရင်းတဲ့ လက်ရေး အတွက် ဖျက်ဆေး မရှိဘူး။

ဘဝရဲ့အစိတ်အပိုင်းလေး တစ်ခုအတွက် စိတ်ရိုင်း မမွေးမိ ပါစေနဲ့ မှတ်ပုံတင် ထဲပြန်ကြည့် ပါ ညီမလေး ကိုးကွယ် စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ အချစ်ဦးသူ လွဲဖူးသူ ၊ချစ်တဲ့ သူတိုင်းပေါင်းစပ်ခွင့် မရ

သူတွေဟာ အိမ်ရှေက ခရပွင့်တွေကြွေ သလောက် ရှိတယ်။ အသည်းကွဲ တယ် ဆိုပြီး ဘီယာသောက် လောကကြီးကို မှောက်ပစ် တတ်တာ ပညာမဲ့သူတွေ သက်သက်ပေးတဲ့ ဆင်ခြေ တစ်ခုပါ။

မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင် ပါပါတယ် လေနည်းတယ် အထင်နဲ့ ရွက်ကိုတော့ ပြင်းပြင်းမလွင့်လိုက်ပါနဲ့။ တည်ငြိမ်ခြင်း ဆိုတာ မိန်းကလေး အိန္ဒြေလေ တန်ဖိုးသိ တဲ့သူက တန်ဖိုးထား လာပါ လိမ့်မယ်

ကိုယ်ကသာ ရတနာ တစ်ပါးဖြစ်ပါစေ ညီမလေးရေ။ ညီမလေးရေ ယောကျ်ားဆိုတာ ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ် နန်းကျ ဘုရင်ပဲဖြစ်ဖြစ် မြှောက်စားတာ ခံချင် ကြတယ်။

ကျားကြီးရဲ့ ဆရာဖြစ်ဖို့ ဆိုတာ ကြောင်တစ်ကောင်လို ညင်သာ တတ်မှဖြစ်မယ်။ ကမ္ဘာကျော်တဲ့ စစ်သူရဲ တစ်ယောက်တောင် အပြောချို တဲ့ အအိုချောကြောင့် ကမ္ဘာတစ်ဝက်ကို တက်သိမ် းဖူးတယ်လေ။

လေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာ ဘယ်လေကြမ်းကြောင့်မှ အမြစ် မကျိုးဘူး ပုခက်လွဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ် ဆို တဲ့နောက်မှာ ချိုသော စကားပြော တတ်တဲ့ နှုတ်ခမ်း တစ်စုံ လိုတယ် ညီမလေး။

ညီမလေးရေ ရင်ဘောင်တန်းတယ် ဆိုတိုင်း ခြေရာတော့ လိုက် မတိုင်းလေနဲ့။ ကြောင်ဘယ်လောက်ခြေရာကြီးကြီး ကျားကြီး ကိုတော့ ဘယ်မှီ မလဲ အသားစား သတ္တဝါ ချင်း တူပေမယ့် စကားအဆိုသာ

ကြောင်ဘယ်လောက်ခြေရာကြီးကြီး ကျားကြီးကိုတော့ ဘယ်မှီမလဲ အသားစားသတ္တဝါချင်းတူပေမယ့် စကားအဆိုသာ …..ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ

သဘာဝဘေး ဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ နစ်နာခြင်း မရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…။

ညီမလေးရေ များများဖတ်ပြီး ဝေဖန်ဆုံးဖြတ် နိုင်ပါစေ ဖတ်ပါ မှတ်ပါ လေ့လာပါ။ အစွန်းတစ်ဖက်တော့ မရောက်စေနဲ့ စာပေဆိုတာ လူဘဝအတွက် အလင်းစက် တစ်ခုပေါ့။

ညီမလေးရေ သစ်ရွက်တွေ ကြွေရုံနဲ့တော့ သစ်ပင်ကြီးမသေပါဘူး။ ကြယ်လေးတွေကြွေရုံ နဲ့လည်း ကောင်းကင်ကြီး မသေပါဘူး။

ပန်းပုတစ်ရုပ်လှဖို့ဆိုတာ ထွင်းထုတ်လိုက်ရတဲ့ အသားတွေ ရှိတတ် စမြဲ ပဲလေ။ လဲလို့သာ ပြန်မထကြရင် လူဆိုတာ တွားသွား သတ္တဝါ ဖြစ်ကုန်မှာပေါ့။

အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိ ပါတယ် အတိတ် ဆိုတာ ချခင်းထားတဲ့ေ ကာ်ဇောတစ်ချပ်သာမို့ ခပ်နာနာတစ်ချက် နင်းပြီး အနာဂ္ဂါတ်ကို စိတ်နဲ့ ပစ်ခွင်းလိုက်ပါ